" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 13, 2023

ရသေ့တောင်မြို့နယ် နယ်ခြားစောင့်ရဲစခန်းနှစ်ခုကို ရက္ခိုင့် တပ်တော် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဒုံးပိုက်စခန်းကို သိမ်းပိုက်ရရှိပြီဟုဆို

Narinjara
ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၃

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်မှ နယ်ခြားစောင့်ရဲစခန်းနှစ်ခုကို ယနေ့မနက်ပိုင်းက ရက္ခိုင့်တပ် တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒုံးပိုက်နယ်ခြားစောင့် စခန်းကို သိမ်းပိုက်ရရှိပြီး မီးစွဲ လောင် နေသည်ကိုမြင်တွေ့ရကြောင်း ဒေသခံများက နိရဉ္စရာသို့ပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက် ၊ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ချိန်ခါလီစခန်းနှင့် ဒုံးပိုက်စခန်းတို့ကို ထိုး စစ် ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၆ နာရီခွဲဝန်းကျင်တွင် ဒုံးပိုက်စခန်း မီးစွဲလောင်နေသည်ကို မြင် တွေ့ ရကြောင်း အနီးအနားရှိဒေသခံတစ်ဦးက ပြောသည်။

" မနက်အစောကြီးကတည်းက စပြီးပစ်နေကြတာ။ ချိန်ခါလိန်စခန်းနဲ့ ဒုံးပိုက်စခန်းကို AA က ဝင် တိုက် နေတာလို့ သိရပါတယ်။ ဒုံးပိုက်စခန်းကိုတော့ ရသွားပြီလို့ကြားတယ်။အခု အဲဒီစခန်း ကမီး လောင်နေ တာမြင်ရတယ်" ဟု သူကပြောသည်။

အဆိုပါတိုက်ပွဲအတွင်း နှစ်ဘက်အထိအခိုက်အကျဆုံးကိုမူ ဒေသခံများအနေဖြင့် မသိရှိနိုင်သေး ကြောင်း ပြောဆိုကြသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စတင်ခဲ့သည့် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇စစ်ဆင် ရေး သည် ရခိုင်သို့ စတင် ကူးစက်လာသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ (MNDAA+TNLA+AA)မှ နိုဝင်ဘာ ၈ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်တွင် စတင် တိုက်ပွဲဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားလာနေပြီဖြစ်သဖြင့် ဒေသခံပြည်သူများအနေဖြင့် အထူးသတိထား သွားလာကြရန်နှင့် ကျေးရွာများသာမက မြို့ပေါ်များတွင်ပါ ဗုံးခိုကျင်းပြုလုပ်ကြရန် တိုက်တွန်း နိုး ဆော်မှုများရှိနေသည်။ (NN-23)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */