" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, March 17, 2019

AA အဖွဲ့က မီးရှို့ခဲ့သည့် သင်္ဘောကို ဝန်ကြီးဌာန ပြန်လည်ဆယ်ယူရန် စီစဉ်နေဟုဆို

 
မတ်လ ၁၇ရက်တွင် မီးလောင်ပြီးနောက် တွေ့ရသည့် ရတနာဝင်းသင်္ဘော (ဓာတ်ပုံ − Khumi Media Group)
 

 
ကုလားတန်မြစ်အတွင်း AA လက်နက်ကိုင်အဖွဲ့က မီးရှို့ ခဲ့သည့် သင်္ဘောသည် နစ်မြုပ်ခြင်း မရှိသော ကြောင့်တပ်မတော်ကလုံခြုံရေးဆောင်ရွက်ပြီးပါက ပြန် လည်ဆယ်ယူရန် စီစဉ်နေသည် ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြောခွင့်ရနှင့် သတင်းထုတ်ပြန် ရေးအဖွဲ့ဝင် ဦးခင်မောင်ဆွေက မတ်လ ၁၇ ရက်တွင် ပြောသည်။

ပလက်ဝတံတားစီမံကိန်း တွင် အသုံးပြုရန် သံပေါင် ၂၈၆ ဒသမ ၂၃ တန် တင်ဆောင်လာ သည့် MV- ရတနာဝင်း(၇)ရေ ယာဉ်ကို မတ်လ ၁၆ ရက်တွင် AA အဖွဲ့က လက်နက်ငယ်များ ဖြင့် ပစ်ခတ်ပြီး ရေယာဉ် အား မီးရှို့ခဲ့သည်ဟု ဆောက်လုပ်ရေးဝန် ကြီးဌာနက မတ်လ ၁၇ ရက်၌ သတင်းထုတ်ပြန်သည်။

AA လက်နက်ကိုင်အဖွဲ့က သင်္ဘောဝန်ထမ်းများကို ကမ်းသို့ ကပ်ခိုင်းပြီးနောက် သင်္ဘော၏ အင်ဂျင်ခန်းကို မီးရှို့ခဲ့ခြင်းဖြစ် သည်ဟု ဦးခင်မောင်ဆွေက ပြော သည်။ သင်္ဘောမီးလောင်မှုနှင့် ပတ်သက်၍ ဆုံးရှုံးမှုပမာ ဏ မည် မျှရှိသည်ကို လက်ရှိတွင် မသိရ သေးကြောင်း ၎င်းက ဆိုသည်။

‘‘ဒီမနက်ရထားတဲ့ အနေ အထားအရ သင်္ဘောက ဒီတိုင်းပဲ ရှိနေတယ်။ စက်ခန်းမီးလောင် တယ်။ နောက် မီးငြိမ်းတယ်။ အခု တပ်က လုံခြုံရေးလုပ်နေတယ်။ လုံခြုံရေးအခြေအနေပေးရင် သွားဆွဲမှာပါ’’ဟု ဦးခင် မောင်ဆွေက ပြောသည်။

အဆိုပါသင်္ဘောပေါ်တွင် သံပေါင် ၂၅၆ တန်ကျော်၊ သံပေါင်အထိုင်ခုံ ၂၄ သန်းကျော်၊ High Tension Bolt လေးတန်ကျော်နှင့် သုတ်ဆေးများပါဝင်ပြီး စုစုပေါင်းတန်ဖိုး ကျပ် ၁ ဘီလီယံကျော်ရှိသည်ဟု အစိုးရက သတင်းထုတ်ပြန်သည်။

အဆိုပါသင်္ဘောသည် အာမ ခံထားသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနပြောခွင့်ရနှင့် သတင်း ထုတ်ပြန် ရေး အဖွဲ့က ပြောသည်။

ချင်းပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီး အိုက ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ‘‘ဝမ်းနည်းတယ်။ သူတို့ ဒီလိုမလုပ်သင့်ဘူး။ ချင်းပြည်နယ်ဖွံ့ဖြိုးရေး အတွက် အင်မတန် ဆုံးရှုံးနစ်နာ မှုဖြစ်ပါတယ်’’ဟု ပြော သည်။

အဆိုပါပလက်ဝတံတား သည် အိန္ဒိယနိုင်ငံက ဆောင်ရွက် နေသည့် ကုလားတန်ဘက်စုံသုံး စီမံကိန်း၏ အစိတ်အပိုင်းဖြစ်ပြီး တံတားကို ကျပ် ၂၄ ဘီလီယံဖြင့် မြန်မာအစိုးရက တည်ဆောက် နေခြင်းဖြစ်သည်ဟု ဝန်ကြီး ဦးရွှေ ထီးအိုက ပြောသည်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */