" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 13, 2023

စစ်တွေမြို့ကို ညကိုးနာရီနောက်ပိုင်း ညမထွက်ရအမိန့် စစ် ကောင်စီထုတ်

RFA
RFA Burmese
2023.11.13
 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင် စစ်ကောင်စီ သံချပ်ကာကား တစ်စင်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ် ရပ်ကွက်အားလုံးမှာ နိုဝင်ဘာလ ၁၃ ရက်ဒီနေ့ကစပြီး ညနေ ၉ နာရီ နောက်ပိုင်း အပြင်မထွက်ကြဖို့ ညမထွက်ရအမိန့်ကို ရက်အကန့်အသတ် မရှိဆိုပြီး စစ်ကောင်စီ ဘက် က ထုတ်ပြန်လိုက်ပါတယ်။

စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ နိုဝင်ဘာ ၁၃ ရက်ဒီနေ့ အစည်းအဝေးဆုံး ဖြတ် ချက်အရ အခုလို ထုတ်ပြန်တာလို့ ရေးသားထားပါတယ်။

စားသောက်ဆိုင်တွေနဲ့ လမ်းဘေးဈေးဆိုင်တွေအနေနဲ့ ည ၈ နာရီခွဲမှာ ဆိုင်ပိတ်သိမ်းဖို့နဲ့အမိန့်ကိုလိုက် မနာရင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ညမထွက်ရအမိန့်နဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပေဒ ချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ဒီနေ့မနက် အစောပိုင်းကစပြီး တိုက်ပွဲ တွေ ပြန်စဖြစ်နေပါတယ်။

စစ်ကောင်စီတပ်ကလည်း စစ်တွေ-ရန်ကုန်ကားလမ်းနဲ့ စစ်တွေမြို့ကနေ တခြား မြို့နယ်တွေကို သွား လာ တဲ့ ရေလမ်းကြောင်းကိုပါ ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */