" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, October 25, 2019

ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည်တွင် တာဝန် ရှိမရှိ အကဲဖြတ်ရန် ကုလသမဂ္ဂ တောင်းဆို

ဧရာဝတီ
ဧရာဝတီ
18 September 2019
ကုလသမဂ္ဂ စုံစမ်း စစ်ဆေးသူများသည် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ခြင်းမှ ရှောင်ရှားခဲ့ကြောင်း ပြောသည် / Reuters
 
 ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် ဒေါ်ဆောင်ဆန်းစုကြည်ကို ဥပဒေ ကြောင်းအရ အရေးယူနိုင်ခြင်း ရှိမရှိ ကျွမ်းကျင်သူများ၏ အကဲဖြတ်ချက် ရယူရန် ကုလသမဂ္ဂ စုံစမ်းစစ်ဆေး သူများက အင်္ဂါနေ့တွင် တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်အဆင့်အထိ တာဝန်ရှိသည်ကို ဆုံးဖြတ်ရန် ၎င်းတို့တွင် လုပ်ပိုင်ခွင့် မရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ထူထောင်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့က ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့အပိုင်း ရှိမရှိ ဆုံးဖြတ်တာဟာ ဥပဒေကိစ္စ ဖြစ်သွားပြီ” ဟု အချက်အလက် ရှာ ဖွေရေးအဖွဲ့ ဥက္ကဋ္ဌ မာဇူကီ ဒါရပ်စ်မန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သော ရက်စက် ကြမ်းကြုတ်မှုများနှင့် ပတ်သက်ပြီး ရာဇဝတ်ကြောင်းဆိုင်ရာ စွဲဆိုမှုများကို ပြင်ဆင်ရန် အဖွဲ့တခုကို လူ့အခွင့်အရေး ကောင်စီက မကြာသေးမီက ထူထောင်ခဲ့သည်။ ထိုအဖွဲ့ကို မြန် မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ ယန္တယား (IIMM) ဟု ခေါ်ပြီး ၎င်းတွင် ထိုအကျပ် အတည်းအတွင်း ဒေါ်အောင်ဆန်းစုကြည် မည်မျှတာဝန်ရှိသည်ကို ဆုံးဖြတ်နိုင်ခြေရှိသည်။

“သူ့ကို ဘယ်အတိုင်းအတာအထိ စွဲချက် တင်နိုင်တယ်ဆိုတာက အဖြေအမျိုးမျိုး ထွက်တဲ့ မေးခွန်း ဖြစ်နေ တယ်” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုနိုင်ခြေ ရှိမရှိ မေးမြန်းသောအခါ “ဒါက တရားရေး လုပ်ငန်းစဉ်က ကိုင်တွယ်ရမယ့် ကိစ္စဖြစ်ပါတယ်” ဟု သူက IIMM ကို ရည်ညွန်းပြောသည်။

မြန်မာ့တပ်မတော်၏ ၂၀၁၇ ခုနှစ် သြဂုတ်လက စစ်ဆင်ရေးများသည် လူမျိုးတုံး သတ်ဖြတ်မှုဖြစ်ကြောင်းအချက် အလက် ရှာဖွေရေးအဖွဲ့က လွန်ခဲ့သောနှစ်က သတ်မှတ်ခဲ့ပြီး တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် အပါအဝင် ထိပ်တန်းဗိုလ်ချုပ်များကို အရေးယူရန် တောင်းဆိုခဲ့သည်။

မီးလောင်နေသောရွာများမှ ဒုက္ခသည် ၇ သိန်း ၄ သောင်း ထွက်ပြေးရပြီး ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်း များသို့ သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ ညှဉ်းပမ်းနှိပ်စက်မှု သတင်းများကို ယူဆောင်လာခဲ့ကြသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရှိနေဆဲဖြစ်သော မွတ်ဆလင် ၆ သိန်းသည်လည်း ဆိုးရွားယို ယွင်းနေ သော အခြေအနေတွင် နေထိုင်နေရပြီး ပြင်းထန်သော လူမျိုးတုံး သတ်ဖြတ်မှု အန္တရာယ်နှင့် ရင်ဆိုင်နေရဆဲ ဖြကြောင်း တနင်္လာနေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၎င်းတို့တွင် အရာရှိများ၊ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ် မှုတွင် ပါဝင် သည် ဟု သံသယရှိသူများ ၁၅၀ ခန့်၏ လျှို့ဝှက် အမည်စာရင်း ရှိကြောင်း စုံစမ်းစစ်ဆေးသူများက ပြောသည်။

စုံစမ်း စစ်ဆေးသူများသည် မြန်မာနိုင်ငံ၏ ပထမဆုံး အပြည့်အဝ လွတ်လပ်သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအ နိုင် ရသည်အထိ နေအိမ်အကျယ်ချုပ်နေခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ခြင်းမှ ရှောင်ရှား ခဲ့ကြောင်း ဒါရပ်စ်မန်းက ပြောသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ အကူးအပြောင်းကို ဖြတ်သန်းနေသည် ဟူသည့် အချက်ကို စုံစမ်းစစ်ဆေးသူ များက ထည့်သွင်း စဉ်းစားကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ ပထမအကြိမ် အစီရင်ခံစာတွင် ဒေါ်အောင်ဆန်း စုကြည်ကို တိုက်ရိုက် တာဝန်ရှိခြင်းမှ ကင်းလွတ်စေခဲ့ကြောင်းလည်း သူက ပြောသည်။

စစ်တပ်၏ ၂၀၁၇ ခုနှစ် သြဂုတ်လက လုပ်ရပ်များကို ဒေါ်အောင်ဆန်းစုကြည် မသိသည်မှာ ဖြစ်နိုင်သော် လည်း ယခုနောက်ဆက်တွဲ ပြဿနာမှာ ၎င်းအနေဖြင့် ထိုပြဿနာများကို ကိုင်တွယ်ဖြေရှင်းမှု မရှိခြင်း ဖြစ် ကြောင်း သူက ပြောသည်။

“အရပ်သား အစိုးရက စစ်တပ်အပေါ် ထိန်းချုပ်ခွင့်မရှိတာ ထင်ရှားပါတယ်။ ဒါပေမယ့် အရပ်သား အစိုးရ အနေနဲ့ ဖွဲ့စည်းပုံအရ ကြီးမားတဲ့ တာဝန်ရှိနေတယ်” ဟု အချက်အလက် ရှာဖွေရေးအဖွဲ့၏ တခြားအဖွဲ့ဝင် တဦးဖြစ်သူ ခရစ်စတိုဖာ ဆီဒေါ့တီက ပြောသည်။

“ဒါမျိုးတွေ ဖြစ်နေလေလေ၊ အရပ်သား အစိုးရအနေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေအတွက် နိုင်ငံတ ကာ ရာဇဝတ်မှု တာဝန်က မလွတ်နိုင်လေလေ ဖြစ်လာမယ်” ဟုလည်း သူက ပြောသည်။မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်မရသော အချက်အလက် ရှာဖွေရေးအဖွဲ့သည် လာမည့်တပတ်တွင် ပြီးဆုံးမည့် လက်ရှိ ကျင်းပနေသော လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးအတွင်း တာဝန်ပြီးဆုံးမည်ဟု မျှော်လင့်ရသည်။ သို့သော် ယန်ဟီးလီသည် မြန်မာနိုင်ငံအခြေအနေကို ဆက်လက် စောင့်ကြည့်နေမည် ဖြစ်သည်။

မြန်မာနိုင်ငံ အခြေအနေသည် လွန်စွာ စိုးရိမ်ဖွယ် ဖြစ်ကြောင်းနှင့် အခြေအနေသည် သူနှင့် တခြားသူများက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အာဏာရပြီး လေးနှစ်တာလုံး မျှော်လင့်ခဲ့သည့် အတိုင်း မဟုတ်ကြောင်း မြန်မာ နိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ ယန်ဟီးလီက လူ့အခွင့် အရေး ကောင်စီအား ပြောကြားလိုက်သည်။

“ဒီနေ့တည်ရှိနေတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတော် အတိုင်ပင်ခံအနေနဲ့ လွတ်လပ်ပြီး ဒီမိုကရေစီရှိတဲ့ မြန်မာ နိုင်ငံကို တည်ဆောက်ဖို့ တိုက်ပွဲဝင်ခဲ့တဲ့ ဆယ်စုနှစ်တွေ တလျှောက်လုံးမှာ ရည်မှန်းခဲ့တဲ့ နိုင်ငံဖြစ်သလားလို့ ကျမ မေးချင်တယ်။ နိုင်ငံတော် အတိုင်ပင်ခံအနေနဲ့ မျက်စိကိုဖွင့်၊ နားထောင်၊ နှလုံးသားနဲ့ ခံစားဖို့ ကျေးဇူးပြု ပြီး အချိန်မတိုင်မီ သင့်ရဲ့ကျင့်ဝတ်သိက္ခာကို အသုံးပြုစေချင်တယ်” ဟု သူက ပြောသည်။

You may also like these stories:

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */