" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 14, 2023

စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက် အချာအဖြစ် အသရေဖျက်

ဧရာဝတီ
14 November 2023

ဆောင်းပါးရှင်များ ဖြစ်သည့် ဦးအောင်နိုင်ဦးနှင့် ဒေါ်ရင်ရင်နွယ်

အနောက်အာဖရိကမှ ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို နိုင်ငံ တကာတရား ရုံး (ICJ) တွင် ဆက်လက် တရားစွဲဆိုနေစဉ် မြန်မာစစ်ကောင်စီသည် ထိုနိုင်ငံကို သမိုင်းဝင် ကျွန်စနစ်မှ ဆင်းရဲသော လိင်ခရီးသွားလုပ်ငန်း အချက်အချာ ဖြစ်လာသည့်နိုင်ငံအဖြစ် အသရေဖျက်ရန် ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများကို အသုံးပြုသည်။
ထိုအသရေဖျက်သည့် ဆောင်းပါး နှစ်ပုဒ်အနက် ပထမ တပုဒ်ကို စစ်ကောင်စီအဖွဲ့ရုံးဝန်ကြီး (၁) ဦး အောင်နိုင်ဦးက ရေးသည်။ ထိုစစ်အရာရှိဟောင်းက “စေတနာကောင်းသော တိုင်းပြည်” အမည်ဖြင့် ဆောင်းပါးကိုရေးပြီး အောက်တိုဘာလ ၁၇ ရက်နေ့ထုတ် စစ်ကောင်စီ သတင်းစာများတွင် ဖော်ပြ သည်။

နောက်ဆောင်းပါးတပုဒ်မှာ “ဂမ်ဘီယာအကြောင်း သိကောင်းစရာအချို့” ဟု အမည်ပေးပြီး အောက် တိုဘာလ ၃၁ ရက်နေ့တွင် ပုံနှိပ်ဖော်ပြကာ ရေးသားသူက စစ်ကောင်စီခေါင်းဆောင်၏ အကြံပေး၊ အာ ဏာရှင်ဟောင်း ဦးနေဝင်း၏ ချွေးမ ဒေါ်ရင်ရင်နွယ်ဖြစ်သည်။

ဦးအောင်နိုင်ဦးက သူ၏ ဆောင်းပါးတွင် ဦးသန်းရွှေ စစ်အုပ်စုက ၂၀၀၄ နှစ်တွင် ဂမ်ဘီယာသို့ ဆန် ရောင်းသည့် အကြောင်း ပြန်လည်ဖော်ပြသည်။ ဂမ်ဘီယာသည် ထိုစဉ်က တိုးတက်မှုနိမ့်ပြီး ဝင်ငွေ နည်းကာ စားနပ်ရိက္ခာ လုံခြုံမှု မရှိဘဲ လူဦးရေ ၄၇ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးကာ ၃၀ ရာခိုင်နှုန်း သည် အလွန်အမင်း ဆင်းရဲသည်ဟု ရေးသားထားသည်။ ထိုအချိန် မတိုင်မီက ထိုနိုင်ငံအမည်ကို သူတခါမှ မကြားဖူးကြောင်း ရေးသည်။

ဂမ်ဘီယာသည် ၂၀၀၄ ခုနှစ်တွင် စားနပ်ရိက္ခာ အကျပ်အတည်း ရင်ဆိုင်ရပြီး ဦးသန်းရွှေ စစ်အုပ်စု ထံမှ အကူအညီ တောင်းသည်ဟု ထိုစဉ်က နိုင်ငံပိုင် မြန်မာ့လယ်ယာထွက်ကုန် ကုန်သွယ်ရေးတွင် ဒု အထွေထွေမန်နေဂျာအဖြစ် ဆန်ရောင်းချမှုတွင် ပါဝင်သည့် အောင်နိုင်ဦးက ရေးသားသည်။ ထိုစဉ်က စစ်အစိုးရသည် အရည်အသွေးကောင်းသည့် ဆန်များကို ရောင်းဈေးထက် လျှော့ချပေးပြီး “လူသား ချင်း စာနာသည့် အသိစိတ်ဓာတ်ဖြင့်” ရောင်းပေးခဲ့သည်ဟု ရေးထားသည်။

ဂမ်ဘီယာသည် ဆန်တန်ချိန် ၃ သောင်း ဝယ်ယူသော်လည်း သတ်မှတ်ကာလအတွင်း ထိုပမာဏ ထက် ဝက်ကိုသာ တင်ပို့နိုင်သောကြောင့် ကျန်တဝက်အတွက် သိုလှောင်ခပေးရန် တာဝန်ရှိခဲ့သည်။ သို့သော် စစ်အုပ်စုက ထိုစရိတ်ကို မကောက်ခံဘဲထားခဲ့သည်ဟု ၎င်းကရေးသည်။

ဂမ်ဘီယာသို့ ဆန်တင်ပို့ခြင်းဖြင့် “မြန်မာပြည်သည် အမှန်ပင် စေတနာကောင်းသော တိုင်းပြည် တခု ဖြစ် ပါသည်” ဦးအောင်နိုင်ဦးက သူ၏ဆောင်းပါး နိဂုံးတွင် ဖော်ပြထားသည်။

စစ်တပ် သစ္စာခံ ဦးအောင်နိုင်ဦးသည် ဦးသိန်းစိန် အရပ်သားအစိုးရအတုနှင့် ယခုဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအောက်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားတိုးတက်ရေး ဝန်ကြီး ဌာန၌ လုပ်ကိုင်သည်။ လက်ရှိ စစ်ကောင်စီက သူ့ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေး ဝန်ကြီးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးအဖြစ် ဆက်လက်ခန့်သည်။

ဦးသိန်းစိန် အစိုးရတွင် ပညာရေးအကြံပေး လုပ်ခဲ့သည့် ရှမ်း-မွန် တိုင်းရင်းသူ ဒေါ်ရင်ရင်နွယ်ကဂမ်ဘီ ယာနိုင်ငံကို ထိုထက်ပင် ပိုမိုစော်ကားသည်။

ထိုနိုင်ငံသည် အာရပ်များ၏ ကျွန်ပြုခံရသောနိုင်ငံ၊ စာမတတ်သောနိုင်ငံ၊ အနောက်နိုင်ငံ ကုမ္ပဏီများ က ဆေးဝါး စမ်းသပ်ရန် အသုံးပြုခံရသည့် အာဖရိက ဓာတ်ခွဲခန်းနှင့် အမျိုးသားငယ်များက မြောက် ဥရောပမှ အသက်ကြီးသော အမျိုးသမီးများကို ဖျော်ဖြေပေးသည့် လိင်ခရီးသွားလုပ်ငန်း အချက်အ ချာနိုင်ငံဖြစ်သည်ဟု သူ၏ ဆောင်းပါးတွင် ရေးသားထားသည်။

၁၉၉၄ မှ ၁၉၉၉ ခုနှစ်အတွင်း မြို့တော် ဘန်ဂျူးသို့ ရောက်ရှိစဉ်က ဂမ်ဘီယာ လူငယ်များကို ကမ်းခြေ တွင် တွေ့ဖူးကြောင်း၊ အခြားလုပ်ဖော်ကိုင်ဘက်များက သတိပေးသောကြောင့် ဟိုတယ်မှ ပြင်ပသို့ သွား လာခြင်း မပြုကြောင်း ၎င်းကရေးသည်။

ICJ တွင် မြန်မာကို အမှုဖွင့်သောကြောင့် ဂမ်ဘီယာအနေဖြင့် အကျိုးခံစားခွင့် ရ၊ မရ ဒေါ်ရင်ရင်နွယ် မေးခွန်းထုတ်သည်။

NLD အစိုးရခေတ်က ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် ဂမ်ဘီယာက ၂၀၁၉ ခုနှစ်တွင် မြန်မာ ကို အမှုဖွင့်သည်။ စစ်ကောင်စီသည် ထိုအမှုကို ခုခံချေပနေပြီး အစ္စလမ်မစ် ပူးပေါင်းဆောင် ရွက် ရေး အဖွဲ့ (OIC) သည် ထိုတရားစွဲဆိုမှု နောက်ကွယ်တွင် ရှိကြောင်း စွပ်စွဲထားသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Media Smear Gambia as Impoverished Sex Tourism Hotspot ကို ဘာသာပြန်သည်။)

You may also like these stories:

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */