" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, October 23, 2019

မြန်မာ့လူ့အခွင့်အရေး ကုလအထွေထွေညီလာခံ တတိယ ကော်မတီမှာ အပြန်အလှန်ပြောဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
23 အောက်တိုဘာ၊ 2019
မသိင်္ဂီထိုက်
ရိုဟင်ဂျာတွေ အပေါ် လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေ အတွက် နိုင်ငံတကာ ရာဇဝတ် ပြစ်မှုဆိုင် ရာ ခုံရုံး ဒါမှမဟုတ်လည်း နိုင်ငံတကာ ခုံရုံးတခု ဖွဲ့စည်းကြဖို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အ ထူး ကိုယ်စားလှယ် ယန်ဟီးလီက ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယ ကော်မတီမှာ တင်သွင်းသွား ပါတယ်။

မြန်မာ့ အခြေအနေကို နိုင်ငံတကာ တရားစီရင်ရေး စနစ်ထဲ လွှဲပြောင်းရေး ယန်ဟီးလီရဲ့ တိုက်တွန်းချက်ကို မြန် မာဘက်က အပြင်းအထန် ကန့်ကွက်လိုက်ပြီး အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ဒီကိစ္စ ရှောင်ရှား ကြဖို့ တိုက် တွန်းသွားပါတယ်။ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တတိယ ကော်မတီတွင်း မြန်မာ့လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆွေးနွေးမှုတွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

သူမကို ပြည်ဝင်ခွင့် ဆက်ပြီး ပိတ်ထားတဲ့ မြန်မာနိုင်ငံတွင်း သိသိသာသာ အခြေအနေ တိုးတက်လာတာ မရှိဘူးလို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူအခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ၇၄ ကြိမ်မြောက် ကုလ သမဂ္ဂ အထွေထွေ ညီလာခံရဲ့ လူမှုရေး၊ လူသားချင်း စာနာထောက်ထားမှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ တတိယ ကော်မ တီမှာ တင်သွင်းသွားတာပါ။ မြန်မာ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တနိုင်ငံလုံး အခြေ အနေကို ခြုံငုံပါဝင်ပေမယ့် အဓိက ကတော့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး မြန်မာကို နိုင်ငံတကာ တရား ဥပဒေတွေနဲ့ အညီ စီရင်နိုင်ရေး မြန်မာဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူ ယန်ဟီးလီက အဓိက တိုက်တွန်း သွားပါတယ်။

"ထူးခြားတဲ့ ဖြစ်ထွန်းမှုတခုကတော့ ပြီးခဲ့တဲ့နှစ်က လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရားကို စတင်နိုင်ခဲ့တာ ဖြစ်ပြီး အခု လုပ်ငန်းတွေ စတင်နေပါပြီ။ နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာ ခုံရုံး ICC က ရှေ့နေတွေ ကလည်း ဘင်္ဂလားဒေရှ့် မြန်မာ နယ်စပ်က ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးရေး စဖို့ ကြိုး စားနေကြပါတယ်။ ဂမ်ဘီယာ နိုင်ငံကလည်း လူမျိုးတုံးသတ်ဖြတ်မှု ဆိုင်ရာ သဘောတူ စာချုပ်အရ ICJ မှာ လုပ်ငန်းတွေ စတင်နိုင်ဖို့ သုံးသပ်နေပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံတွင်း ပြစ်ဒဏ်ကနေ ကင်းလွတ် ခွင့် ရနေတာတွေ အဆုံးသတ်နိုင်ရေး ရည်မှန်းချက် ရောက်ဖို့ကတော့ အဝေးကြီး လိုပါသေးတယ်။"

ဒီရည်မှန်းချက် ပြည့်မှီရေး အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုပြီးတော့ အားထည့်ဆောက်ရွက်ဖို့လည်း တိုက်တွန်းပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးကို အလေးမထားဘဲ မြန်မာနိုင်ငံတွင်း ကိုယ့် အကျိုး စီး ပွားကိုသာ ရှာနေကြတဲ့ အဖွဲ့ဝင် နိုင်ငံတွေကို စိတ်ဆိုး ဒေါသ ထွက်ရတယ်လို့ ယန်ဟီးလီက ပြောပါတယ်။

“ဆိုးရွားလှတဲ့ ချိုးဖောက်မှုကြီးတွေမှာ အများဆုံးတာဝန်အရှိဆုံး ဖြစ်တဲ့ တပ်မတော် အကြီးအကဲတွေနဲ့ တပ်မ တော် ကုမ္ပဏီတွေ အပေါ် ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ဖို့ ဝန်လေး မနေသင့်ပါဘူး။ ဒီအခြေ အ နေကြီး တခုလုံးကိုလည်း ICC ကို တင်ဖို့ ဒါမှမဟုတ်လည်း နိုင်ငံတကာ ခုံရုံးတခု ဖွဲ့စည်းဖို့၊ နောက် တရားမျှတမှု၊ အမှန်တရား၊ နစ်နာမှုတွေ အတွက် ပြုလုပ်ဆောင်ရွက်ဖို့နဲ့ ထပ်မဖြစ်စေဖို့ အာမခံချက် ရှိရေးဆိုတဲ့ခိုင်မာတဲ့ အ ချက်တွေနဲ့ အညီ အပြောင်းအလဲ ဖော်ဆောင်နိုင်မယ့် လုပ်ငန်းစဉ်တွေ ဖော်ထုတ်ရေး အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အတူ ဆောင်ရွက်ကြရပါမယ်။"

ကုလသမဂ္ဂ ဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ ယန်ဟီးလီရဲ့ အကြံပြုချက်ကို ကော်မတီမှာ အပြင်းအထန် ကန့်ကွက်ပါတယ်။

"မြန်မာနိုင်ငံဆိုင်ရာ အခြေအနေကို နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာ ခုံရုံး ICC ကို လွှဲပြောင်းဖို့ ဒါမှမ ဟုတ် လည်း နိုင်ငံတကာ ခုံရုံးတခု ဖွဲ့စည်းရေး သုံးသပ်ဖို့ အထူးအစီရင်ခံစာ တင်သွင်းသူရဲ့ အကြံပြုချက်ကို ပြတ်ပြတ် သားသား ပယ်ချပါတယ်။ ICC ဒါမှမဟုတ် ICJ တို့လို နိုင်ငံတကာ တရားစီရင်ရေး စနစ်မှာ မြန်မာနိုင်ငံရဲ့ အခြေ အနေကို လွှဲပြောင်းတာ အပါအဝင် ဆိုးရွားလှတဲ့ လုပ်ရပ်တွေကို တိုက်တွန်းနေတာဟာဆိုရင် ပြောင်းပြန် ရလဒ်တွေဘဲ ထွက်လာပါလိမ့်မယ်။ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြား ဆက်လက် ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ခိုင်မာ သေချာစေရေး အတွက် အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့လည်း ဒီလုပ်ရပ်တွေကို ရှောင်ကျဉ်ဖို့ လိုအပ်ပါ တယ်။ ရခိုင်ပြည်နယ်တွင်းက လူ့အခွင့်အရေးဆိုင်ရာ ဆိုးရွားတဲ့ ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ဆက်စပ်လို့လည်း ဘယ်လို မမှန်မကန် လုပ်ရပ်မျိုးကို မဆို တာဝန်ယူမှု တာဝန်ခံမှုကို ဆန့် ကျင်မှာ မဟုတ်ဘူးဆိုတာကိုလည်း မြန်မာဘက်က ထပ်ခါတလဲလဲ ပြောဆိုထားပြီး ဖြစ်ပါတယ်။"

ရခိုင်ပြည်နယ်တွင်းကနေ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရသူတွေကို စိစစ်ပြီး ပြန်လက်ခံမယ်လို့ မြန်မာ ဘက် က ပြောဆိုထားပေမယ့် ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကိုတော့ မြန်မာ အစိုးရက လက်မခံပါဘူး။ ဒါ့ အပြင် ရိုဟင်ဂျာတွေ နိုင်ငံသား ဖြစ်ခွင့်ကိုလည်း တည်ဆဲ ဥပဒေတွေ အရ စိစစ် ဆောင်ရွက်ရမယ်လို့ မြန်မာ ဘက်က ပြောဆိုထားတာပါ။ ရိုဟင်ဂျာ အဖြစ် အသိအမှတ်မပြုတာနဲ့ နိုင်ငံသား အာမခံချက် မရှိတာက ဒုက္ခ သည်တွေ ဌာနေပြန်ရေး အတွက် အဓိက အဟန့်အတား တခု ဖြစ်နေတာပါ။

ဘင်္ဂလားဒေရှ့်ဘက်ကလည်း ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်မယ့် အခင်းအကျင်းမျိုး မြန်မာဘက်က ဖန်တီး ပေးဖို့ လိုတယ်၊ ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေး အရေးယူဖို့ လိုတယ်ဆိုတာကို ကော်မတီမှာ ကုလသ မဂ္ဂ ဆိုင်ရာ ဘင်္ဂလားဒေရှ့် သံအမတ်ကြီးက အလေးအနက် ပြောဆိုခဲ့ပါတယ်။

"ရိုဟင်ဂျာတွေ အားလုံး မြန်မာနိုင်ငံတွင်းကို ဘေးကင်းလုံခြုံမှု ရှိရှိ ဆန္ဒအလျောက် ဂုဏ်သိက္ခာနဲ့ အညီ ပြန် နိုင် မယ့် အခြေအနေမျိုး ဖန်တီးပေးဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ ရိုဟင်ဂျာတွေက ကမ္ဘာကို အကြိမ်ကြိမ် ပြောဆိုနေတဲ့ အတိုင်းပါဘဲ ဘေးဒဏ်သင့်ရသူတွေနဲ့ ထိခိုက်သက်ရောက်ရတဲ့ လူမှုအသိုင်းအဝိုင်းတွေ အ တွက် လိုအပ်တဲ့ တရားမျှတမှု ရရှိရေးကို အလေးအနက်ထားပြီး စိတ်ချယုံကြည်ရတဲ့ လုပ်ငန်းစဉ်နဲ့ တာဝန် ယူမှု တာဝန်ခံမှုရှိရေး တောင်းဆိုချက်ကို မဖြေရှင်း ရသေးပါဘူး။"

ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယ ကော်မတီတွင်းမှာတော့ မြန်မာ့လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတာပါ။ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ် စားလှယ် ယန်ဟီးလီကတော့ မြန်မာနိုင်ငံတွင်း ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေ မပြင်သေးတဲ့ ကိစ္စ၊ လွတ်လပ် စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ စည်းရုံးခွင့်တွေကို ဒီဥပဒေတွေ အသုံးပြု ချုပ်ချယ်နေဆဲ ဖြစ်တယ်ဆိုတာ အပြင် ဘာသာရေး အရ လူနည်းစု ဖြစ်နေရသူတွေ အပေါ် ခွဲခြား ဆက်ဆံမှုတွေ ဆက်ရှိနေဆဲ ဖြစ်တယ်လို့လည်း ထောက်ပြပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် တွင်းမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ် AA ကြား ဖြစ် နေတဲ့ တိုက်ပွဲတွေက စစ်ရာဇဝတ်မှု ဖြစ်နိုင်ခြေ ရှိနေတယ်လို့လည်း ကော်မတီမှာ တင်သွင်းသွားပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */