Wednesday, July 24, 2019

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး ပြင်ဆင်မှု မလုံလောက် ဟု သြစတေးလျှ သုတေသနအဖွဲ့ ကြေညာ

VOA
 24 ဇူလိုင်၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ရိုဟင်ဂျာ ဒုက္ခသည်များ (ဒီဇင်ဘာ၊ ၂၅၊ ၂၀၁၇)

ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံဖို့ အသင့်ရှိကြောင်း မြန်မာအစိုးရက ပြောဆိုထားပေမဲ့ လက်တွေ့မှာ ပြင်ဆင်မှုတွေဟာ လုံလောက်မှု မရှိကြောင်း သြစတေးလျှ အခြေစိုက် သု တေသနအဖွဲ့တခုက ဂြိုဟ်တုဓာတ်ပုံ အထောက်အထားတွေနဲ့ ပြောဆိုလိုက်ပါတယ်။

မြန်မာတာဝန်ရှိသူတွေက ဒုက္ခသည်တွေကို ပြန်လည်နေရာချထားပေးဖို့ ကတိပေးထားပေမဲ့ ပြန်လည် တည် ဆောက် ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အရိပ်လက္ခဏာ မတွေ့ရသလို တချို့ဒေသတွေမှာ အရပ်ဘက် အဆောက်အဦးတွေ ဖျက်ဆီးခံနေရတာတွေ ရှိနေဆဲဖြစ်ကြောင်း သြစတေးလျှ မဟာဗျုဟာ မူဝါဒရေးရာ ဌာန (ASPI) က မနေ့နှောင်းပိုင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ကနေ ဒီနှစ်ထဲအထိ လူနေအရပ်တွေ ဆက်လက် ဖျက်ဆီးခံနေရတာတွေကို ဂြိုဟ်တုဓာတ်ပုံတွေ ကို ဆန်းစစ်လေ့လာချက်တွေအရ တွေ့ရှိခဲ့ရပြီး ဒါဟာ ဒုက္ခသည်တွေ သိက္ခာရှိရှိ ဘေးအန္တရာယ်ကင်းကင်း နေရပ်ပြန်နိုင်ဖို့ မြန်မာအစိုးရက ပေးထားတဲ့ ကတိအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေရကြောင်းလည်း အစီရင် ခံစာ ပြုစုသူတဦးဖြစ်တဲ့ Nathan Ruser ကပြောပါတယ်။

၂၀၁၇ ခုနှစ်ကစလို့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးအတွက် တိုးချဲ့မှုတွေ တွေ့ခဲ့ရပြီး တချိန်က ရိုဟင်ဂျာတွေ နေ ထိုင် ရာနေရာတွေမှာ စစ်စခန်းတွေလို့ ယူဆရတဲ့ အဆောက်အဦး ခြောက် ခုကို တွေ့ရှိရကြောင်းလည်း ASPI ရဲ့ အစီ ရင်ခံစာမှာ ဖော်ပြထားတာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန် လည်လက်ခံဖို့ အသင့်ရှိနေကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ် ကုလသမဂ္ဂ အေဂျင်စီတွေနဲ့လည်း သီးခြား သဘောတူ ညီ ချက်တွေ ရေးထိုးထားကြောင်း ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံလည်း အဖွဲ့ဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ရဲ့ ကပ်ဘေးဒဏ်စီမံခန့်ခွဲရေးဌာနက ပြုစုတဲ့ အစီရင်ခံစာ တစောင်မှာတော့ ဒုက္ခသည်တွေ စနစ်တကျနဲ့ နေရပ်ပြန်နိုင်ရေး မြန်မာ အစိုး ရရဲ့ ကြိုးပမ်းမှုတွေကို ချီးကျုးခဲ့တာပါ။

ဒါပေမဲ့လည်း ကုလသမဂ္ဂ တာဝန်ရှိသူတွေကတော့ ရခိုင်ပြည်နယ်က အခြေအနေဟာ ဒုက္ခသည်တွေ နေ ရပ်ပြန်နိုင်လောက်အောင် အဆင်သင့် မဖြစ်သေးကြောင်း ပြောဆိုထားပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */