7 DAY DAILY
By .အောင်ဇော်ထွန်း OnMon, 2019-03-18 ရန်ကုန် Issue No.
No. 2088, Monday, March 18, 2019
ရခိုင်ဒေသ တိုက်ပွဲများကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရမှု တိုးလာနေပြီး စစ်ဘေးရှောင် ဒေသခံတစ်သောင်းကျော် ရှိလာသည်။ (ဓာတ်ပုံ − Rakhine Ethnics Congress FB)
လက်ရှိတွင် AA သည် ၎င်း၏ မဟာမိတ်အဖွဲ့အစည်းများဖြစ်သော ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့် အဖွဲ့ (MNDAA)တို့နှင့်အတူ အစိုးရနှင့် တပ်မတော်တို့နှင့် ဆွေးနွေးညှိနှိုင်းနေသည်။
လက်ရှိ ရခိုင်တွင် ဖြစ်ပေါ် နေသည့် တိုက်ပွဲများသည် AA ကို အစိုးရက နိုင်ငံရေးဆွေးနွေးပွဲ၌ ပါဝင်ခွင့်မပေး ၍ မဟုတ်ဘဲ AA က ၎င်း၏တပ်များ ရခိုင်ပြည်နယ် အတွင်း အခြေချရန် ဆောင်ရွက် မှုအပေါ် လက်ခံခြင်း၊ လက်မခံ ခြင်းကိစ္စဖြစ်သည်ဟု ဒေါက်တာ မင်းဇော်ဦးကဆိုသည်။
‘‘ရခိုင်ထဲမှာရှိတဲ့ AA ရဲ့ တပ်တွေရဲ့ကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ကိစ္စကို သေချာဆွေးနွေးဖို့လို တယ်’’ဟု ၎င်းကပြော သည်။
AA သည် ကချင်လက်နက် ကိုင်အဖွဲ့ (KIA) ထိန်းချုပ်နယ်မြေ အတွင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ AA အနေဖြင့် လက်ရှိ ရခိုင်ပြည် နယ်အတွင်း လှုပ်ရှားရာ၌ ကချင် ပြည်နယ်မှ လာရောက်သည့် တပ်ဖွဲ့ဝင် အင်အားသာမက ဒေသခံ များကို စည်းရုံးပြီး လက်နက်တပ် ဆင်ပေးခြင်းများ ရှိနေသည်ဟု လေ့လာသူ များက သုံးသပ်သည်။
တပ်မတော်နှင့် AA တို့သည် ၂၀၁၈ နှစ်ကုန်ကတည်းက ရခိုင် ပြည်နယ်အတွင်း တိုက်ပွဲမကြာခဏဖြစ် ပွားခဲ့သည်။ တပ်မတော် က ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်တွင် လေးလကျော်ကြာသည့် တစ်ဖက်သတ်အပစ် ရပ်စဲရေး ကြေညာရာ တွင်လည်း ရခိုင်ဒေသ မပါဝင်ခဲ့ ပေ။ ၂၀၁၉ ဇန်နဝါရီ ၄ ရက်တွင် AA က ဘူးသီး တောင်မြို့နယ်အ တွင်းရှိ ရဲကင်းစခန်းများကို ဝင် ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်က ရခိုင်ဒေ သ တွင် အင်အားတိုးမြှင့်ရာ တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်။
တပ်မတော်က အပစ်ရပ် ကြေညာခဲ့သည့် ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက် နောက်ပိုင်း ရခိုင်ဒေသ၌ တိုက်ပွဲ ၁၀၀ ကျော် ဖြစ်ပွားခဲ့သည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မတ်လ ၁၀ ရက်တွင် ပြောသည်။
ငြိမ်းချမ်းရေးကော်မရှင်နှင့် AA အပါအဝင် မြောက်ပိုင်းလေး ဖွဲ့တို့၏ တရုတ်နိုင်ငံ ကူမင်းမြို့ဆွေးနွေးပွဲသည် ထူးခြားသည့်တိုးတက်မှုမရှိခဲ့ကြောင်း ခိုင်သုခကဆိုသည်။
ရခိုင်ဒေသ၌ တိုက်ပွဲပြင်း ထန်ခဲ့သော်လည်း မတ်လ ၂၁ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် ငြိမ်းချမ်းရေး ဆွေး နွေးပွဲသို့ AA ကို အစိုးရက ဖိတ်ကြားခဲ့သည်။ ယင်းဆွေးနွေးပွဲသို့ AA အပါအဝင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့ကို ဖိတ်ကြားထားခြင်းဖြစ်သည်။ အဆိုပါ တွေ့ဆုံပွဲအပြီးတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ချင်း စီအ နေဖြင့် တပ်မတော်ဆွေး နွေးညှိနှိုင်းရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနိုင်ကြောင်း၊ ဆွေးနွေးလိုသည့် အ ဖွဲ့များအနေဖြင့် ကြိုတင်ပြန်ကြားရန် လိုအပ်ကြောင်း မတ်လ ၁၃ ရက်စွဲပါ အစိုးရ၏ ဖိတ်ကြား စာ၌ ပါရှိ သည်။
အဆိုပါ နေပြည်တော် ငြိမ်း ချမ်းရေးဆွေးနွေးပွဲသို့ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်း သား လက် နက် ကိုင် ရှစ်ဖွဲ့စလုံး တက်ရောက်မည်ဖြစ်သော်လည်း တပ်မတော်နှင့် တစ်ဖွဲ့ချင်းစီ တွေ့ဆုံမည့် အခြေ အနေကို သက်ဆိုင် ရာအဖွဲ့များထံမှ အတည်ပြုချက် မရသေးပေ။
Link : Here
No comments:
Post a Comment