" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 13, 2023

ရခိုင်မှာ တိုက်ပွဲပြန်စပြီးနောက် စစ်တွေ-ရန်ကုန် ကားလမ်း ကို စစ်ကောင်စီ ပိတ်

RFA
RFA Burmese
2023.11.13 

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အဝေးပြေးကားဝင်းအား ၂၀၂၀ ခုနှစ် ဇွန်လ ၅ ရက်နေ့က တွေ့ရစဉ်။Photo: RFA

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ဒီကနေ့မနက်ပိုင်း တိုက်ပွဲစဖြစ်ပြီးနောက် စစ်တွေ-ရန်ကုန် ကားလမ်းမ စစ်တွေမြို့၀င်ဂိတ်နဲ့ ကျောက်တန်း စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ပိတ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
မြို့အ၀င်ကိုရော အထွက်ကိုပါ တင်းတင်းကျပ်ကျပ် ပိတ်ထားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မြို့အ၀င်ကိုရော အထွက်ကိုပါ သံဆူးကြိုးတွေကိုချပြီး အတင်းအကျပ်ပိတ်ထားတာပါ။ကားတွေရော ၊ ဆိုင်ကယ်တွေရော၊ ခြေလျင်ပါသွားလို့ မရဘူး။ စစ်ကားတွေလည်း ချထားတယ်။ စစ်သားရော၊ ရဲတွေ ရော အများကြီးပဲ။ ရခိုင်မှာ ဒီနေ့ တိုက်ပွဲပြန်စတော့ အခုလို ပိတ်လိုက်တာလို့ ထင်ပါတယ်”

ရသေ့တောင်မြို့နယ်က စစ်ကောင်စီတပ် နယ်ခြားစောင့် ရဲစခန်းနှစ်ခုကို နိုဝင်ဘာလ ၁၃ ရက် ဒီနေ့မ နက် အစောပိုင်းမှာ AA က ၀င်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီအနီးအနား ရွာတွေကဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မင်းပြားမြို့နယ်မှာလည်း တိုင်းဗဟို (၉) ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ကားနှစ်စီးကို AA က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေပြန်စဖြစ်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကရော AA ကပါ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */