" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 20, 2019

ရှေ့နေဦးကိုနီလုပ်ကြံခံရမှု တရားရုံးဆုံးဖြတ်ချက် လုံ လောက်ခြင်းမရှိဘူးလို့ HRW ဝေဖန်

RFA
လွတ်လပ်တဲ့ အာရှအသံ

HRW အာရှတိုက်ဆိုင်ရာ ဒု-ညွှန်ကြားရေးမှူး Phil Robertson။

ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ဟာ လုံလောက်ခြင်း မရှိဘူးလို့ လူအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ HRW ရဲ့ အာရှတိုက်ဆိုင်ရာ ဒု-ညွှန်ကြားရေးမှူး Phil Robertson က RFA ကို ပြောလိုက်ပါတယ်။


ဒီကိစ္စဟာ အထူးစိုးရိမ်စရာရှိကြောင်းနဲ့ ဒီလူသတ်မှုကို အဓိက ကြိုးကိုင်တဲ့ တပ်မတော်အရာရှိဟောင်းဟာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ Phil Robertson က ပြောပါတယ်။

လွတ်မြောက်နေသူဟာ လက်ရှိတပ်မတော်ရဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်တွေနဲ့ ထဲထဲဝင်ဝင် ဆက်နွယ်သူ ဖြစ်ပြီး၊ မသိ မမြင်ရသေးတဲ့ ဆက်စပ်မှုတွေဟာ အမှုရဲ့ နောက်ကွယ်မှာ အများကြီး ရှိနေသေးတယ်လို့ Phil Robertson က ဆိုပါတယ်။

ဒီအမှုအတွက် အရေးကြီးတဲ့ တရားခံဇေယျာဖြိုးကို စွဲချက်ပြင်ဆင်ပြီး ပြစ်ဒဏ်လျှော့ချခဲ့တာကြောင့် ဒီအမှုမှာ တရားဥပဒေနဲ့အညီ ထိုက်တန်တဲ့ စီရင်ချက်ချခဲ့ပြီးပြီလို့ မယူဆဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် လွတ်မြောက်နေတဲ့ အဓိကကြိုးကိုင်သူရဲ့ နောက်ကွယ်မှာ အကြီးဆုံး အဆက် အသွယ်တွေ ရှိနေ ပြီး အဲဒါကို ရှာဖွေဖော်ထုတ်ဖို့ လိုတယ်လို့လည်း Phil Robertson က ပြောခဲ့ပါတယ်။
https://www.rfa.org/burmese/news/hrw-critizied-on-ukoni-case-02192019160624.html



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */