Sunday, March 17, 2019

နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက္ခိုင့်တပ်မ တော် တက်မယ်

B  B  C
ဘီဘီစီ မြန်မာပိုင်း
17 မတ် 2019

မတ်လ ၂၁ ရက် နေ့ ကျရင် နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရက္ခိုင့်တပ်မတော် (AA) က တက်ရောက်မယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ကော်မတီ (FCNPP) အဖွဲ့ဝင် ညီနောင် မဟာမိတ် တိုင်းရင်းသား အဖွဲ့ရဲ့ ဆွေးနွေးဆုံးဖြတ်ချက်အရ ရက္ခိုင့်တပ်မတော်ဘက်က ငြိမ်းချမ်းရေးပွဲကို တက်ရောက်မှာ ဖြစ်ပြီး အဖွဲ့ ကို ဗိုလ်မှူးကြီး ကျော်ဟန် က ဦးဆောင်မယ်လို့ ခိုင်သုခက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ် မတော် တို့ရဲ့ တိုက်ပွဲ တွေဟာ လက်ရှိမှာ ရန်ကုန်- စစ်တွေ ကားလမ်း မြောက်ဦး မြို့နယ်ဘက် အထိ ကျယ် ပြန့် လာနေပြီးဒေသခံ အရပ်သားတွေ ထိခိုက်ပျက်စီးတာတွေ ရှိသလို နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ လည်း ထောင်နဲ့ ချီ ရှိလာပါပြီ။

လာမယ့် နေပြည်တော် ဆွေးနွေးပွဲမှာတော့ အစိုးရဘက်က တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် (NCA) ကိစ္စ ဆွေးနွေးလာမယ် ဆိုရင်လည်း ရက္ခိုင့်တပ်မတော် အနေနဲ့ အခြား တိုင်းရင်းသား မဟာမိတ် တွေနဲ့ ညှိ နှိုင်းပြီး FCNPP ရဲ့ မူအတိုင်း ရပ်တည်သွားမယ်လို့ ခိုင်သုခက ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲက အနေအထားကို သုံးသပ်ပြီး တပ်မတော်နဲ့ သီးသန့်တွေ့ဆုံဖို့ကိုလည်း နေပြည် တော်ရောက်မှ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */