" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, January 1, 2020

ဂွမြို့နယ်ပေါက်ကွဲမှုဖြစ်စဉ်မှာ Myanmar Now အယ်ဒီတာ ချုပ် ဒဏ်ရာရ

VOM
ဂြ၊ ဒီဇင္ဘာ ၃၁-၂၀၁၉
ခိုင္လင္းစံ (VOM)

ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ၊ ဂွမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်က ပေါက်ကွဲမှုတစ်ခုဖြစ် ပွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်တဲ့လမ်းပေါ်ကိုသွားနေတဲ့ ကားကို ကျောက်ခဲစတစ်ခုဖောက်ဝင်ရာကနေ ကားအ တွင်းလိုက်ပါလာခဲ့တဲ့ Myanmar Now အယ်ဒီတာချုပ် ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ ဂွမြို့နယ် ၊ သံကြိုးနဲ့ လောင်းကျိုးကျေးရွာအကြား ၊ မှော်ရွှေဂျိုင်အနီး ကား လမ်းမပေါ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲရာကနေ ကျောက်ခဲစတစ်ခု ကားကိုဖောက်ဝင်ကာ ကိုဆွေ ဝင်းရဲ့ ပေါင်မှာ ဖောက်ဝင်ခဲ့တာလို့ သိရပါတယ်။

“ဘာဖြစ်လို့ဖြစ်မှန်းကိုမသိတာ။ မော်ရွှေကျိုင် အယင်ကအပန်ဖြေစခန်းဟောင်း နားမရောက်ခင် ကားလမ်း aပါ်မှာလို့ပြောတာပဲ။ ကားကိုဖောက်ပြီးတော့ ခဲတုံးကသူ့ပေါင်ကို လာမှန်တယ်လို့သိရတယ်။ ဘာဖြစ် တာ မှန်းမသိဘူး။ ကျောက်မိုင်းကဖြစ်တာလား မသိဘူး။” လို့ ဂွမြို့နယ်ဒေသခံ ဦးကျော်မြင့်မောင် ကပြောပါ တယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ဂွမြို့နယ်ရဲတပ်ဖွဲ့နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ကို ဆက်သွယ်ခဲ့ပေမယ့် အ ဆက်အသွယ်မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ရက်နေ့ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ခရီးအတွင်း ရခိုင်ပြည်နယ် တောင်ပိုင်း ဒေသက မာန်အောင်မြို့မှာ မိုင်းသုံးလုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */