မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ FFM မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေး မစ်ရှင်းတို့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ (Geneva, 17 September 2019)
နိုင်ငံတကာရာဇဝတ်ကျူးလွန်မှုတွေ ရှိနေတယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာစစ်တပ် အတွက် နိုင်ငံတကာ ဖိ အားပေးမှုဟာ အလုပ်ဖြစ်ကြောင်း FFM မြန်မာနိုင်ငံ ဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်း ဥက္ကဌ Mr. Marzuki Darusman က အင်္ဂါနေ့က ဂျီနီဗာ ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆို ခဲ့ ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူတို့စစ်တပ်က ဘာပဲလုပ်လုပ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တိုင် ပင်ပြောဆိုကြောင်း ပြောဆိုခဲ့တာနဲ့ပတ်သက်လို့လည်း ဆိုလိုရင်းအဓိပ္ပါယ်ကို တိတိကျကျရှင်းပြဖို့ Mr.Darusaman က မေးခွန်းထုတ်သွားပါတယ်။
စက်တင်ဘာလ (၁၇)ရက်နေ့က ဂျီနီဗာ ကုလသမဂ္ဂရုံးမှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း မအင်ကြင်းနိုင်က ဆက်လက် တင်ပြမှာပါ။
၄၁ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံ ထူးခြားချက်က နိုင်ငံတကာဥပဒေချိုး ဖောက်မှုတွေ ရှိနေ တယ်လို့ စွပ်စွဲခံထားရတဲ့မြန်မာနိုင်ငံအတွက် နိုင်ငံတကာဥပဒေနဲ့အညီ တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး ကုလသမဂ္ဂက ဘာတွေ ပြင်ဆင်နေသလဲဆိုတဲ့ အဆင့်တွေ ထွက်လာ ခဲ့တာဖြစ်ပါတယ်။
အင်္ဂါနေ့က လူ့အခွင့်အရေးကောင်စီညီလာခံမှာ နောက်ဆုံးအစီရင်ခံစာတင်သွင်းခဲ့တဲ့ FFM မြန်မာနိုင်ငံ ဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်းဟာ သူတို့တွေ့ရှိခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်း သတ်ဖြတ် ကျူးလွန်မှုဆိုတဲ့ အထောက်အထားအချက်အလက်တွေကို နိုင်ငံတကာတရားရုံးတွေက ကိုင်တွယ်စီ ရင်နိုင် ဖို့ အမှုတည်ဆောက်မယ့် IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ရေး ယန္တရား အဖွဲ့ ကို လွဲှဲပြောင်း ပေးခဲ့ပြီဖြစ်ကြောင်း မစ်ရှင်း ဥက္ကဌ Mr. Marzuki Darusman ကပြောခဲ့ပါတယ်။
“မြန်မာအတွက် ဖိအားပေးမှုဟာ အလုပ်ဖြစ်တယ်ဆိုတာ ကျနော်တို့ လုပ်ပြနိုင်ခဲ့တာဟာ အရေးကြီးပါ တယ်။ နိုင်ငံတကာ ဖိအားပေးမှုပါ။ အများပြည်သူသိအောင်အဆက်မပြတ် ချပြ အစီရင်ခံတဲ့ ပုံစံဟာ အလုပ် ဖြစ်တယ်ဆိုတာပါ။ ဒါကြောင့် လွတ်လပ်တဲ့ စုံစမ်းစစ်မှုတွေကနေ အများပြည်သူသိအောင် ထုတ်ပြန်တဲ့ အစီ ရင်ခံစာ နည်းလမ်းဟာ အရေးပါ ထိရောက်တဲ့ နည်းလမ်းအဖြစ် လူ့အခွင့်အရေးကောင်စီအနေနဲ့လည်း စဉ်း စားသင့်တယ်လို့ ကျနော်အကြံပြုချင်ပါတယ်။”
ဒါအပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားချက်နဲ့ပတ်သက်လို့ Mr. Darusman ကမေးခွန်း ထုတ် သွားပါတယ်။
“တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားတာက သူတို့ဘာပဲ လုပ်လုပ် နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ဆွေးနွေးတိုင်ပင်ကြောင်း ဆိုတာပါ။ အဲဒီအချက်က ဘာကိုဆိုလိုတာလဲ။ ပွင့်ပွင့်လင်းမေးချင်တာက ဒီအချက်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း သိအောင် လုပ်ပေးပါ။”
သူတို့နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ တပ်မတော်ရဲ့ စီးပွားရေးအကျိုးအမြတ် များဆိုတဲ့ အစီရင်ခံစာဟာ အတော် လေးထိရောက်ခဲ့ပြီး မြန်မာစစ်တပ်နဲ့ တိုက်ရိုက်ဒါမှမဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ ဆက်စပ်နေ တဲ့ နိုင်ငံတကာ ကုမ္ပဏီတချို့ရဲ့ စာရင်းတွေကို ဖေါ်ပြခဲ့ပြီးနောက် အဲဒီကုမ္ပဏီတွေဟာ သူတို့ FFM အဖွဲ့ကို ဆက်သွယ် တုန့် ပြန်လာရှိခဲ့သလို၊ တချို့လည်း မြန်မာနဲ့လုပ်နေတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ကြတယ်လို့ အဖွဲ့ဝင် တဦးဖြစ် တဲ့ Chris Sidoti က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ကျနော်တို့ ရခဲ့တဲ့ စစ်တပ်တွင်း အစီရင်ခံစာတခုဆိုရင် ဘယ်ကို တင်ပြတာလဲဆိုတာကို အတည်ပြုလို့ မရ နိုင်ပေမယ့်၂၀၁၂ -၂၀၁၃ ခုနှစ် တနှစ် အတွင်း ဒေါ်လာသန်း ၂၅၀ ကို တပ်မ တခုတည်း-အနောက်တိုင်း စစ် ဌာနချုပ်ကွပ်ကဲတဲ့ တပ်မတခုတည်းကိုပဲ ပေးခဲ့တယ်လို့ဆိုပါတယ်။ တကယ်လို့ ဒီအစီရင်ခံစာသာ မှန်ခဲ့မယ် ဆိုရင် ငွေပမာဏ ဘယ်လောက်ကြီးမား သလဲဆိုတာတွေ့ရမှာပါ။ ဒီငွေတွေ ဘယ်ရောက်သွားလဲ။ ဒီငွေေ တွဟာ တပ်မတော် အဆင့် မြင့်ခေါင်းဆောင်တွေရဲ့ အိတ်ကပ်တွေထဲ ရောက်သွားတာပါ။ အနည်းအ ကျဉ်း လောက်ပဲ အောက်ခြေ တပ်ဖွဲ့ဝင်တွေ ရကြတာပါ။ နောက်ဒီငွေတွေကို စစ်တပ်ရဲ့ စစ်ဆင်ရေးအတွက် ထောက်ပံ့ပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုစစ်ဆင်ရေးလုပ်မှ ငွေတွေ ရတဲ့အတွက်ကြောင့်ပါ။”
ရခိုင်ပြည်နယ် တခုတည်းကိုပဲကြည့်မယ်ဆိုရင် စစ်တပ်ဟာ နယ်မြေရှင်းလင်းရေး လုပ်ပြီးလူတွေကို မောင်း ထုတ်ပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတယ်ဆိုတာ တွေ့ရတယ်လို့ Chris Sidoti ကပြော ပါတယ်။ ရွာသစ်တွေ ထူထောင်တာ၊ လမ်းသစ်တွေ ဖောက်တာ၊ စစ်တပ် စခန်းအသစ်တွေ တည်ဆောက် တာ၊ ရိုဟင်ဂျာမဟုတ်သူတွေ အတွက် အိမ်တွေ ဆောက်ပေးတာ စတာတွေဟာ ရခိုင်ပြည်နယ် မြောက် ပိုင်းမှာ လူဦးရေနဲ့ လူနေမှုပတ်ဝန်းကျင် ပြောင်းလဲသွားဖို့ လုပ်ဆောင်တဲ့ အစီအစဉ်တွေထဲက တခုဖြစ် တယ် လို့လည်း သူက ဆိုပါတယ်။
ဒါအပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်၊ ဖိနှိပ်မှုတွေ ဖြေရှင်းနိုင်ခြင်းမရှိပဲ အချိန် ကြာလေလေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရအနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုမှာ တာဝန်ရှိသူတွေ အဖြစ်ကနေ ရုန်းထွက်နိုင်ဖို့ လမ်းမရှိလေ ဖြစ်လာနေကြောင်း Chris Sidoti က သတိပေးပြောဆို သွားပါ တယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ တာဝန်ရှိ သူတွေ အရေးယူနိုင်ရေး FFM က ချဉ်းကပ်ခဲ့တဲ့ နည်းလမ်းတွေကိုလည်း အဖွဲ့ဝင်ဖြစ်တဲ့ Radhika Coomaraswamy ကလည်း သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။
“သူတို့ကို ကျမတို့ တွန်းအားပေးနေတာက- တစ်- လုံခြုံရေးကောင်စီအနေနဲ့ ICC ကို အပြည့်အ၀ လွှဲပြောင်း ပေးဖို့ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို အတင်းအကျပ် မောင်းထုတ်ခဲ့မှုကို ICC က ကိုင်တွယ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ်လို့ လုံခြုံရေးကောင်စီမှာ အဓိကအင်အားကြီးနိုင်ငံတွေက ICC ကိစ္စ ကို ဆန့်ကျင်နေဆဲဖြစ်ပါတယ်။ ဒုတိယကတော့- နိုင်ငံတကာ ခုံရုံးပုံစံမျိုး ဖွဲ့စည်းဖို့ နည်းလမ်း တွန်းအား ပေးနေတာပါ။ ဒီနည်းလမ်းကို လုံးဝဆန့်ကျင်တာမျိုး မရှိပေမဲ့ ထောက်ခံဖို့ လိုအပ်နေပါတယ်။ ICJ နိုင်ငံတ ကာတရားရုံး နည်းလမ်းမှာတော့ ဂန်ဘီယာနိုင်ငံက ဦးစီးပြီး ဆောင်ရွက်နေပါတယ်။ ဒီကနေ့ဆိုရင် ဂန်ဘီ ယာ ရဲ့ တရားရေးဝန်ကြီးကနေ မြန်မာကိစ္စနဲ့ပတ်သက်လို့ သီးသန့်ဆွေးနွေးပွဲလုပ်ဖို့ရှိပါတယ်။ ICJ ရဲ့ လုပ် ပိုင်ခွင့်က လျော်ကြေးပေးမယ့် ကိစ္စကိုပဲ ကိုင်တွယ်မှာဖြစ်တယ်လို့ပဲ ပြောလို့ရမှာပါ။ ICC နိုင်ငံတကာ ရာဇ ဝတ်ခုံရုံးက ကိုင်တွယ်မယ့်ပုံစံနဲ့ မတူပါဘူး။ ညှင်းပမ်းနှိပ်စက်ခံရသူတွေအတွက် လျော်ကြေးငွေ ပေးဖို့ တရားရုံးက ဥပဒေနဲ့အညီ ဆုံးဖြတ်ပေးတဲ့ပုံစံမျိုး ICJ က ဆောင်ရွက်မှာဖြစ်ပါတယ်။”
မြန်မာကိစ္စ ICJ ကိုင်တွယ်စီရင်မှုမှာ အာဆီယံနိုင်ငံတွေအနေနဲ့ ပူပေါင်းပါဝင်သင့်ကြောင်း မြန်မာနိုင်ငံဆိုင် ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီက လည်း သတင်းစာရှင်းလင်းပွဲမှာ ပြော သွားပါတယ်။
“မြန်မာကိစ္စ ICJ ကိုလွဲှပြောင်းတဲ့ ပုံစံဟာ အာဆီယံ နိုင်ငံတွေအတွက် စံနမူနာတခုဖြစ်လာမှာပါ။ အခုကိစ္စ ဟာ မြန်မာတနိုင်ငံတည်းနဲ့ မဆိုင်တော့ပဲ ဒေသတခုလုံးနဲ့ သက်ဆိုင်လာပါတယ်။ အာဆီယံနိုင်ငံ အတော် များများမှာ ရိုဟင်ဂျာတွေ ရောက်ရှိနေကြပါတယ်။ ဒီတော့ မြန်မာဘက်က တာဝန်ခံမှု၊ တာဝန်ယူမှုရှိ လာ စေဖို့ ICJ က ကိုင်တွယ့်မယ့် ကိစ္စကို စံနမူနာအနေနဲ့ အာဆီယံနိုင်ငံတွေ ပူးပေါင်းပါဝင်သင့်ပါတယ်။”
အခုလို မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ FFM မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေး မစ်ရှင်းတို့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ နိုင်ငံတကာ တရားစီရင်မှုကို လက်ခံမှာ မဟုတ်သလို လူ့အခွင့် အရေးကောင်စီက လုပ်ပိုင်ခွင့်ပေးထားတဲ့ IIMM စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့နဲ့ လည်း ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

Link : Here
No comments:
Post a Comment