Tuesday, November 14, 2023

၂၀၂၁ ရခိုင်နိုင်ငံရေးကို ပြန်ကြည့်ခြင်း

Western News
October 25, 2023 

ဆောင်းပါး အနှစ်ချုပ်

 
ဤဆောင်းပါးသည် ကုန်ဆုံးတော့မည့် ၂၀၂၁ ခုနှစ်က ရခိုင်နိုင်ငံရေး၊ လူမှုရေး၊ လူမျိုးရေး၊ စစ်ရေး အပြောင်း အ လဲ ဖြတ်သန်းခဲ့မှု အဆိုးအကောင်းတို့ကို ၁ နှစ်စာအချက်အလက်တို့ကို ခြုံငုံ ခြေရာကောက်ကာ ရေးသား ထား ခြင်းဖြစ်သည်။

ရခိုင်မှာ တစ်ရက်အတွင်း စစ်ကောင်စီလက်အောက်ခံစခန်း ၄၀ ခန့် စခန်းစွန့်ခွာ

DMG သတင်း
14 Nov 2023 

ရခိုင်ဒေသအတွင်းရှိ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်ဖွဲ့ဝင်များအနေဖြင့် အသက်မသေဘဲ မိသားစု၊ ဆွေမျိုး၊ မောင်နှမများနှင့် ကောင်းမွန်စွာ တွေ့ခွင့်ရလိုပါက နီးစပ်ရာ AA စခန်းများသို့ အမြန်ဆုံးဆက်သွယ်ပြီး လက်နက်ချ အညံ့ခံကြရန် AA က အသိပေးထားသည်။ 

လက်နက်များနှင့်အတူ အညံ့ခံခဲ့ကြသော ကျောက်တော်မြို့နယ်၊ အပေါက်ဝရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၂၂) ဦး။ ဓာတ်ပုံ - AA Info Desk

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားသည့် ပထမနေ့တစ်ရက်တည်းတွင် စစ်ကောင်စီလက်အောက်ခံများမှာ နယ်ခြားစောင့်တပ်နှင့် ရဲစခန်း စုစုပေါင်း ၄၀ နီးပါးကို စွန့်လွှတ်ထားခဲ့ပြီး နီးစပ်ရာ စစ်ကောင်စီတပ်များသို့ သွား ရောက်ပူးပေါင်းသွားကြောင်း ရက္ခိုင့်တပ်တော်(AA) က ယနေ့ထုတ်ပြန်သည်။

Myanmar Junta Media Smear Gambia as Impoverished Sex Tourism Hotspot

The Irrawaddy
November 9, 2023


A man walks on a beach in the popular tourist area of Senegambia in Banjul, the capital of the Gambia. / AFP

Myanmar’s military regime has used its propaganda newspapers to smear the Gambia as a historical land of slaves-turned-impoverished sex tourism hub, as the West African nation continues its Rohingya genocide trial at the International Court of Justice (ICJ).

စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက် အချာအဖြစ် အသရေဖျက်

ဧရာဝတီ
14 November 2023

ဆောင်းပါးရှင်များ ဖြစ်သည့် ဦးအောင်နိုင်ဦးနှင့် ဒေါ်ရင်ရင်နွယ်

အနောက်အာဖရိကမှ ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို နိုင်ငံ တကာတရား ရုံး (ICJ) တွင် ဆက်လက် တရားစွဲဆိုနေစဉ် မြန်မာစစ်ကောင်စီသည် ထိုနိုင်ငံကို သမိုင်းဝင် ကျွန်စနစ်မှ ဆင်းရဲသော လိင်ခရီးသွားလုပ်ငန်း အချက်အချာ ဖြစ်လာသည့်နိုင်ငံအဖြစ် အသရေဖျက်ရန် ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများကို အသုံးပြုသည်။

မော်လမြိုင်တွင် ရိုဟင်ဂျာ ၁၈ ဦး ဖမ်းဆီးရမိ

လွတ်လပ်သော မွန်သတင်းအေဂျင်စီ
November 13, 2023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာ၊ ကျိုက်ခမီလမ်းမကြီးဘေးတွင် အထောက်အထားမဲ့ ရိုဟင်ဂျာ ၁၈ ဦး ဖမ်းဆီးရမိကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာ၊ ကျိုက်ခမီလမ်းမကြီးဘေးတွင် မသင်္ကာဖွယ် ရပ်တန့်ထားသည့် ယာဉ်တစ်စီးကို သက်ဆိုင်ရာတာဝန်ရှိသူတို့က သွားရောက် စစ်ဆေးခဲ့ရာမှ ရိုဟင်ဂျာများကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာစခန်းကို EU ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိ

VOA
၁၄ နိုဝင်ဘာ၊ ၂၀၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ဟာ တနင်္လာနေ့က ရိုဟင်ဂျာ ဒုက္ခ သည်စခန်းကို သွားရောက်ခဲ့ကြပြီး ဆက်လက်ပံ့ပိုးကူညီမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် UNB သတင်းဌာနကပြောပါတယ်။

Link : Here

ရိုဟင်ဂျာ ၂၀၀ နီးပါး အင်ဒိုနီးရှား အာချေးကျွန်းရောက်ရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၄ နိုဝင်ဘာ၊ ၂၀၂၃
အင်ဒိုနီးရှားနိုင်ငံ အာချေးကျွန်းကို ရောက်လာတဲ့ ရိုဟင်ဂျာတွေကိုတွေ့ရစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

အင်ဒိုနီးရှား နိုင်ငံ အနောက်ဘက်ဆုံး အာချေးပြည်နယ် Pidie ဒေသ ကျွန်း တကျွန်းပေါ် ရိုဟင်ဂျာ အယောက် ၂၀၀ လောက် လှေနဲ့ ရောက်လာတယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူ တဦး က ပြောပါတယ်။ အမျိုးသမီး နဲ့ ကလေး အများစု ပါဝင်တဲ့ ရိုဟင်ဂျာ မူဆလင် ၁၉၆ ယောက်ဟာ အင်္ဂါနေ့ မနက်ပိုင်းက လူသူကင်းဝေးတဲ့ နေရာကို ဆိုက်ရောက်လာတာလို့ ရေတပ် တပ်မှူး Andi Susanto က သတင်း ထုတ်ပြန်ပါတယ်။

Monday, November 13, 2023

Myanmar Military Caught Off Guard by Ethnic Alliance’s Northern Offensive

The Irrawaddy
by Aung Zaw
October 30, 2023

MNDAA Major General Peng Deqi (centre right) commands operations against Myanmar's military near Lashio Township in Myanmar’s northern Shan State on Oct. 27, 2023. / AFP
 
Its title—“Operation 1027”, a reference to its Oct. 27 launch date—is reminiscent of the code names the communist insurgents once gave to their military operations against the Myanmar military.

Myanmar Junta Outposts Fall in Northern Rakhine: Arakan Army

The Irrawaddy
Hein Htoo Zan
November 13, 202

The Chein Khar Li Border Guard Police outpost on the Angumaw-Maungdaw road. / The Irrawaddy
 
Clashes have broken out between the Arakan Army (AA) and Myanmar’s junta in Rathedaung, Kyauktaw, Minbya and Mrauk U townships on Monday, with at least three junta positions falling across Rakhine State, according to the armed group.

The AA attacked junta Border Guard Police outposts in Done Pike and Chein Khar Li villages, Rathedaung Township, in northern Rakhine State, before dawn.

ရခိုင် ပထမရက်တိုက်ပွဲအတွင်း စခန်းတချို့သိမ်းပိုက်ရရှိ ထားပြီး အရာရှိတချို့ ဖမ်းဆီးရမိထားဟု AA အတည်ပြု

Narinjara News
ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၃

ယနေ့ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် ပထမရက် ရခိုင်စစ်ပွဲ အတွင်း စစ်ကောင်စီတပ်စခန်း တချို့ ကို သိမ်းပိုက် ရရှိထားပြီး အရာရှိတချို့ ဖမ်းဆီးရမိထားသည်ဟုရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ် တော် (ULA/AA) ပြောခွင့်ရ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာသို့ ထုတ်ဖော်ပြောဆိုသည်။

ဘူးသီးတောင်တွင်နယ်ခြားစောင့် ရဲတပ်ကြပ်ကြီးတစ်ဦး စျေးတစ်ခုအတွင်း သေနတ်ပစ်ခံရပြီးသေဆုံး

Narinjara News
ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၃

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းစျေးထဲတွင် နယ်ခြားစောင့်ရဲတပ်ကြပ်ကြီးတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူ တပ်ကြပ်ကြီးမှာ ဒေသအခေါ် ဓားထိုး (ခ) တင်မြထွန်းဟု သိရသည်။

ရသေ့တောင်မြို့နယ် နယ်ခြားစောင့်ရဲစခန်းနှစ်ခုကို ရက္ခိုင့် တပ်တော် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဒုံးပိုက်စခန်းကို သိမ်းပိုက်ရရှိပြီဟုဆို

Narinjara
ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၃

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်မှ နယ်ခြားစောင့်ရဲစခန်းနှစ်ခုကို ယနေ့မနက်ပိုင်းက ရက္ခိုင့်တပ် တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒုံးပိုက်နယ်ခြားစောင့် စခန်းကို သိမ်းပိုက်ရရှိပြီး မီးစွဲ လောင် နေသည်ကိုမြင်တွေ့ရကြောင်း ဒေသခံများက နိရဉ္စရာသို့ပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက် ၊ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ချိန်ခါလီစခန်းနှင့် ဒုံးပိုက်စခန်းတို့ကို ထိုး စစ် ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၆ နာရီခွဲဝန်းကျင်တွင် ဒုံးပိုက်စခန်း မီးစွဲလောင်နေသည်ကို မြင် တွေ့ ရကြောင်း အနီးအနားရှိဒေသခံတစ်ဦးက ပြောသည်။

AA occupies two border guard posts in western Burma

Narinjara
13 November 2023

The Arakan Army (AA) resumes fighting against junta forces by attacking two border guard posts in Rathedaung township in Rakhine State this morning.

At 5 am on Monday, the AA members simultaneously attacked and occupied two border guard stations in Don Pike and Chang Khali villages on Ah Ngu Maw-Maungdaw road.

ရသေ့တောင်နဲ့မင်းပြားစစ်ကောင်စီတပ်စခန်းတချို့ AA သိမ်းပိုက်

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၃ နိုဝင်ဘာ၊ ၂၀၂၃

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ရခိုင့်တပ်တော် AA (ယခင်ပုံဟောင်း)

ရခိုင်မြောက်ပိုင်းက ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အ ဖွဲ့ကြား ဒီကနေ့မနက်ပိုင်းကစတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်စခန်းတချို့ကို သိမ်းပိုက်ရရှိထား သ လို အရာရှိတချို့ ဖမ်းဆီးရမိတာတွေရှိတယ်လို့လည်း ရက္ခိုင့်တပ်တော် AAပြောခွင့်ရ ခိုင်သုခက ဗွီအို အေကို အတည်ပြု ပြောပါတယ်။ 

ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်

RFA
RFA Burmese
2023.11.12
 

ရက္ခိုင့်တပ်တော် တိုက်ခိုက်ခဲ့သည့် ချိန်ခါလီ နယ်ခြားစောင့်ရဲစခန်းအား တွေ့ရစဉ်။ Photo: RFA 

ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေမှာ နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက ရက္ခိုင့် တပ်တော် (AA) က စစ်ကောင်စီ နယ်ခြားစောင့်ရဲစခန်းနဲ့ ယာဉ်တန်းတွေကို စတင်တိုက်ခိုက်ခဲ့ရာက နေ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်း တစ်ခုလုံး AA ထံ လက်နက်ချ

RFA
RFA Burmese
2023.11.13 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းဝင်းကို တွေ့ရစဉ်။ Narinjara News

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အပေါက်ဝရွာရဲစခန်းက စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံး ဆယ်ခန့်ဟာ နိုဝင်ဘာလ ၁၃ ရက် ဒီနေ့နေ့လယ် ၁၂ နာရီခွဲမှာ ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ခဲ ယမ်းတွေနဲ့အတူ လက်နက်ချခဲ့ကြောင်း ကိုယ်တိုင်တွေ့ခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားမှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး သေဆုံး

RFA
RFA Burmese
2023.11.13

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တစ်နေရာကို တွေ့ရစဉ်။ Mapio.net

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဖားပြို (ချင်း) အုပ်စု ဖေသာပြင်ရွာမှာ နိုဝင်ဘာ ၁၃ ရက် ဒီနေ့မနက် ပိုင်း က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် စပါးရိတ်သိမ်းနေတဲ့ ဒေသခံ ချင်း လူမျိုး တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့ကို ညကိုးနာရီနောက်ပိုင်း ညမထွက်ရအမိန့် စစ် ကောင်စီထုတ်

RFA
RFA Burmese
2023.11.13
 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင် စစ်ကောင်စီ သံချပ်ကာကား တစ်စင်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ် ရပ်ကွက်အားလုံးမှာ နိုဝင်ဘာလ ၁၃ ရက်ဒီနေ့ကစပြီး ညနေ ၉ နာရီ နောက်ပိုင်း အပြင်မထွက်ကြဖို့ ညမထွက်ရအမိန့်ကို ရက်အကန့်အသတ် မရှိဆိုပြီး စစ်ကောင်စီ ဘက် က ထုတ်ပြန်လိုက်ပါတယ်။

ပုဏ္ဏားကျွန်းက ထွက်ပြေးလာတဲ့ ရဲငါးဦးကို AA ဖမ်းဆီးသွား ကြောင်း ဒေသခံတွေပြော

RFA
RFA Burmese
2023.11.13

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အား ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ရစဉ်။ RFA 

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်ကနေ စစ်တွေမြို့ဘက်ကို ထွက်ပြေး လာတဲ့ စစ်ကောင် စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်ငါးဦးကို နိုဝင်ဘာလ ၁၃ ရက် ဒီနေ့ညနေပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်မှာ တိုက်ပွဲပြန်စပြီးနောက် စစ်တွေ-ရန်ကုန် ကားလမ်း ကို စစ်ကောင်စီ ပိတ်

RFA
RFA Burmese
2023.11.13 

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အဝေးပြေးကားဝင်းအား ၂၀၂၀ ခုနှစ် ဇွန်လ ၅ ရက်နေ့က တွေ့ရစဉ်။Photo: RFA

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ဒီကနေ့မနက်ပိုင်း တိုက်ပွဲစဖြစ်ပြီးနောက် စစ်တွေ-ရန်ကုန် ကားလမ်းမ စစ်တွေမြို့၀င်ဂိတ်နဲ့ ကျောက်တန်း စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ပိတ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */