Wednesday, March 15, 2023

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဆွေးနွေးဖို့ မြန်မာကိုယ်စား လှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ရောက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၅ မတ်လ ၂၀၂၃

 

၂၀၁ရခုနှစ် အောက်တိုဘာလ ၁၆ရက်နေ့က ရိုဟင်ဂျာဒုက္ခသည်များ မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံနေရပုံ

 
ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်အတွက်ဆွေးနွေးဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေကပြောပါတယ်။ Teknaf မြို့ကို အဖွဲ့ဝင် ၁၇ ယောက် ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ရောက်လာတာလို့လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ရေးရာ ကော် မရှင်နာရုံး တာ ဝန်ရှိသူတွေက သတင်းဌာနတွေကို ဒီကနေ့ပဲ ပြောခဲ့ကြတာပါ။ 

Tuesday, March 14, 2023

စစ်ကောင်စီရဲ့ ရိုဟင်ဂျာပြန်လက်ခံရေးအစီအစဉ် ယုံကြည်မှုနည်း

RFA
RFA Burmese
2023.03.14
ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းဒေသ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် အဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။hinese Embassy in Myanmar

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေး ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက ဒုက္ခသည်တစ်ထောင်ကျော်ကို ရှေ့ပြေးစီမံချက်အနေနဲ့ ပြန်လည်လက်ခံဖို့ စီစဉ်နေပြီး ပြန်လာသူတွေ အတွက် အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီက RFA ကို ဒီနေ့ပြောပတယ်။

မြန်မာစစ်တပ်ကျူးလွန်မှုတွေအတွက် ICC ရဲ့ စုံစမ်းစစ်ဆေးမှုတွေ တိုးချဲ့ပေးဖို့ NUG တောင်းဆို

RFA
RFA Burmese
2023.03.14
မြင်းမူမြို့နယ်ဘက်အခြမ်း ညောင်ရင်းကျွန်းပေါ် မှာ အသတ်ခံခဲ့ရသူများ၏ ရုပ်အလောင်းများ သယ်ယူနေသည်ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ဘင်္ဂလားဒေ့ရှ် နယ်စပ်ဧရိယာတစ်လျှောက်က ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုနှင့် ပတ်သက် ပြီး စုံစမ်းစစ်ဆေးနေတာတွေအပြင် စစ်ကောင်စီ လက်ရှိကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကို ပါ ထပ်မံထည့်သွင်းပြီး စုံစမ်းစစ်ဆေးပေးဖို့ NUG အစိုးရက နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးကို တောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေကို လူသားချင်းစာနာမှုအထောက်အပံ့ ကန်ဘာသာရေး ကော်မရှင်ကြိုဆို

VOA
ဗွီအိုအေ (မြန်မာဌာန
၁၄ မတ်၊ ၂၀၂၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောဇ်ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းမြင်ကွင်း။ (မတ်လ ၂၅၊ ၂၀၂၁)

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီ အမေရိကန် ဒေါ်လာ ၂၄ သန်းနီးနီး အမေရိကန်အစိုးရက ထပ်မံချထားပေးလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် USCIRF က မတ်လ ၁၃ ရက်နေ့ မှာ ကြိုဆိုလိုက်ပါတယ်။

မတ်လ ၈ ရက်နေ့စွဲနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီ ၂၆ သန်းချထားလိုက်ပြီး ၂၄ သန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေအ တွက် အစီအစဉ်တွေမှာ အသုံးပြုမှာဖြစ်ပါတယ်။ ဒုက္ခသည် ၉၈၀,၀၀၀ နီးနီးနဲ့ အိမ်ရှင်အဖြစ်လက်ခံထားတဲ့ ဘင်္ဂလာဒေ့ရ်ှဒေသခံ လူ ၅၄၀,၀၀၀ ကိုပံ့ပိုးမှာ ဖြစ်ပါတယ်။

Monday, March 13, 2023

မီးဘေးသင့် ရိုဟင်ဂျာတွေကို အကူညီပိုတိုးပေးရေး NUG အကြံပေးတောင်းဆို

VOA
Mar 12, 2023 

မီးလောင်ကျွမ်းမှုဒဏ်ကို အကြီးအကျယ်ခံလိုက်ရတဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ဒီ့ထက်ပိုပြီး ထိရောက်တဲ့ အကူအညီတွေ ပိုတိုးပေးပါလို့ NUG အစိုး ရ လူ့အခွင့်အရေးဆိုင်ရာအကြံပေး ဦးအောင်ကျော်မိုးက တောင်းဆိုလိုက်ပါတယ်။မဆုမွန် ဆက်သွယ်မေးမြန်ထား ပါတယ်။
 
Link : Here

သံဖြူဇရပ်မြို့နယ်အတွင်း ရိုဟင်ဂျာ လူကုန်ကူးမှုများ ရှိလာ

DVB
2023 March 13 


မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးနဲ့ အနင်းကြားကငပိကျွန်းမှာ ရခိုင်ပြည်နယ်ဘက်က ဆင်းလာတဲ့ ရိုဟင်ဂျာတွေကို စုရပ်လုပ်ပြီး လူကုန်ကူးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရိုဟင်ဂျာတွေကို စုရပ်ကနေတဆင့် မြေကြီးသယ်တဲ့ ကားနဲ့ ထိုင်း-မြန်မာနယ်စပ်ဘက်ကို ပို့ဆောင်နေပြီး ရိုဟင်ဂျာတယောက်ကို ကျပ်သိန်းနဲ့ချီပေးရကာ အများဆုံးက ဘင်္ဂလားဒေ့ရှ် မြန်မာဒုက္ခသည်စခန်းကနေ အများဆုံးက ပါဝင်ကာ ထိုင်းနဲ့ မလေးဘက်ကို သွားရောက်ကြတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူက ရိုဟင်ဂျာဒုက္ခသည်စခန်းကို ပိတ်သိမ်းဖို့ စစ်ကောင်စီ ဖိအားပေး

RFA
RFA Burmese
2023.03.13
ကျောက်ဖြူမြို့နယ်က ရိုဟင်ဂျာဒုက္ခသည်များ ပြောင်းရွှေ့ရမည့် နေရာသစ်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ကျောက်တစ်လုံး ရိုဟင်ဂျာဒုက္ခသည်စခန်းကို မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး ပြောင်းရွှေ့ဖို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် ဒုက္ခသည် တွေက မပြောင်းရွှေ့ချင်ဘူးလို့ RFA ကို ပြောပါတယ်။

စစ်ကောင်စီက ရိုဟင်ဂျာတွေအတွက် စီစဉ်ထားတဲ့ နေရာသစ်က မြို့နဲ့ သုံးမိုင်ကျော်အထိ ကွာဝေးတာကြောင့် အလုပ်အကိုင်အဆင်မပြေတဲ့အပြင် လယ်ကွင်းပြင်ဖြစ်တာကြောင့် မိုးရာသီမှာ အခက်အခဲ ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ရိုဟင်ဂျာစခန်းမီးလောင်မှု ထိထိရောက်ရောက်အရေးယူဖို့ ဒုက္ခသည်တွေမျှော်လင့်

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.12
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းတစ်ခုမှာ မီးလောင်ခဲ့ပြီးနောက် မီးလောင်ပြင်မှာထိုင်နေတဲ့ ရိုဟင်ဂျာကလေးငယ်တစ်ဦး။Reuters

ပြီးခဲ့တဲ့တစ်ပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားက ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် (၁၁)မှာနေအိမ်သုံးထောင်ကျော်ဆုံးခဲ့ရတဲ့ မီးလောင်မှုဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရှို့မီးလို့ ဒုက္ခသည်တွေက ယူဆကြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်း လောင်ကျွမ်းမှု "ရှို့မီး" ဖြစ်ကြောင်း စုံစမ်းရေးအဖွဲ့သတ်မှတ်

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၃ မတ်၊ ၂၀၂၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးအကြီးအကျယ်လောင်နေစဉ် (မတ် ၅၊ ၂၀၂၃)

ရိုဟင်ဂျာထောင်ဂဏန်း အိမ်ယာမဲ့ဖြစ်ခဲ့ရတဲ့ ရိုဟင်ဂျာစခန်းတွင်းမီးလောင်မှုဟာ တမင်စီစဉ်ဆောင်ရွက်တဲ့အဖျက်လုပ်ရပ်ဖြစ်တယ်လို့ စုံစမ်းရေးအဖွဲ့က တနင်္ဂနွေနေ့က ပြောပါတယ်။ အခုနှစ် မတ်လ ၅ ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း မီးလောင်လို့ လူနေအိမ်ခြေ ၂,၈၀၀ လောက်နဲ့ ဆေးရုံဆေးခန်းနဲ့ စာသင်ကျောင်းအပါအဝင် အဆောက်အဦး ၉၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

Saturday, March 11, 2023

Is Myanmar junta going to repatriate Rohingyas finally?

daily obsever
Op-Ed

Mehjabin Bhanu
Sunday, 12 March, 2023




Bangladesh and Myanmar are working fast to start a pilot project for Rohingya repatriation before the monsoons. The list of more than 1000 Rohingya citizens has already been handed over from Bangladesh for repatriation. The Myanmar government is speedily verifying it. Besides, the country is arranging the rehabilitation of Rohingyas in Rakhine.

Myanmar wants to start the pilot project quickly to increase the acceptance of the military junta under pressure from the international community. The first priority of Bangladesh is the repatriation of Rohingya and the government is working towards this goal. Rakhine situation is now better than ever. Security, living arrangements, education and health conditions for Muslims in Rakhine have greatly improved. For this reason, the two countries want to start repatriation.

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များအား ပြန်ပို့ဆောင်ရန် ရှေ့ပြေးစီမံချက်အရ လူ(၁၀၀၀)စာရင်းကို မြန်မာဘက်သို့ စိစစ်ရန် ပေးပို့ထားပြီဟုဆို

နိရဉ္စရာ
မတ် ၁၁/၂၀၂၃

လာမည့် မိုးမကျမီ ရခိုင်ပြည်နယ်မှ ထွက်ပြေးသွားကြသော မွတ်ဆလင်ဒုက္ခသည်များအား အမြန်ဆုံး ပြန်လည်လက်ခံရန် ရှေ့ပြေးစီမံချက်တစ်ရပ်ကို ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာအာဏာပိုင်များ အပူတပြင်း ဆောင်ရွက်နေကြပြီးလတ်တလောတွင် စတင်လက်ခံရန် လူ(၁၀၀၀)စာရင်းကို ဘင်္ဂလားဒေ့ရှ်က မြန်မာဘက်သို့ စိစစ်ရန် ပေးပို့ထားပြီဟု သိရသည်။

မြန်မာအစိုးရဘက်ကလည်း ပြန်လည်လက်ခံရေး အတွက် စိစစ်မှုများ အမြန်လုပ်ဆောင်နေပြီး ပြန်လည်နေရာချထားရေးအစီအစဉ်များအကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု တာဝန်ရှိသူများက ဆိုသည်။

Friday, March 10, 2023

နေထိုင်ရေးအခက်အခဲ ဖြေရှင်းပေးဖို့ စစ်ကောင်စီကို ရိုဟင်ဂျာဒုက္ခသည်တွေတောင်းဆို

RFA
RFA Burmese
2023.03.10

ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းဒေသ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် အဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။
Chinese Embassy in Myanmar 

စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံက သံရုံးအကြီးအကဲတွေရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်မှာ ဒုက္ခသည်စခန်းမှာ နေထိုင်ရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ စစ်တွေမြို့က ရိုဟင်ဂျာဒုက္ခသည်တွေက RFA ကို မတ်လ ၁၀ ရက် ဒီနေ့ ပြော ပါတယ်။

မတ်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးနိုင်ငံက သံရုံးအကြီးအကဲတွေ ရခိုင် ပြည် နယ်က နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေ ပြန်လက်ခံနိုင်ရေး စစ်ကောင်စီရဲ့ အစီအစဉ်တွေကို သွားရောက်လေ့လာခဲ့ကြတာပါ။

နိုင်ငံတကာသံတမန်များ လာရောက်စဉ် ကျောက်ဖြူမှ မွတ်စလင်ဒုက္ခသည်များ အခက်အခဲ တင်ပြခွင့်မရ

DVB
10 March, 2023 


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တလုံး မွတ်စလင်ဒုက္ခသည်စခန်းကို မတ် ၉ ရက် နေ့လယ်ပိုင်းမှာ စစ် ကောင်စီလက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို လှိုင်နဲ့ နိုင်ငံတကာသံတမန်တွေ ရောက်လာခဲ့ပေမဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ တင်ပြခွင့်မရခဲ့ဘူးလို့ ဒုက္ခ သည်တွေက ပြောပါတယ်။

စစ်ကောင်စီ၏ မွတ်ဆလင်လက်ခံရေးပြင်ဆင်နေမှု နိုင်ငံခြား သံတမန်အဖွဲ့ သွားရောက်ကြည့်ရှု

DMG
Admin 09 Mar 2023 



စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်ဦးရေ ၁,၀၀၀ ကျော်ကို ပထမအဖြတ်အဖြစ် ပြန် လည် လက်ခံရန် စီစဉ်ထားကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

လှဖိုးခေါင် မွတ်ဆလင် လက်ခံရေးစခန်းကို ၂၀၂၀ ခုနှစ်အတွင်းက ဝေဟင်မှမြင်တွေ့ရစဉ်။ (ဓာတ်ပုံ - DMG)

တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံတမန်များ၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ရေးညှိနှိုင်းမှု ဗဟိုဌာန (AHA Center) မှ ကိုယ်စားလှယ်များသည် ယမန်နေ့ မတ်လ ၈ ရက်နေ့က မောင်တောမြို့နယ်ရှိ မွတ်ဆလင် ပြန်လည်လက်ခံရေးစခန်းမှ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းခရီးစဉ်တွင် နိုင်ငံခြားသံတမန်များနှင့်အတူ စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ရခိုင်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်း နှင့်အဖွဲ့ လည်း ပါဝင်ခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

စစ်တွေရှိ မွတ်ဆလင်ဒုက္ခသည် ၃ဝကျော်ကို စစ်ကောင်စီက နိုင်ငံသားစိစစ်ရေးသက်သေခံ NVC ကတ်များထုတ်ပေး

နိရ ဉ္စရာ
မတ် ၁၀/၂၀၂၃ 

                                 ဓာတ်ပုံ - ၂ဝ၁၇ ခုနှစ်အတွင်း ရခိုင်တွင် NVC ကတ် ထုတ်ပေးခဲ့စဉ်။ Photo - ပြန်/ဆက်


ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ သက္ကေပြင်ဒုက္ခသည်စခန်းမှ မွတ်ဆလင် ဒုက္ခသည် ၃ဝ ကျော်ကို ယမန်နေ့ မတ် လ ၉ ရက်က လ၀ကတာဝန်ရှိသူများက နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်(National Verification Card - NVC)များ ထုတ်ပေးခဲ့ကြောင်း သိရသည်။

သက္ကေပြင်စခန်းရှိ မွတ်ဆလင်ဒုက္ခသည် အမျိုးသားနှင့် အမျိုးသမီး၊ စုစုပေါင်း ၃၆ ဦးအတွက်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ယမန်နေ့ မတ်လ ၉ ရက်တွင် စခန်းသို့လာရောက်ကာ ပေး အပ်ခဲ့ခြင်းဖြစ်သည်ဟု စခန်းကော်မတီတာဝန်ရှိသူတစ်ဦးက ပြောသည်။


နိုင်ငံခြားသံတမန်အဖွဲ့ရောက်ရှိစဉ် စစ်တွေနှင့် ကျောက်ဖြူရှိ မူဆလင်ဒုက္ခသည်များ အခက်အခဲနှင့် လိုအပ်ချက်များကို တင်ပြတောင်းဆိုခွင့်မရခဲ့ဟုဆို

နိရဉ္စာရာ

10 Mar, 2023 

စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့ရှိ မူဆလင်ဒုက္ခသည်များစခန်းများသို့ ရောက်ရှိလာသည့် နိုင်ငံခြားသံတ မန် အဖွဲ့ကို အခက်အခဲနှင့်လိုအပ်ချက်များကို တင်ပြတောင်းဆိုခွင့်မရခဲ့ဟု ဒုက္ခသည်များက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

စစ်ကောင်စီနေပြည်တော်ဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သော နိုင်ငံခြားသံတမန်အဖွဲ့သည် မတ်လ ၈ ရက်တွင် စစ်တွေမြို့နယ်ရှိ သက္ကေပြင် ဒုက္ခသည်စခန်းသို့လည်းကောင်း၊ မတ်လ ၉ ရက်တွင် ကျောက်ဖြူမြို့ရှိ ကျောက်တ လုံးဒုက္ခသည်စခန်းသို့လည်းကောင်း ရောက်ရှိလာကာ ဒုက္ခသည်များအား တွေ့ဆုံခဲ့သည်။

The Rohingya endure crisis after crisis

The Washington Post
Analysis by Ishaan Tharoor
Columnist
March 10, 2023 

Police guard the Kutupalong Rohingya refugee camp. (Turjoy Chowdhury for The Washington Post)


Last weekend, a fire ripped through a stretch of one the world’s largest and most cramped refugee camps. Though no deaths were reported, the blaze incinerated more than 2,000 shelters and left more than 12,000 Rohingya people homeless, half of whom are children, according to local Bangladeshi officials. It was just the latest misery to befall a community already coping with years of dispossession, deprivation and statelessness.

UK provides new life-saving support for Rohingya people

GOV.UK 
10 March 2023

ရိုဟင်ဂျာဒုက္ခသည်အရေး အပါအဝင် ကဏ္ဍစုံအတွက် ရန်ပုံငွေဒေါ်လာ ၁၅၇ သန်းကျော် ကနေဒါ ထောက်ပံ့မည်

DVB
9 March, 2023

မတ် ၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ခဲ့စဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအရေး အပါအဝင် တခြားကဏ္ဍတွေအတွက် ရန်ပုံငွေဒေါ်လာ ၁၅၇ သန်းကျော်ကို ကနေဒါနိုင်ငံက ထောက်ပံ့ကူညီသွားမယ်လို့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီး ဌာန ဝန်ကြီး ဟာဂျစ် ဆာဂျန်က ပြောလိုက်ပါတယ်။

ဝန်ကြီး ဟာဂျစ် ဆာဂျန်ဟာ ကနေဒါနိုင်ငံရဲ့ ပစိဖိတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီရဲ့ တာဝန်ရှိသူတ ယောက် လည်းဖြစ်ကာ ဝန်ကြီးအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကနေ မတ် ၅ ရက်အတွင်း ဖိလစ်ပိုင်၊ ဘင်္ဂ လားဒေ့ရှ်နဲ့ ကာတာနိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီးမှာ ခုလို အတည်ပြုလိုက်တာပါ။

Thursday, March 9, 2023

တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် သံတမန်တွေ စစ်တပ်ရဲ့ ရိုဟင်ဂျာလက်ခံရေး ပြင်ဆင်နေတာကို သွားရောက် ကြည့်ရှု့ခဲ့

B B C
ဘီဘီစီမြန်မာပိုင်း
၂၀၂၃ မတ်လ ၉ ရက်။


တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးအကြီးအကဲတွေ မောင်တောနဲ့ စစ်တွေတို့က စစ်ကောင်စီက ပြင်ဆင်လုပ်ကိုင်နေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အစီအစဥ်နဲ့ ပြင်ဆင်မှုတွေကို မတ်လ ၈ရက်နေ့က သွားရောက်ကြည့်ရှု ခဲ့တယ်လို့ သိရပါတယ်။

အဲဒီခရီးစဥ်ကို စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင် ခဲ့ပြီး တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်အပြင် အာဆီယံသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ် ရေးညှိနှိုင်းမှု ဗဟိုဌာန (AHA Center) က ကိုယ်စားလှယ်တွေလည်း ပါဝင်တယ်လို့ စစ်ကောင်စီသတင်းစာ တွေက ဒီကနေ့မှာ ဖော်ပြပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */