" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 11, 2019

ICC မလွဲှနိုင်ရင် နိုင်ငံတကာခုံရုံးသစ်ဖွဲ့ဖို့ ကုလကိုယ် စားလှယ် တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
ကျော်ကျော်သိန်း၊
11 မတ်၊ 2019
မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇဝတ်တရားခုံရုံး ICC ကို လွှဲပြောင်းရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့် အရေး အခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး Yang Hee-lee က ပြောသွားပါတယ်။ အဲဒီလိုမှ မဖြစ်နိုင်ဘူးဆိုရင် သီးခြား လွတ်လပ်တဲ့ နိုင်ငံတကာ တရားခုံရုံးတခု ထူထောင်ဖို့ နိုင်ငံတကာကို တိုက်တွန်း သွားပါတယ်။ မြန်မာနိုင်ငံ ဘက်ကတော့ ဒီလို တောင်းဆိုတာမျိုးတွေကို လက်ခံမှာမဟုတ်ဘူးဆိုပြီး ပယ်ချပါ တယ်။တနင်္လာ နေ့ကလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြိမ် ၄၀ မြောက် ပုံမှန်အစည်း အဝေး အတွင်း အဲဒီလို ပြောဆိုသွားကြတာပါ။ ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေ အရပ်ရပ်နဲ့ပတ်သက်ပြီး ဂျီနီဗာအခြေစိုက် လူ့အခွင့်အရေး ကောင်စီ အစည်း အဝေးမှာ ပါမောက္ခ ယန်ဟီးလီက တင်ပြတဲ့ထဲ မြန်မာနိုင်ငံအခြေအနေကို ICC ကို လွှဲပြောင်းရေး ထပ်ပြီး တိုက်တွန်း ပြောဆို သွားတာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရတဲ့ ရာဇဝတ်မှုတွေအတွက် ကနဦး လေ့လာဆန်းစစ်ဖို့ ICC ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုသွားရောက်ခဲ့တာကို သူ သတိပြုမိတဲ့ အ ကြောင်းနဲ့ ဒီကိစ္စ ရှေ့ဆက်လုပ်ဆောင် နေတဲ့အပေါ် ကျေနပ်မိတယ်လို့ ပါမောက္ခ ယန်ဟီးလီ ကပြော ပေမယ့် ICC ကို လွှဲပြောင်းရမယ်ဆိုတာ ထပ်ပြီး တင်ပြသွားတာပါ။

“မြန်မာနိုင်ငံအခြေအနေကို လုံခြုံရေးကောင်စီ ဒါမှမဟုတ် နိုင်ငံတနိုင်ငံ ဒါမှမဟုတ် နိုင်ငံအများပါတဲ့ အစု တစုက ICC ကို လွှဲပြောင်းရမယ်ဆိုတာ ကျမ အခိုင်အမာ ယုံကြည်ဆဲပါ။ ICC ကို လွှဲပြောင်းဖို့ မဖြစ်နိုင် ဘူးဆိုရင် သီးခြားလွတ်လပ်တဲ့ တရားခုံရုံး တခုကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထူထောင်သင့်ပါ တယ်။”

ရခိုင်ပြည်နယ်က မွတ်ဆလင် လူနည်းစုတွေကိုယ်တိုင်က သူတို့ကိုယ်သူတို့ခေါ်ဆိုတဲ့ ရိုဟင်ဂျာဆိုတာကို ကုလ သမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံ ပြောဆိုပေမယ့်လည်း မြန်မာအစိုးရကတော့ အဲဒီလိုခေါ်ဆိုတာကို အသိအမှတ်မပြုပါဘူး။

အဆိုးရွားဆုံး နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာဥပဒေကို ၂၀၁၁ ခုနှစ် ကတည်းက မြန်မာနိုင်ငံမှာ ချိုးဖောက်လာခဲ့တယ် လို့ စွပ်စွဲထားတဲ့ အထောက်အထားတွေ ကို ကောက်ယူ စုဆောင်းဖို့ဆိုပြီး သီးခြား လွတ် လပ်တဲ့ အဖွဲ့တဖွဲ့ ထူထောင်ဖို့ လူ့အခွင့် အရေးကောင်စီက ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ ဆုံးဖြတ်ထားပါတယ်။

အဲဒီအဖွဲ့ကို ထူထောင်ရတာဟာ မြန်မာအစိုးရက တာဝန်ယူမှု တာဝန်ခံမှု မလုပ်ချင်၊ လုပ်နိုင်စွမ်း မရှိဘူးဆို တာ အကြောင်းတခု ဖြစ်တယ်လို့ ပါမောက္ခ ယန်ဟီးလီက သတိပေးသွားပြီး အဲဒီအချက်ကြောင့် မြန်မာနဲ့ နိုင်ငံတ ကာ ပေါင်းစပ်ထားတဲ့ အဖွဲ့မျိုးကို သူ့ အနေနဲ့ ထောက်ခံအကြံပေးမှာ မဟုတ်ဘူးလို့လည်း ပြော သွားပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်ခံထားရသူတွေ အဲဒီ သီးခြားလွတ်လပ်တဲ့အဖွဲ့နဲ့ ဆက်သွယ် ပြောဆိုနိုင်ဖို့အတွက် သူတို့လိုအပ်တာ တွေကို ကူညီဖို့လည်း ပါမောက္ခ ယန်ဟီးလီက နိုင်ငံတကာအသိုင်းအဝန်းကို ထပ်ပြီး တိုက် တွန်းသွားပါတယ်။

“သီးခြားလွတ်လပ်တဲ့အဖွဲ့နဲ့ ဆက်သွယ်ပြောဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ အတွက် ကြား ကာလ အရေးပေါ် အကူအညီတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ပေးရပါမယ်။ အဲဒါမှသာ ဒီအဖွဲ့နဲ့ သူတို့ ဆက်သွယ်နိုင်မှာဖြစ်ပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေး လုပ်ငန်းစဉ်တလျှောက် အထောက် အပံ့တွေ ရကြမှာပါ။ သူတို့ကို အကာ အကွယ်ပေးပြီး အသက်မွေး ဝမ်းကျောင်း၊ ပညာရေး၊ ကျန်းမာရေး၊ စိတ်ကျန်း မာရေး၊ ထိခိုက်ခံစားရမှုပိုင်းနဲ့ ဥပဒေရေးရာပိုင်း ကူညီ စောင့်ရှောက် ထောက်ပံ့မှု တွေပေးရပါမယ်။”

မြန်မာနိုင်ငံအခြေအနေကို ICC မှာ လွှဲပြောင်းစစ်ဆေးဖို့ ပြောဆိုနေတာတွေအပေါ် မြန်မာအစိုးရဘက်က အစဉ်တစိုက် ကန့်ကွက်ထားသလိုပဲ အခုအစည်းအဝေးမှာလည်း ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးကျော်မိုးထွန်းက အပြင်းအထန် တုံ့ပြန်ပြောဆိုပါတယ်။

“မြန်မာနိုင်ငံ အခြေအနေကို ICC ကို လွှဲပြောင်းဖို့ ဘယ်လို တောင်းဆိုတာမျိုးကိုမှ ကျနော်တို့ လက်မခံပါ ဘူး။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ကို မြန်မာအစိုးရက ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ဖွဲ့စည်း ထားပါတယ်။ တာဝန် ယူမှု တာဝန်ခံမှု ပိုင်းဆိုင်ရာကို ကိုင်တွယ်ဖို့ ကြိုးပမ်းချက် တစိတ်တပိုင်းအနေနဲ့ ရခိုင်ပြည်နယ်မှာ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို ကော်မရှင်က စုံစမ်းစစ်ဆေးသွားမှာပါ။ တာဝန်ယူမှုတာဝန်ခံမှုပိုင်းကို အစိုးရအနေနဲ့ လုပ်ဆောင်ချင်သလို လုပ်ဆောင်နိုင်စွမ်းလည်းရှိပါတယ်။”

ဒါပေမယ့်လည်း ပါမောက္ခ ယန်ဟီးလီကတော့ ICOE ဟာ မြန်မာအစိုးရဆီက အထောက်အပံ့ရယူူထားပြီး တာဝန်ယူမှု တာဝန်ခံမှု ပိုင်းအတွက် လုပ်ဆောင်ဖို့မဟုတ်ဘူးဆိုတဲ့အချက်တွေကို ထောက်ပြပြီး ဒီကော်မ ရှင်ဟာ သီးခြားလွတ်လပ်ပြီး ဘက်မလိုက်တဲ့ ကော်မရှင်တခုဖြစ်ဖို့ သတ်မှတ်ချက်တွေနဲ့ မပြည့်မီဘူးလို့ တုန့်ပြန်ပြောဆိုသွားပါတယ်။

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ တင်ပြချက်ထဲမှာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း အထူးစုံစမ်းစစ်ဆေးရေး မှူးရဲ့ မြန်မာ နိုင်ငံခရီးစဉ်တွေကို စီစဉ်ပေးခဲ့သလို ပါမောက္ခ ယန်ဟီးလီနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဖြစ်နိုင်သမျှ အပြည့်ဝဆုံး လုပ်ဆောင် ခဲ့တယ်ဆိုတာ ပြောပေမယ့် လွှတ်တော်က ဆုံးဖြတ်ချက်ချထား တဲ့ အတွက် ဆက်ပြီး ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်ဘူးလို့ ပြော သွားပါတယ်။

“လိုက်နာလုပ်ဆောင်ရမယ့် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာလုပ်ဆောင်ဖို့ သူပျက်ကွက်ခဲ့တာ ကြောင့် လူထုကြားမှာ ဆန့်ကျင်မှုတွေဖြစ်စေခဲ့ပြီး သူ့ကိုဝင်ခွင့်မပေးဖို့ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ လွှတ်တော်က တညီတ ညွတ်ထဲ ဆုံးဖြတ်တဲ့အထိ ဖြစ်သွားပါတယ်။ ဒါကြောင့် လက်ရှိ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင် ရွက်မှုကို ဆက်မလုပ်ဖို့ ကျနော်တို့ လိုက်နာရမယ့်တာဝန်ရှိပါတယ်။ အထူးကိုယ်စားလှယ်အသစ်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ကျနော်တို့ မျှော်လင့် စောင့်ဆိုင်းနေပါ တယ်။”

ပါမောက္ခ ယန်ဟီးလီက မြေလွတ်မြေရိုင်းဥပဒေကြောင့် အထူးသဖြင့် ကျေးလက်ဒေသတွေမှာ အခက်ကြုံ နေရတာတွေ၊ မြန်မာ စစ်တပ်က ထူထောင်ထားတဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေးကော်ပို ရေးရှင်းတို့က သယံဇာတ တူးဖော်ရေး လုပ်ငန်းအပါအဝင် စီးပွားရေးကဏ္ဍအသီးသီးမှာ ကျယ် ကျယ်ပြန့်ပြန့် ပါဝင်လုပ်ဆောင်နေတာ၊ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်ဘက် တွေက အခြေအနေတွေ စသည် အားဖြင့် ကိစ္စရပ်အများအပြားကို တင်ပြသွားပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ဒုက္ခသည်တွေထဲက အရေအတွက် ၂၃,၀၀၀ ကို Bhashan Char ကျွန်းကို ဧပြီလမှာ ရွှွေ့ ပြောင်းဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ထားတဲ့အပေါ် အထူးစိုးရိမ်တဲ့အကြောင်းနဲ့ အဲဒီကျွန်းဟာ လူနေလို့ရတဲ့နေရာမဟုတ်တာ ကြောင့် အကျပ်အတည်းအသစ်တခု ထပ်ပြီးဖြစ်လာနိုင်ခြေ ရှိတယ်လို့လည်း သတိပေးသွားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */