Monday, August 19, 2019

ရိုဟင်ဂျာ ဌာနေပြန်ရေး ဒီရက်ပိုင်း ပြန်စနိုင်မလား

VOA  
19 သြဂုတ်၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်ရေးက အချိန်မရွေး စနိုင်တယ်လို့ ဘင်္ဂ လားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန် Shahidul Haque က တနင်္ဂနွေနေ့က ဆွေးနွေးပွဲမှာ ပြော ဆိုကြောင်း ဘင်္ဂ လားဒေရှ့် သတင်းတွေမှာ ဖော်ပြကြပါတယ်။


ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်က သြဂုတ်လ ၂၂ ရက်နေ့မှာ စမယ်လို့ ရိုက်တာ သတင်းအေ ဂျင် စီက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖော်ပြခဲ့ပြီးနောက် သြဂုတ်လ ၂၂ ရက်နေ့မှာ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး တကယ်တန်း စဖြစ်မလားဆိုတာကို သတင်းထောက်တယောက်က မေးမြန်းတာကို ဘင်္ဂလားဒေရှ့် နိုင်ငံ ခြားရေး အတွင်းဝန်က တုံ့ပြန်ဖြေကြားခဲ့တာမှာတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေးက အချိန်မရွေး စတင် နိုင်ပြီး ဆောင်ရွက်နေဆဲ လုပ် ငန်စဉ် တရပ် ဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။

ရိုဟင်ဂျာ ပဋိပက္ခ ရှေ့ဆက်သွားရမယ့် နည်းလမ်း ဆိုတဲ့ ခေါင်းစဉ်နဲ့ Red and Green သုတေသန စင်တာက ဦး ဆောင် ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး အတွင်းဝန်က အခုလို ပြောဆိုခဲ့တာပါ။ မြန်မာနဲ့ ဘင်္ဂလားဒေရှ့်တို့က လာမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး ပြန်စဖို့ သေ ဘာတူထားကြောင်း ရိုက်တာ သတင်းက ကြာသပတေးနေ့တုန်းက ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူကတော့ မြန်မာဘက်က အတည်ပြုထားတဲ့ ဒုက္ခ သည် ၃၅၀၀ ကျော်ရှိပြီး သြဂုတ်လ ၂၂ ရက်နေ့မှာ စတင်ဖို့ သဘောတူထားတယ်လို့ အတည်ပြု ပြော ဆိုထားတာပါ။ ဘင်္ဂလားဒေရှ့်ဘက်က ဒုက္ခသည် ၂၂၀၀၀ ကျော်ရဲ့ အမည်စာရင်းတွေကို မြန်မာဘက်ကို ပေးပို့ထားတဲ့ အထဲမှာ မြန်မာဘက်က ၃၅၀၀ ကျော်ကိုသာ အတည်ပြုထားသေးတာ ဖြစ်ပါတယ်။ မြန်မာ ဘက်ကတော့ ထွက်ပြေးသူတွေကို လက်ခံမယ်လို့ ပြောဆိုထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အခုအချိန်ထိ လက်သင့်မခံသေးပါဘူး။ 


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */