" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 13, 2023

ပုဏ္ဏားကျွန်းက ထွက်ပြေးလာတဲ့ ရဲငါးဦးကို AA ဖမ်းဆီးသွား ကြောင်း ဒေသခံတွေပြော

RFA
RFA Burmese
2023.11.13

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အား ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ရစဉ်။ RFA 

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်ကနေ စစ်တွေမြို့ဘက်ကို ထွက်ပြေး လာတဲ့ စစ်ကောင် စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်ငါးဦးကို နိုဝင်ဘာလ ၁၃ ရက် ဒီနေ့ညနေပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ် ဗလီမော်ချောင်းဖျားကနေ စစ်တွေဘက် ကို ဟွန်ဒါစက်တပ်လှေငယ်နဲ့ ထွက်ပြေးလာတာဖြစ်ပြီး ဗလီမော်ချောင်း အတွင်းမှာရှိနေတဲ့ AA တပ်ဖွဲ့ ဝင်တွေက ဖမ်းဆီးလိုက်တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“၄ နာရီလောက်က ဖမ်းရတာလို့ ကြားတာပါ။ သူတို့က ဘယ်မှာ တာဝန်ကျနေကြ တာလဲ၊ ဘယ် က နေ ပြေးလာတာလဲ ဆိုတာကို အတိအကျမသိရပါ။ သူတို့က လှေနဲ့ ထွက်ပြေးကြတာပါ”

အဲဒီ ရဲတပ်ဖွဲ့ဝင်ငါးဦးကို ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာရှိတဲ့ AA တပ်စခန်းတစ်ခုမှာ ထိန်းသိမ်းထားတယ် လို့လည်း အဲဒီဒေသခံက ဆိုပါတယ်။

ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာအနီးက မီးရထားဘူတာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေ ဒီနေ့မှာပဲ စစ်တွေဘက်ကို ဆုတ်သွားတယ်လို့ အဲဒီရွာခံ တွေက RFA ကိုအတည်ပြုပြော ပါတယ်။

ဒီနေ့နေ့လယ်ပိုင်းမှာ အဲဒီတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA က ထွက်သွား မလား၊ လက် နက်ချမလား၊ ဒါမှမဟုတ် ဝင်တိုက်ရမလားဆိုပြီး သတိပေးခဲ့တာကြောင့် အခုလို ဆုတ်သွား တာဖြစ် တယ်လို့ ကွမ်းတောင်ရွာခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“ဘူတာမှာ တစ်ယောက်မှမရှိတော့ဘူး။ ဝင်သိမ်းတာတော့မဟုတ်ပါ။ ကိုယ့် အသိစိတ်နဲ့ ကိုယ် ဆုတ် မလား၊ အလင်းဝင်မလား၊ ဒါမှမဟုတ် ဒီဘက်က ဝင်တိုက် ရမလားဆိုပြီး AA ဘက်ကမေးတယ် လို့ ပြောတယ်တဲ့”

ကွမ်းတောင် မီးရထားဘူတာ တပ်စခန်းမှာ စစ်ကောင်စီတပ်သား အင်အားဆယ်ဦး ကျော်ရှိပြီး AAတပ် ဖွဲ့ဝင်တွေ သတိပေးပြီးနောက်ပိုင်း အားလုံးစစ်တွေဘက် ကားတွေနဲ့ ဆုတ်သွားကြတာလို့ ဆိုပါ တယ်။

ဒီကိစ္စအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ရခိုင် ပြည်နယ် ပြောခွင့် ရ သူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆို ခြင်း မရှိပါဘူး။

ဒီနေ့ နေ့လယ်ကလည်း ကျောက်တော်မြို့နယ် အပေါက်ဝရွာရဲစခန်းက ရဲတပ်ဖွဲ့ဝင် အင်အားသုံးဆယ် ဝန်းကျင်ဟာ မိသားစုတွေနဲ့အတူ AA ထံ လက်နက်ချခဲ့ကြပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */