Sunday, March 3, 2019

မြောက်ဦးခရိုင် မြောက်ဦးမြို့နယ်အတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ၈၆ ဦး နုတ်ထွက်ခြင်းနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကျင်းပ

 စစ်တွေ မတ် ၂

မြောက်ဦးခရိုင် မြောက်ဦးမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ၈၆ ဦး နုတ်ထွက်စာတင်ခြင်း၊ ပြည်နယ် အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် စစ်တွေမြို့ရှိ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေး အောင်က ယနေ့ရှင်းလင်းပွဲသည် မြောက်ဦးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၈၆ ဦး နုတ်ထွက် စာတင် သည့် ကိစ္စနှင့်စပ်လျဉ်း၍ ဌာနဆိုင်ရာများအနေဖြင့် လုပ်ထုံးလုပ်နည်းများ လွဲမှားကာ လုပ်ငန်းများ ဆောင် ရွက်ခဲ့သလိုလို ပြင်ပမီဒီယာလောကမှာ တွေ့ရှိနေရသည့် အနေအထားများကို ရှင်းလင်းရန်အတွက် ယခုလို တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ လက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်နေသည့် ကိစ္စများနှင့်ပတ်သက်၍ မီဒီယာ များကလည်း အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ အချို့နေရာများ တွင် မိုင်းပေါက်ကွဲမှုဖြစ် စဉ် များ၊ သေနတ်ဖြင့်ချောင်းမြောင်းပစ်ခတ်၍ အပြစ် မရှိသောပြည်သူများ သေဆုံးရသည့်ဖြစ်စဉ်များ၊ မည် သည့် လက်နက်ကိုင်အဖွဲ့ အစည်းဟု မသိရသော လူများက ဖမ်းဆီးခေါ်ဆောင်သွားခံရမှုများ၊ အစိုးရအဖွဲ့ က တာဝန်ယူဖြေရှင်းနေရသည့် တိုက်ပွဲရှောင်ဒုက္ခသည်များ၊ ¤င်းကိစ္စများ အများကြီး ဖြစ်ပျက်နေသည့် ကိစ္စနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် အဓိက ထားကာ ဆောင်ရွက် နေကြခြင်းဖြစ်ပါကြောင်း။

ကြိုတင်လုပ်ဆောင်ရခြင်းများလည်းရှိ

ယခုဖြစ်စဉ်က သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များ၊ တာဝန်ရှိသူများက ၎င်းတို့တာဝန်များကို ထမ်းဆောင် သည့်နေရာမှာ သတင်းလက်ဦးမှုရယူပြီး သတင်းတည်ဆောက်ကာ ကြိုတင်မဖြစ်သင့်သည်များကို မဖြစ်ရ အောင် ကြိုတင်လုပ်ဆောင်ရခြင်းများ လည်း ရှိပါကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်ဖြစ်၊ ပြည်သူများဖြစ် ဖြစ် အားလုံး ပြည်သူပြည်သားများသည် အခြေခံဥပဒေအောက်တွင် နေထိုင်ရခြင်းဖြစ်သည့် အတွက် ကြောင့်  ဥပဒေဘောင်အတွင်းမှာမရှိသည့်၊ မနေသည့်အဖွဲ့အစည်း များ၊ လူများသည် အရေးယူခံရခြင်း၊ ခေါ်ယူစစ်ဆေးခံရခြင်းများရှိနိုင်ပါ ကြောင်း၊ လုံခြုံရေးကိစ္စများနှင့်ပတ်သက်၍လည်း ရဲတပ်ဖွဲ့က ရှင်းလင်း သွား မည်ဖြစ်ကြောင်း။

တည်ဆဲဥပဒေများကို လိုက်နာရသူများဖြစ်

လက်ရှိ မြောက်ဦးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၈၆ ဦး နုတ်ထွက် သွားသည့် ကိစ္စနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ရပ်ရွာ ပြည်သူများက တင်မြှောက်ထားသော အုပ်ချုပ်ရေးမှူးများဖြစ် ပါကြောင်း၊ ၎င်းတို့သည် တည်ဆဲဥပဒေများကို လိုက်နာရသူများ ဖြစ်ပါကြောင်း၊ အမိန့်နှင့် ညွှန်ကြားချက် များ ကို လိုက်နာရသည့် အဖွဲ့အစည်းများဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့်ဆိုလျှင် နိုင်ငံတော်က စရိတ်နှင့် ထောက်ပံ့ကြေးများပေးပြီး ကျေး ရွာဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မိမိ၏ကျေးရွာမှာ တာဝန်ခံနိုင်သည့် ပုဂ္ဂိုလ်များကို ရွေးကောက်ကာ ခန့်ထားခံရသူများဖြစ်ပါကြောင်း၊ တာဝန် ပေးအပ်သည့်အခါတွင်လည်း ရပ်ကျေးဥပဒေထဲမှာ ကျေးရွာအုပ်ချုပ်ရေးမှူး လုပ် ဆောင်ရမည့်တာဝန်များ၊ လိုက်နာရမည့်ကျင့်ဝတ်များ ပါပြီးဖြစ်ပါကြောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းဝင်နှင့် မတရားအသင်းအဖွဲ့များ၌ ပါဝင်သူ၊ ဆက်သွယ်သူ များမဟုတ်ခြင်းဆိုပြီး ဆောင်ရွက်ထားပါကြောင်း။

ချပြရှင်းလင်းသည့်ကိစ္စကိုလည်း ဆောင်ရွက်နေ

ထို့ကြောင့် လက်နက်ကိုင်အဖွဲ့အစည်းဝင်များနှင့် ပတ်သက်ခြင်း၊ ဆက်နွှယ်နေခြင်းရှိလျှင် တည်ဆဲဥပဒေနှင့်  ငြိစွန်းနေမည်ဖြစ်သည့်အတွက်ကြောင့် သက်ဆိုင်ရာဥပဒေကို ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များက တား ဆီး ကာကွယ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း၊ ယခုကိစ္စ နှင့်ပတ် သက်ပြီး လက်ရှိအနေအထားတွင် မြောက်ဦးခရိုင်၌ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး များကို လည်း ၎င်းကိစ္စများနှင့် ပတ်သက်၍ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကိုခေါ်ယူကာ ရှင်းပြရန်နှင့် ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာအဖွဲ့များကို လက်ရှိဆောင်ရွက်ရမည့် ကိစ္စများနှင့် ချပြ ရှင်းလင်းခိုင်းထားပါကြောင်း၊ ချပြရှင်းလင်းသည့်ကိစ္စကိုလည်း ဆောင်ရွက်နေ ကြပါကြောင်း။

လက်ရှိပြည်နယ်မှာလည်း စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာများနှင့်တွေ့ဆုံ ကာ ဖြစ်သင့်သည့်၊ ဖြစ်နေသည် များကို အမြင်မှားနေသော ကိစ္စများနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နေသည်ကို ချ ပြရှင်းလင်း ခြင်းဖြစ်ပါကြောင်း၊ မီဒီယာများအနေဖြင့်လည်း မိမိတို့တတ်နိုင်သည့်ဘက်က ပြည်သူအများသိ ရှိအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် ပြောကြားလို ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ရှင်းလင်းပြောကြာ:

ဆက်လက်၍ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးမောင်မောင်စိုး က နယ်မြေလုံခြုံရေး ဆောင် ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

ထို့နောက် တက်ရောက်လာကြသော သတင်းမီဒီယာများမှ သိရှိလိုသည် များကို မေးမြန်းကြရာ ဒုတိယညွှန် ကြားရေးမှူး ဦးဌေးအောင်နှင့် ဒုတိယ ရဲမှူးကြီး မောင်မောင်စိုးတို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ရခိုင်ပြည်နယ်အခြေစိုက် သတင်း မီဒီယာများ တက်ရောက်သတင်း ယူကြ သည်။

တင်ထွန်း၊ ဟန်လင်းထက်
ဓာတ်ပုံ- ကံထွန်း

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */