" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, October 13, 2019

ကော့ခ်ဘဇား ဒုက္ခသည်အရေး အရှုတ်အထွေး

အကုန်သိ
ဆောင်းပါးများ
12 October 2019

ရိုဟင်ဂျာဟု မိမိတို့ဘာသာ ခေါ်ဆိုကြသူများသည် ၂၀၁၇ခုနှစ် သြဂုတ်လ ၂၅ရက်နေ့တွင် မြန်မာနိုင်ငံ ရခိုင် မြောက်ဖျားမှ အစုအပုံလိုက်ထွက်ခွာသွားသည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နီးကပ်စွာတည်ရှိသော ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့ နယ် ၃ မြို့နယ်ရှိ မြန်မာနယ်ခြားစောင့်ရဲကင်း ၂၄ခုကို ( ၂၅၊ သြဂုတ် ၂၀၁၇ ) တွင် Arakan Rohingya Salvation Army , ARSA ( ယခင်အမည် ဟာရာခါ အယ်လ်ယာကင် Harakah al-Yaqin) ဘင်္ဂါလီအကြမ်းဖက်သမားတို့က တစ်ချိန်တည်း တစ်ပြိုင်တည်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် မိမိတို့ဖက်မှ ၇၁ဦး ကျဆုံးသည်။ တိုက်ခိုက်သူများတွင် အများစုသည် ဓါး၊ လှံ မျှသာကိုင်ဆောင်ကြသော်လည်း စနစ်ကျနသော ဦးစီးခေါင်းဆောင်မှုရှိသည်။ လူအနည်းငယ်သာရှိသော ရဲကင်းကို သာလွန်အင်အား အသုံးပြု၍ တိုက်ခိုက်သည့်အပြင်၊ စစ်ကူလာရောက်သူများအား ကြားဖြတ်ချေမှုန်းရန် ကြိုတင်ပြင်ဆင်ထား ခြင်းကြောင့် စစ်ဖက်ကျဆုံးသူများတွင် အရာရှိအဆင့်ထိပါဝင်နေကြောင်း တွေ့ရသည်။

ဒုက္ခသည်ဘင်္ဂါလီများ အစုအဝေးလိုက် စတင်ထွက်ခွာသွားသည့်နေ့မှာ ရခိုင်မြောက်ဖျားတွင် နယ်ခြားစောင့် ရဲကင်းများ တိုက်ခိုက်ခံရသည့်နေ့ဟု ဆိုနိုင်သည်။ ထိုနောက်ပိုင်း မြန်မာ့တပ်မတော်နှင့် လုံခြုံရေးတပ်များက နယ် မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် ဘင်္ဂါလီများအား အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ အစုအပုံလိုက် သတ် ဖြတ် ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းတို့ ကျူးလွန်သည်ဟု စွပ်စွဲချက်ထွက်ပေါ်သည်။

ထိုအတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC အပါအဝင် လူ့အခွင့်အရေးအဖွဲ့တို့က စစ်ရာဇဝတ်မှုဖြင့် တရား စွဲဆိုရန် အားထုတ်ခြင်း၊ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် United Nations fact-finding missions ( FFM ) အသီးသီးတို့က မြန်မာအစိုးရနှင့် တပ်မတော်တို့အပေါ် ပြစ်တင် စွပ်စွဲခြင်းများ ပြုလုပ် လျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှင့် ကုလသမဂ္ဂ အေဂျင်စီတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ ပူးတွဲဆောင်ရွက်လျှက်ရှိပါသည်။ ရခိုင်မြောက်ဖျား နေ ဘင်္ဂါလီတို့တွင် ကျွန်တော်တို့နိုင်ငံ၏ တည်ဆဲ ၁၉၈၂နိုင်ငံသားဥပဒေအရပင်လျှင် နိုင်ငံသား ပေး ရမည့်သူ သိန်းချီ ရှိနိုင်ပါသည်။ ထို့အတူ ၎င်းမြောက်ဖျားဒေသတွင် နေထိုင်သူ ရခိုင်သွေးချင်းတို့မှာ လူ ဦးရေ အလွန်နည်း သည်။ ပြန်ဝင်လာလျှင် သူတို့နှင့်အတူနေရမည့် မြို-ခမီစသည့် တိုင်းရင်းသားလူနည်းစု တို့နှင့် ရခိုင်တို့၏ ခံစားချက် ၊ ခေတ်အဆက်ဆက် သူတို့ကြုံတွေ့ခဲ့ရသည်များကို စဉ်းစားသင့်သည်။

ဘင်္ဂါလီဒုက္ခသည်အရေးသည် ချက်ခြင်းလုပ်-ချက်ခြင်းပြီးမည့် ကိစ္စမျိုးမဟုတ်ပေ။ ထို့ပြင် ကျွန်တော်များ နိုင်ငံ တော်နှင့် နိုင်ငံသားတို့အပေါ် အလွန်ပြင်းထန်သည့် အချက်အလက်များဖြင့် စွပ်စွဲလျှက်ရှိခြင်းကြောင့် သားစဉ် မြေးဆက် ဖြေရှင်းရတော့မည့် အသွင်ဆောင်နေသည်။
ထို့ကြောင့် ဘင်္ဂလားေ့ဒရှ်နိုင်ငံ ကော့ခ်ဘဇားဒုက္ခသည်စခန်းများတွင် ခိုလှုံလျှက်ရှိသော ဘင်္ဂါလီတို့ နှင့်ပတ်သက်၍ သိသင့် သိထိုက်သည်များရှိနေပြီး လတ်တစ်လော အရှုတ်အထွေးများကိုလည်း နားလည်သင့်သည် ဟု ယူဆပါသည်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */