" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, March 14, 2019

မြန်မာ့ လူ့အခွင့်အရေး စိုးရိမ်မကင်းဖြစ်မှု ကန်အစီရင် ခံစာ ထောက်ပြ

VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်၊1
4 မတ်၊ 2019

 Ambassador Michael Kozak from the Bureau of Democracy, Human Rights, and Labor

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ အပေါ် မြန်မာစစ်တပ်က လူမျိုးစုအလိုက် ရှင်းလင်းဖယ် ရှား တဲ့ ပြစ်မှု ကျူးလွန်ခဲ့တဲ့ သက်သေ အထောက်အထားတွေကို အမေရိကန် နိုင်ငံခြားရေးဌာနရဲ့စုံစမ်းစစ်ဆေး ရေးအဖွဲ့က အခိုင်အမာ တွေ့ရှိထားကြောင်း နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူ့အခွင့် အရေး အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
မြန်မာအနေနဲ့ ရိုဟင်ဂျာအရေးကိစ္စ ထိထိရောက် ကိုင်တွယ်ဖြေရှင်းဖို့နဲ့ စစ်မှန်တဲ့ အရပ်သား အစိုးရ အုပ် ချုပ် ရေး စနစ် အပြည့်အဝရှိလာဖို့ အမေရိကန်က ဖိအားပေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မနေ့ ဗုဒ္ဓဟူး နေ့က အမေရိကန် နိုင်ငံခြားရေးဌာနမှာ ပြုလုပ်တဲ့ အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း လူ့အခွင့် အရေးဆိုင်ရာ သံအမတ်ကြီး Michael G. Kozak ကပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ ကို ဆက်လက်တင်ပြမှာပါ။

မတ်လ ၁၃ ရက်နေ့က ဝါရှင်တန်ဒီစီ အမေရိကန်နိုင်ငံခြားရေး ဌာနမှာ ပြုလုပ်တဲ့ ၂၀၁၈ ခုနှစ် နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အမှာစကားပြောရာမှာ ဒီနှစ် အစီရင်ခံစာ အတွက် နိုင်ငံပေါင်း ၂၀၀ နီးပါးက လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာ ဆန်းစစ်ခဲ့တယ်လို့ ဆိုပါတယ်။

စာမျက်နှာ ၅၁ မျက်နှာရှိတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အစီရင်ခံစာမှာတော့ အမေရိကန်နိုင်ငံခြားရေး ဌာနက အဓိက ထောက်ပြထားတဲ့ အချက်တွေထဲ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က နိုင်ငံရေးအာ ဏာကို ဆက်လက်ထိန်းချုပ်ထားတာ၊ တိုင်းရင်းသား ဒေသတွေမှာ စစ်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေပြီး အကျိူးဆက်အဖြစ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာ၊ သတင်းမီဒီယာ လွတ်လပ်ခွင့် ကျဆင်းလာ တာ စတာတွေကို ထောက်ပြထားပါတယ်။
 
အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေ အပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု ကျူး လွန် ခဲ့ကြောင်း အတည်ပြုခဲ့တဲ့ အထောက်အထား အချက်အလက်တွေကို အမေရိကန်နိုင်ငံခြားရေးဌာနက ဖွဲ့စည်းခဲ့တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲက တွေ့ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် လက် နက်မဲ့ ရွာသူရွာသားတွေကို စစ်တပ်က သတ်ဖြတ်တာ၊ အတင်းအဓမ္မပြုကျင့်တာ၊ ညှင်းပမ်း နှိပ်စက်တာတွေနဲ့ ပတ်သက်လို့ နောက်ထပ် အသေးစိတ် အချက်အလက်တွေကို အမေရိကန် စုံစမ်းစစ် ဆေးရေး အဖွဲ့က ရရှိထားတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါပေမဲ့လည်း အစီရင်ခံစာမှာ မြန်မာစစ်တပ်ရဲ့ ပြစ်မှုကျူးလွန်မှုကို လူမျိုးတုံး သတ်ဖြတ်မှု အဆင့်အဖြစ် သတ်မှတ်ဖေါ်ပြထားခြင်းမရှိတာနဲ့ ပတ်သက်လို့ သတင်းထောက်တဦးက မေးမြန်းရာမှာ လက်ရှိ မြန်မာ အပေါ် ချမှတ်ကျင့်သုံးနေတဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒကို အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အလုပ်သမားအရေး ဗျူရို သံအမတ်ကြီး Michael G. Kozak က ရှင်းပြခဲ့ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာ အဓိက လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်သူတွေဟာ ပြစ်ဒဏ်ကနေ ဆက် လက် ကင်းလွတ်ခွင့် ရနေတာဟာ အမေရိကန် အစိုးရဘက်က ပိတ်ဆို့အရေးယူမှု အားနည်း တာကြောင့် လားဆိုတဲ့ မေးခွန်းကို သံအမတ်ကြီး Michael Kozak က အခုလို တုန့်ပြန်ပြောကြားခဲ့ပါတယ်။

" မြန်မာနိုင်ငံ အပေါ် အရင်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ပေမယ့် ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်တဲ့ အစိုးရ တက်လာတဲ့အတွက် ရုပ်သိမ်းခဲ့ပါတယ်။ စစ်တပ်ရဲ့ အပြုအမူကြောင့် ရွေး ကောက်ခံထားရတဲ့ အရပ်သားအစိုးရကို ထပ်ပြီး ဒဏ်ခတ်အရေးယူဖို့ ဆိုတာမျိုး မလုပ်ချင်ပါဘူး။ ဒါကြောင့် ဒီတကြိမ်မှာတော့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့တဲ့ ပုံစံမျိုး ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီပိတ်ဆို့မှုမှာ အကန့်အသတ်တော့ မထားပါဘူး။"

အမေရိကန် အစိုးရအနေနဲ့ မြန်မာအပေါ် တက်နိုင်သလောက်ဖိအားပေးနေပေမဲ့ မြန်မာ အစိုးရဘက်က တုန့်ပြန်ဆောင်ရွက်နေတဲ့ အခြေအနေကို ကျေနပ်အားရမှု မရှိဘူးလို့ သံအမတ်ကြီးက အခုလိုပြောပါ တယ်။

" အမေရိကန်ပြည်ထောင်စု အနေနဲ့ တပ်မ နှစ်ခု၊ မြန်မာ စစ်ဗိုလ်ချုပ် ငါးဦးကို ငွေကြေးဆိုင်ရာ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။ ကျနော် မှတ်မိသလောက်ဆိုရင် တပ်မ ၃၃ နဲ့ ၉၉ လို့ ထင်ပါတယ်။ အဲဒီ တပ် မနှစ်ခုက ရခိုင်ပြည်နယ်မှာ ညှင်းပမ်းနှိပ်စက်မှုတွေကို အဓိက ကျူးလွန်ခဲ့သူတွေဖြစ်ပါတယ်။ ဒါ့အပြင် လူအ များအပြားလည်း အမေရိကန်ပြည်ဝင်ခွင့်ဗီဇာတွေ ရုပ်သိမ်း ခံထားရပါတယ်။ နောက် အရင်က စစ်တပ် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အနည်းငယ် ရှိခဲ့ရာမှာလည်း အဲဒီအစီအစဉ်နဲ့ လူအများအပြားကို အမေရိ ကန်ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးထားတာတွေ ကိုလည်း ပြန်ရုပ်သိမ်းခဲ့ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး အကျိုး ဆက်ကိုလည်း အလေးအနက် ထိခိုက်စေပါတယ်။ ဒါပေမဲ့လည်း မြန်မာဘက်က တုန့်ပြန်ဆောင်ရွက် မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရအနေနဲ့ ကျေနပ်မှု မရှိသေးပါဘူး။ "

လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်တဲ့ ကျူးလွန်မှုတွေဟာ ငြိမ်သက်နေတယ် ဆိုပေမယ့် နိုင်ငံ ပြင်ပကို စွန့်ခွာ ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာပေါင်း ၇၀၀,၀၀၀ ကျော် ရှိနေဆဲဖြစ်ပြီး ဒီလူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်ဖို့၊ ရိုဟင်ဂျာတွေ ဆန္ဒအလျောက် လုံခြုံစွာ နေရပ်ပြန်လာနိုင်ရေး မြန်မာ အစိုးရ လက်ခံအောင် စည်းရုံးဖို့ စတာတွေကို အမေရိကန်ဘက်က ကြိုးစား ဆောင်ရွက်နေတယ် လို့ သံအမတ်ကြီးက ပြောသွားပါတယ်။

ဒါအပြင် အမေရိကန် နိုင်ငံခြားရေး ဌာန အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်း ကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းအားထုတ်သူတွေထဲမှာ အဓိကအနေနဲ့ ပါဝင်ခဲ့တယ်လို့လည်း သံအမတ်ကြီးကပြောပါတယ်။ နိုင် ငံခြားရေးဌာနရဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ ဗျုရိုကနေ လေ့လာဆန်းစစ်ချက် အကောင်းဆုံး လုပ်ဆောင် ခဲ့ရာ မှာ ဒုက္ခသည်စခန်းတွေက လူတွေရဲ့ သဘောထား ဆန္ဒတွေကို သိပ္ပံနည်းကျ နည်းစနစ်နဲ့ ကောက်ယူပြီး သူတို့ ဘာတွေရင် ဆိုင်ခဲ့ရသလဲ၊ ဦးတည်ချက်အလားလာတွေ ဘာတွေဖြစ်မလဲဆိုတာကိုခန့်မှန်း တွက် ချက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါအပြင် ကုလသမဂ္ဂရဲ့ ကြိုးပမ်းချက်တွေကိုလည်း အမေရိကန်က အပြည့် အဝထောက်ခံထားကြောင်း သူကအခုလိုပြောပါတယ်။

" အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အပြည့် အ၀ ထောက်ခံအားပေးနေပါတယ်။ ဥပမာဆိုရင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာ ဖွေရေး အဖွဲ့ကို ကျနော်တို့ ထောက်ခံသလို၊ သူတို့ အစီရင်ခံစာမှာ သုံးသပ်ချက်တွေနဲ့ ကျနော်တို့ အမေ ရိကန်နိုင်ငံခြား ရေးဌာနရဲ့ အစီရင်ခံစာ သုံးသပ်ချက်တွေ အတော်လေးကို တူညီတယ်လို့ ပြောရမှာပါ။"

ပြီးခဲ့တဲ့ ဧပြီလက အမေရိကန်နိုင်ငံခြားရေးဌာနက နိုင်ငံတကာ ကျွမ်းကျင်သူပေါင်း ၂၀ ယောက်လောက်ပါ တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ပြီး ရိုဟင်ဂျာတွေကို ဖိနှိပ်ညှင်းပမ်းခဲ့တဲ့ ပြစ်မှုကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ် ဆေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ပါတယ်။ ဒီအဖွဲ့က ပြုစုထားတဲ့ စာမျက်နှာပေါင်း ၁၀၀၀ ကျော်ရှိတဲ့ အစီရင်ခံစာကို တရားဝင် ထုတ်ပြန်ခြင်း မရှိတဲ့ အခြေအနေကိုလည်း သံအမတ်ကြီးက အခုလိုရှင်းပြပါတယ်။

" ထိခိုက်လွယ်တဲ့ သတင်း အချက်အလက်တွေကို ထိန်းချုပ်ထားတဲ့ ပုံစံဖြစ်ပြီး ဥပဒေကြောင်းအရ ပါဝင်မှု မရှိပါဘူး။ တကယ်လို့ တခုခုကို ချမှတ်လုပ်ဆောင်ဖို့ ပြောပြီဆိုရင် လူအများ အာရုံစိုက်အောင် လုပ်ရမှာဖြစ် ပါတယ်။ အမေရိကန် အစိုးရအနေနဲ့လည်း ဒီကိစ္စကို လူအများ အာရုံစိုက်လာဖို့ တောင်းဆိုချက် အတော် များ များ လုပ်ထားပါတယ်။ ဒါကြောင့် အခုချိန်မှာ လိုနေတာက အရေးယူမှုတွေ ပိုပြီးလုပ်ဖို့၊ ပိုပြီး ဖိအားပေး ဖို့ဘဲ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံတွင်းက အခြေအနေတွေဟာ ထိခိုက်လွယ်တဲ့ အခြေအနေ ဖြစ်နေသလို၊ နောက်ပြန်ဆုတ်နေပြီး ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြန်သုံးသပ်နေတဲ့ ကိစ္စမှာ နိုင်ငံရေးမှာ စစ်တပ်ရဲ့ အာဏာထိန်းချုပ်မှုကို လျော့ချ နိုင်ပြီး ရွေးကောက်ခံ အရပ်သားအစိုးရရဲ့ လုပ်ပိုင်ခွင့် ပိုပြီးမြှင့်တင်နိုင်မယ်လို့လည်း အမေရိကန်ဘက် မျှော်လင့်ကြောင်းနဲ့ နောက်ဆုံးမှာ နိုင်ငံရေးအာဏာကို အပြည့်အ၀ ရရှိထားတဲ့ ထင်သာမြင်သာရှိပြီး တာ ဝန်ခံ မှုရှိတဲ့ အရပ်သား နိုင်ငံရေးခေါင်းဆောင်တွေ လိုအပ်ကြောင်းနဲ့ ဒီလိုဖြစ်လာအောင်လည်း အမေရိ ကန်ပြည် ထောင်စုအနေနဲ့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သံအမတ်ကြီး Michael G. Kozak က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။



  Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */