Monday, November 18, 2019

ဘင်္ဂလားဒေ့ရှ်နယ်စပ်က ပြန်ဝင်လာသူများကို ကုလအထူး ကိုယ်စားလှယ် တံခါးပိတ်တွေ့ဆုံ

DVB
By DVB
18 November 2019



၂၀၁၇ အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားပြီးနောက် မြန်မာနိုငငံကို မိမိဆန္ဒအလျှောက်ပြန်လည်ဝင်ရောက်လာတဲ့ မိသားစုတွေကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စခရစ္စ တင်းရွှာနာဘာဂီနာက တွေ့ဆုံပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရွှာနာဘာဂီနာ ဦး aဆာင်တဲ့ကိုယ်စားလှယ်အဖွဲ့က ဒီမနက် မောင်တောမြို့သို့ ရောက်ရှိလာခဲ့ပြီးမောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ သီးသန့် တံခါးပိတ်တွေ့ဆုံခဲ့တာပါ။


အထူးကိုယ်စားလှယ်နဲ့အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုဝန် ကြီး ဦးစိုးအောင်နဲ့ တာဝန်ရှိသူတွေလည်း လိုက်ပါလာကြပြီး ကုလအ ထူးကိုယ်စားလှယ်နဲ့အဖွဲ့ဟာ အာ တာအာလောင် တောင်ပြိုလက်ယာ အုပ်ချုပ်ရေးမှူးဟောင်း အာတာအာလောင် အပါအဝင် ဟိန္ဒူ၊ အစ္စ လာမ်နဲ့ ဗုဒ္ဓဘာသာဝင် ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အထူးကိုယ်စားလှယ်နဲ့ အဖွဲ့ဟာ နိုဝင်ဘာ ၁၇ ရက်က ရန်ကုန်ကနေ စစ်တွေမြို့သို့ ရောက်ရှိလာပြီး ဒီကနေ့ မောင်တောမြို့နဲ့ ပေါက်တောမြို့တွေကို သွားရောက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ နိုင်ငံခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံးတွေမှာ လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်တွေ နဲ့ စွပ်စွဲပြီး တရားစွဲနေချိန်မှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့အဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး ရခိုင်ပြည်နယ်ကို ၇ ကြိမ်မြောက် ရောက်ရှိလာတာပါ။




ကောင်းကောင်း

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */