" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, March 3, 2019

ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ် သက်သည့် တိုင်ကြားစာ ၄၀ ကျော် ရရှိထား

Frontier
MYANMAR
Saturday, March 02, 2019
  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂ အစည်းအဝေး၌ ရှင်းလင်းပြောကြားနေစဉ်။ ဓာတ်ပုံ-Supplu

၂၀၁၇ ခုနှစ်၊ သြဂုတ်လနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည် ဟု စွပ်စွဲချက်များနှင့် ပတ်သက်ပြီး တိုင်ကြားစာ ၄၀ ကျော်ကို လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် က ရရှိထားဟု မြန်မာအစိုးရက ပြောကြားသည်။

လူပေါင်း ၇၀၀,၀၀၀ ခန့် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ထွက်ပြေးသွားစေခဲ့သည့် မြန်မာစစ်တပ်၏စစ်ဆင်ရေးများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာ မူဆလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ သတ်ဖြတ်မှုနှင့် အဓမ္မပြုကျင့်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာ တရားရုံး (ICC) သို့ လွှဲပြောင်းနိုင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ် စားလှယ်အဖွဲ့ မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံများသို့ ၂၀၁၈ ခုနှစ်၊ မေလက လာရောက်ခဲ့ပြီးနောက်စွပ်စွဲမှုများအား လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် မြန်မာအစိုးရကို အကြံပြုခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံသား အဖွဲ့ဝင်နှစ်ဦးနှင့်အတူ နိုင်ငံတကာမှနှစ်ဦး ပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ထိုနှစ်ဇူလိုင်လတွင် မြန်မာအစိုးရက ဖွဲ့စည်းပေးခဲ့သည်။

“လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်များကို တိုင်ကြားကြရန် ကော်မရှင်က ပြည်သူလူထုသို့ အတိ အ လင်း ဖိတ်ခေါ်ခဲ့ပြီး၊ စွပ်စွဲချက်များ တင်သွင်းရန် နေ့ရက်ကိုလည်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါ ရီလ ၂၈ ရက်သို့ ရွှေ့ဆိုင်းခဲ့ပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ကုလသမဂ္ဂ၌ ကျင်းပသည့် အစည်းအဝေး၌ ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၉ နိုင်ငံဖြစ်သော ဘယ်လ်ဂျီယံ၊ ဒိုမီနီကန် ရီပတ်ဘလစ်၊ ပြင်သစ်၊ ဂျာမနီ၊ ကူဝိတ်၊ ပီရူး၊ ပိုလန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့၏ တောင်းဆိုချက်အရ မြန်မာနိုင်ငံအခြေအနေ ခေါင်းစဉ်ဖြင့် တံခါးဖွင့် ရှင်းလင်းပွဲအား ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီခန်းမ၌ ကျင်းပခဲ့စဉ် ၎င်းကပြောကြားခြင်းဖြစ်သည်။

ထိုအစည်းအဝေးသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စ တင်းရှာရတ်နာဘာဂင်နာလည်း တက်ရောက်ခဲ့သည်။

“လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်များ ကို ခိုင်မာသည့် သက်သေအထောက်အထားများပေါ်တွင် အခြေခံ၍ စုံစမ်းစစ်ဆေးမည် ဖြစ်ပါသည်။ သို့အတွက် အချက်အလက်များကို စုဆောင်းကာ ကော်မတီခွဲတစ်ရပ် တည်ထောင်၍ သက်သေအထောက် အထားများကို သုံးသပ်သွားမည် ဖြစ်ပါသည်” ဟုလည်း မြန်မာသံအမတ်ကြီးက ပြောကြားသည်။

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ ဥပဒေ၊ မှုခင်းဆေးပညာနှင့် ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ စသည်တို့နှင့် ပတ်သက်၍ ပြင်ပကျွမ်းကျင်သူများထံမှ အကူအညီများ တောင်းခံလျက်ရှိကြောင်းနှင့် ကော်မ ရှင်အဖွဲ့ဝင်တစ်ဦးစီက အထောက်အကူပြု ဝန်ထမ်းများနှင့် ကျွမ်းကျင်သူများ ခန့်အပ်သွားမည်ဖြစ် သည် ဟုလည်း ၎င်းကပြောသည်။

ကော်မရှင်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇားရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ ကျူးလွန်ခံ ရ ကြောင်း စွပ်စွဲထားသူများနှင့် တွေ့ဆုံနိုင်ရန် စီစဉ်နေသည်ဟုဆိုသည်။

ထို့ကြောင့် ကော်မရှင်၏ ခရီးစဉ်ကို ခွင့်ပြုပေးရန် ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းလိုကြောင်း၊ ကော်မရှင်၏ လုပ်ငန်းသည် သက်သေအထောက်အထားကို အခြေခံကြောင်း၊ သို့အတွက် နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ကော်မရှင်၏ လုပ်ငန်းကို ထောက်ခံသင့်ကြောင်းလည်း သံအမတ်ကြီးက ပြောသည်။

“ကော်မရှင်အနေဖြင့် ကြားဖြတ်အစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးသို့ မတ်လတွင် တင်သွင်းရန်ရှိပြီး၊ အပြီး သတ် အစီရင်ခံစာကို ယခုနှစ်ကုန်တွင် တင်သွင်းမည် ဖြစ်ပါသည်” ဟု ၎င်းကပြောသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */