" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 11, 2019

တန်းတူခွင့် မြန်မာအစိုးရဆောင်ရွက်မှု ကုလကိုယ်စား လှယ် မယုံကြည်

VOA
 ဗွီအိုအေ (မြန်မာပိုင်း)
11 မတ်၊ 2019
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Yanghee Lee


မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်လို ပဋိပက္ခတွေရှိတဲ့နေရာတွေမှာ လူတိုင်း တန်းတူအခွင့်အရေးခံစားနိုင်ဖို့ အစိုးရကဆောင်ရွက်နေတယ်လို့ သူ မယုံကြည်ဘူးလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စား လှယ် Yanghee Lee ကပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဆက်ဖြစ်နေဆဲဖြစ်တဲ့ လူ့အခွင့်အရေးဖိနှိပ်မှုနဲ့ လူသားချင်းစာနာစရာ ပြဿနာကို အစိုးရ က လုံးဝအရေးမကြီးတဲ့ပုံလုပ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်ကြဖို့ ဖိတ်ခေါ်ခဲ့တဲ့ကိစ္စကို အထူးကိုယ်စား လှယ် Yanghee Lee ကလူ့အခွင့်အရေးကောင်စီမှာ ဒီကနေ့ မြန်မာနိုင်ငံအကြောင်း ဆွေးနွေးပွဲမှာ ပြောကြား သွား တာဖြစ်ပါတယ်။

စီးပွားရေးဆိုင်ရာ မူဝါဒတွေ၊ ဥပဒေတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံ ရသူ အားလုံးကို အစိုးရက အကာအကွယ်ပေးရမယ့် တာဝန်ရှိပေမယ့် မြန်မာအစိုးရက ဒီတာဝန်ကို ကျေအောင်မလုပ်ဘူးလို့သူက ပြောသွားပါတယ်။ မြေလွတ်မြေရိုင်း ဥပဒေကြောင့် ကျေးလက်ဒေသတွေမှာ လူပေါင်း ထောင်နဲ့ချီ တရားစွဲ ခံရမယ့် အန္တ ရာယ် နဲ့ ရင်ဆိုင်နေကြရတာကိုလည်း ဆွေးနွေးပွဲအဖွင့်မှာပဲ သူက ပြောကြားသွားပါတယ်။

ဒါ့အပြင် အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေကြား အပြစ်အခတ်ရပ်ဆဲဖို့ လက်မှတ်ထိုးထားပေမယ့် ရှမ်း ပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေတဲ့ ကိစ္စနဲ့ တိုက်ပွဲကြောင့် အရပ်သားအမြောက် အများ အိုးအိမ်ပစ် စွန့်ခွာထွက်ပြေးနေရတဲ့ အခြေအနေကိုလည်း လူ့အခွင့်အရေးကောင်စီကို တင်ပြသွား ပါတယ်။ တိုက် ခိုက်နေကြတဲ့ ၂ ဖက်လုံးအနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ ရန်လိုမှုတွေကို အဆုံးသတ်ဖို့လည်း သူကတောင်းဆိုသွားပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့လည်း နိုင်ငံတကာရာဇဝတ် တရားရုံး ICC မှာ စစ်ဆေးသင့်တယ်လို့လည်း Yanghee Lee က ဒီကနေ့ ထပ်ပြီးပြောကြားသွားပါတယ်။ မြန်မာ နိုင်ငံဆိုင်ရာ သူ့ရဲ့ အစီရင်ခံစာထဲမှာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံး လာနေ တယ်လို့ ထောက်ပြထားပါတယ်။

အစိုးရနဲ့ပတ်သက်လို့ ထောက်ပြချက်တွေ၊ ဝေဖန်ချက်တွေကို ပြောဆို ဖော်ပြရင် အရေးယူခံရမှာ စိုးရိမ်လို့ သ တင်းထောက်တွေ ဖက်က ကိုယ်တိုင် ကြိုတင်တည်းဖြတ်ပြီး အန္တရာယ်ဖြစ်နိုင်တဲ့ သတင်းဖော်ပြချက်တွေ မလုပ်တာ များလာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံ တဲ့ မြန်မာအစိုးရကိုယ်စားလှယ်ကတော့ Yanghee Lee ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အသိအမှတ် မပြုကြောင်းနဲ့ အထူးကိုယ်စားလှယ်သစ် ခန့်အပ်ဖို့ တင်ပြဆွေးနွေးသွားပါတယ်။

Link: Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */