Saturday, February 16, 2019

ဘင်္ဂါလီမွတ်စလင် အကျပ်အတည်းအတွက် မြန်မာ နိုင်ငံက လျော်ကြေးအနေဖြင့် ဒေါ်လာခြောက် ဘီလျံခန့် ပေးသင့်ဟု လေ့လာမှု တစ်ခုက ဖော်ပြ

ELEVEN
ဘာသာပြန်( သတင်း)
Published 13 February 2019
 
ဘင်္ဂလီမွတ်စလင် (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ) အကျပ်အတည်းကြောင့် နစ်နာဆုံးရှုံးမှုများအတွက် မြန်မာနိုင်ငံသည် လျော်ကြေး ဒေါ်လာခြောက်ဘီလျံခန့် ပေးသင့်သည်ဟု သြစတြေးလျ တက္ကသိုလ်တစ်ခု၏ လေ့လာမှုက အကြံပြု ဖော်ပြခဲ့သည်။

ဒါကာရှိ ဘင်္ဂလားဒ့ရှ် ဒီပလိုမာ အင်ဂျင်နီယာအသင်း၌ ဖေဖော်ဝါရီ ၁၂ ရက်က ကျင်းပခဲ့သော ဘင်္ဂါလီမွတ် စလင် အကျပ်အတည်းဆိုင်ရာ ဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့သော ထိုလေ့လာမှုကို သြစတြေးလျရှိ Swinburne နည်းပညာတက္ကသိုလ်က ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

လူ ၁၆၀ဝ၀ ခန့်ကို တွေ့ဆုံမေးမြန်းခဲ့ပြီး အိမ်ထောင်စု ၃၃၀ဝ မှ ရရှိခဲ့သော အချက်အလက်များမှ ဘင်္ဂလား ဒေ့ရှ် အစိုးရသည် ဒေါ် လာ ၂ ဒသမ ၆ ဘီလျံခန့် နစ်နာကြေးရသင့်ကြောင်း ထိုသုတေသနကကောက်ချက် ချခဲ့သည်။

နစ်နာကြေးကို ကဏ္ဍဍနှစ်ရပ်ခွဲ၍ ပေးသင့်ပြီး စီးပွားရေးဆိုင်ရာ နစ်နာမှုနှင့် စိတ်ပိုင်းဆိုင်ရာ နစ်နာမှုတို့ အ တွက် ပေးသင့်ကြောင်း ထိုလေ့လာမှုက ပြောကြားခဲ့သည်။ဘင်္ဂါလီမွတ်စလင်များကို လက်ခံထားမှုကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု၊ ဆုံးရှုံးမှုနှင့် အကျပ်အတည်း တုံ့ပြန်ရေးအတွက် အသုံးစရိတ် တို့ အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရသည် နစ်နာကြေး ရသင့်သည်ဟု ယင်းလေ့လာမှုက အကြံပြုခဲ့သည်။

ဘင်္ဂါလီမွတ်စလင်တို့ ပိုင်ဆိုင်သော ပိုင်ဆိုင်မှုများကို အခြေခံတွက်ချက်မှုအရ ဘင်္ဂါလီမွတ်စလင်များသည် မြေဆုံးရှုံးမှုအတွက် ဒေါ်လာ ၁၆၅ သန်း ရသင့်ကြောင်း သြစတြေးလျ၏ လေ့လာမှုက ဖော်ပြခဲ့သည်။ ဘင်္ဂါလီ မွတ်စလင်များသည် ပျမ်းမျှတစ်ဦးလျှင် မြေနှစ်ဧကနှင့် ရေကန်သုံးကန်ကို ပိုင်ဆိုင်ကြောင်း လေ့ လာမှုက တွေ့ရှိခဲ့သည်ဟု ဆိုသည်။ရွှေ့ပြောင်းနေထိုင်ရမှုအတွက် နစ်နာမှုသည် ဒေါ်လာ ၇၇၁ သန်း ခန့် ရှိပြီး ဘင်္ဂါလီ မွတ်စလင်တို့၏ အိမ်များတန်ဖိုးသည် ဒေါ်လာ ၉၈ သန်းခန့်နှင့် အခြားပိုင်ဆိုင်မှုများ ဆုံးရှုံး မှု အတွက် ဒေါ်လာ သန်း ၂၂၀ ခန့် နစ်နာဆုံးရှုံး ခဲ့သည်ဟုလည်း လေ့လာမှုက ဆိုခဲ့သည်။

ထို့ပြင် ခွဲခြားဖိနှိပ် ဆက်ဆံခံရမှုအတွက် ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစား ရမှုအတွက် မြန်မာက ဒေါ်လာ ၂ ဒသမ ၁ ဘီလျံခန့် လျော်ကြေးပေးသင့်ကြောင်း ယင်းလေ့လာမှုက ကောက်ချက်ချသင့်သည်။

ဘင်္ဂလားဒ့ရှ်ရှိ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအခြေချအဖွဲ့ (IOM) ၏ ဌာနေ ကိုယ်စားလှယ် ဂျော့ဂီဂါအူရီက ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များသည် ဒေသခံများထက် ပို၍များပြားခဲ့ပြီး ဒေသခံများက လူနည်းစုများ ဖြစ် သွားခဲ့ကာ အလုပ်အကိုင်နှင့် လူနေမှုစံတို့ကို ကပြောင်းကပြန် ဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂါလီမွတ်စလင် အကျပ်အတည်းပြီးနောက် ကော့ဘဇားတွင် အမှုအခင်း မြင့်တက်လာခဲ့ကြောင်း ဒုရဲမှူး တက်တွန်နာဆရင်းက ပြောကြားခဲ့သည်။ အကျပ်အတည်း နောက်ပိုင်းမှစပြီး ဘင်္ဂါလီမွတ်စလင်တို့နှင့် ဆက်နွှယ်သော အမှု ၅၀ဝ ခန့်ရှိခဲ့ကြောင်း၊ ဥပဒေစိုးမိုးမှု ယိုယွင်းပျက်စီးမည်ကို စိုးရိမ်နေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

Ref : Dhaka Tribune

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */