Monday, November 4, 2019

ထိုင်းနိုင်ငံက ၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
ခင်မောင်ညိန်း
2019-11-04
၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံမှာ ဘန်ကောက်မြို့မှာ ၂၀၁၉ နိုဝင်ဘာ ၃ ရက်နေ့ကကျင်းပစဉ်
Photo: Myanmar State Counsellor Office

                                          
၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စနေ- တနင်္ဂနွေ နှစ်ရက်က ကျင်းပခဲ့ပြီး နောက်ဆက်တွဲ ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်နေပါတယ်။

အာဆီယံ ထိပ်သီးညီလာခံလို့ ဆိုပေမယ့် အာဆီယံ မဟာမိတ်တွေဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန် စတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက်ရောက်ကြပြီး ညီလာခံပြင်ပမှာ သီးခြားဆွေးနွေးပွဲတွေ လုပ်လေ့ ရှိပါတယ်။ မနေ့က လည်း အာဆီယံ-အိန္ဒိယ၊ အာဆီယံ-တရုတ် စတဲ့ သီးခြားဆက်စပ်ဆွေးနွေး ပွဲတွေ လုပ် ကြ တယ်လို့ အိန္ဒိယနိုင် ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။ 
 
ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယ ဝန် ကြီးချုပ် မိုဒီတို့ သီးခြားတွေ့ဆုံ ကြရာမှာ ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံနဲ့ ၂ နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုပို အများကြီးအလေး ထားကြောင်း၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ တိုးတက် ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အိန္ဒိယနိုင်ငံက တစိုက်မတ်မတ် အားပေးကူညီ တာ တွေကို များစွာတန်ဖိုး ထားကြိုဆို ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယဝန်ကြီးချုပ်ကလည်း ၂ နိုင်ငံ  ကြား လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အဦတွေ တိုးတက်ရေး၊ မြန်မာ နိုင်ငံက လုံခြုံရေး တပ်ဖွဲ့ တွေနဲ့ စစ်ဖက်၊ အရပ်ဖက် အဖွဲ့ အစည်းတွေ အရေအသွေး တိုးတက်မြင့်မားရေးအတွက် ဆက်လက်ကူညီ သွားမယ့်အကြောင်း ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် ၂ နိုင်ငံ ပူးပေါင်ေးဆာင်ရွက်ရေး လုပ်ငန်းတွေအတွက် နယ်စပ်ဒေသ လုံခြုံအေး ချမ်းရေး ဟာ အရေးကြီးတာဖြစ်လို့ နယ်စပ်ဖြတ်ကျော်လှုပ်ရှားလေ့ရှိတဲ့ သူပုန်အင် အား စုတွေကို မြန်မာအစိုးရက လက်မခံဘဲ ဟန့်တားပေးတာကို ကျေးဇူးတင် အလေးထားကြောင်း ပြော ခဲ့တယ်လို့လည်း ဖော်ပြထား ပါ တယ်။

ညီလာခံ အပိတ် ကြေညာချက်မှာ အာဆီယံအဖွဲ့ ဥက္ကဋ္ဌက ၁၆ နိုင်ငံ ပါဝင်တဲ့ RCEP ဆိုတဲ့ ဒေသတွင်း ကုန် သွယ်ရေး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လာမယ့် ၂၀၂၀ ခုနှစ်အတွင်း လက် မှတ် ရေးထိုးကြမယ်လို့ ကတိကဝတ်ပြုကြတဲ့အတွက် ဝမ်းမြောက်စွာ ကြိုဆိုကြောင်း ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ ကုန်သွယ်မှု စစ်ပွဲကြောင့် အာဆီယံဒေသ စီးပွားရေး ဖွံ့ဖြိုးမှု နှုံးထားဟာ ၅ နှစ် အ တွင်း အနိမ့်ဆုံးကို ရောက်ရှိနေတယ်လို့လည်း အာဆီယံ အရာရှိတွေက ပြောပါတယ်။ ဒါကြောင့် ဒီသဘော တူညီချက်ကို စောစောစီးစီး လက်မှတ်ရေးထိုးကြဖို့ တရုတ်ပြည်က လိုလားတိုက်တွန်းနေပြီး၊ ညီလာခံ ရက် ပိုင်းမှာ အိန္ဒိယ ဝန်ကြီး ချုပ် မိုဒီ က ဒီကစ္စနဲ့ ပတ်သက်လို့ ဘာမှ ထုတ်မပြောဘဲ အိန္ဒိယ - အာဆီယံ စီးပွား ရေး ပူးပေါင်းဆောင်ရွက် မှုကိစ္စတွေကိုပဲ ပြောသွားလို့ ခေါင်းဆောင်တချို့က မကျေမခြမ်း ဖြစ်ကြတယ်လို့ လည်း သိရပါတယ်။

အိန္ဒိယ နိုင်ငံလို စီးပွားရေး တောင့်တင်းတဲ့နိုင်ငံ ပါဝင်ရင် ဒီအဖွဲ့ကို တရုတ်က တဖက်သတ် လွှမ်းမိုးသွားတာ ခံရဖို့အလားအလာ နည်းပါးသွားမယ်လို့လည်း အာဆီယံ အရာရှိတချို့က ပြောပါတယ်။ အခုညီလာခံကို အမေရိကန်က ထိပ်သီးခေါင်ေးဆာင်တွေ မလာရောက်ဘဲ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကိုသာ လွှတ်ခဲ့တဲ့ အတွက် တရုတ်က ပိုပြီး အင်အားပြ လွှမ်းမိုးသွားမှာကို အများက စိုးရိမ်ခဲ့ကြပါတယ်။

အာဆီယံခေါင်းဆောင်တွေက စီးပွားရေးကိစ္စတွေ တောင်တရုတ်ပင်လယ်ပြင်က နယ်မြေလုတဲ့ကိစ္စတွေကို အာရုံစိုက်ပြောဆိုနေကြချိန်မှာ ကုလ - အတွင်းရေးမှူးချုပ် ဂူတားရက်စ်ကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် မြန်မာနိုင်ငံအနေနဲ့ အပြုသဘောဆောင်တဲ့ လုပ်ငန်းတွေ ရှိခဲ့တာကို ကြိုဆိုကြောင်း၊ ဒါပေမဲ့ ရေရှည်ခိုင်မာတဲ့ ရလဒ်ကောင်း ပေါ်ထွက်လာနိုင်ဖို့ ထိရောက်တဲ့ တာဝန်ခံမှုတွေ ရှိလာဖို့ ပိုပြီးအလေးထား ကူညီဆောင်ရွက်သွားဖို့လိုကြောင်း ပြောသွားပါတယ်။

ထိပ်သီးညီလာခံကတော့ ပြီးသွားပါပြီ။ ဒါပေမဲ့ နောက်ဆက်တွဲ ဆက်စပ်ဆွေးနွေးမှုတွေ ဒီနေ့ ဆက်ပြီး ရှိနေ ဆဲမို့ ဘယ်လိုထူးခြားမှုတွေ ကြားရဦးမလဲဆိုတာ စောင့်မျှော်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */