" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 10, 2023

စစ်တွေရှိ မွတ်ဆလင်ဒုက္ခသည် ၃ဝကျော်ကို စစ်ကောင်စီက နိုင်ငံသားစိစစ်ရေးသက်သေခံ NVC ကတ်များထုတ်ပေး

နိရ ဉ္စရာ
မတ် ၁၀/၂၀၂၃ 

                                 ဓာတ်ပုံ - ၂ဝ၁၇ ခုနှစ်အတွင်း ရခိုင်တွင် NVC ကတ် ထုတ်ပေးခဲ့စဉ်။ Photo - ပြန်/ဆက်


ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ သက္ကေပြင်ဒုက္ခသည်စခန်းမှ မွတ်ဆလင် ဒုက္ခသည် ၃ဝ ကျော်ကို ယမန်နေ့ မတ် လ ၉ ရက်က လ၀ကတာဝန်ရှိသူများက နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်(National Verification Card - NVC)များ ထုတ်ပေးခဲ့ကြောင်း သိရသည်။

သက္ကေပြင်စခန်းရှိ မွတ်ဆလင်ဒုက္ခသည် အမျိုးသားနှင့် အမျိုးသမီး၊ စုစုပေါင်း ၃၆ ဦးအတွက်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ယမန်နေ့ မတ်လ ၉ ရက်တွင် စခန်းသို့လာရောက်ကာ ပေး အပ်ခဲ့ခြင်းဖြစ်သည်ဟု စခန်းကော်မတီတာဝန်ရှိသူတစ်ဦးက ပြောသည်။


"လူတွေကလည်း နိုင်ငံသားရဖို့တောင်းဆိုကြတယ်။ အဲတော့ NVC ကတ်ကို အရင်ကိုင်ရမယ်လို့ ပြောတယ်။ NVC ကတ်ကို ရုံးကိုသွားထုတ်ဖို့အဆင်မပြေဘူးလို့ ကျနော်တို့ကပြောလို့ သူတို့က ဒီမှာလာပေးတယ်။ ထုတ်ပေး လိုက်လို့ NVC ကိုင်ပြီးရင် နိုင်ငံသားလျှောက်ရမယ့်သဘောပါ။ နိုင်ငံသားလျှောက်ဖို့အတွက်ကတော့ ရုံးကိုသွားပြီး လျှောက်ရပါမယ်။ နိုင်ငံသားလျှောက်တာက တစ်နှစ်လောက်ကြာပေမယ့် မရတာ အများကြီးပါ" ဟုပြောသည်။

အဆိုပါစခန်းသို့ စစ်ကောင်စီပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သည့် အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များက မတ် လ ၈ ရက်တွင် သွားရောက်ခဲ့စဉ် ဘောဒူဖအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးစိုးလှက စခန်းနေဒုက္ခသည်များ အ တွက် NVC ကတ်များကို ထုတ်ပေးရန် ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ပေးအပ်လာခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ သက္ကေပြင် IDP Camp တွင် ဒုက္ခသည်ပေါင်း ၆၄၀၀ ကျော်ရှိကာ အိမ်ထောင်စုတစ်စုစီလျှင် ပျမ်းမျှလူဦး ရေ ၆ ဦးမှ ၁၀ ကျော်အထိရှိသည်ဟု သိရသည်။

အဆိုပါ NVC ကတ်ပြားကို ထုတ်ယူရာတွင် ဖြည့်စွက်ရသောအချက်အလက်များမှာ ကွဲပြားနေသဖြင့် NVC ကတ် ကို မွတ်ဆလင်အများအပြား လက်မခံမှုများရှိကြသည်ဟု မူဆလင်လူငယ်တစ်ဦးက ပြောသည်။

"အဲဒီမှာဖြည့်ခိုင်းတဲ့အကြောင်းအရာတွေက ကျနော်တို့ကိုယ်တိုင်တောင်မသိတဲ့အကြောင်းတွေပါတယ်လေ။ ကျ နော်တို့ကို ဘယ်နေရာကနေ ဘယ်နခုနှစ်မှာဝင်လာလဲတွေဖြည့်ခိုင်းတယ်။ ကျနော်တို့အဘိုးအဘွား လက်ထက်က နေ ကျနော်တို့ဒီမှာနေလာကြတာ။ ကျနော်တို့က အဲဒါတွေကို ဘယ်လိုဖြည့်ရမှာလဲ။ အဲဒီကတ်က နိုင်ငံခြားသားကို မှတ်ပုံတင်လုပ်တဲ့ပုံစံမျိုးဖြစ်နေတယ်။ ကျနော်တို့နဲ့မဆိုင်တဲ့ကိစ္စတစ်ခုကို ကျနော်တို့က ဘယ်လိုမျိုးဖြည့်နိုင်မလဲ ပေါ့။ အဲဒီထဲက အကြောင်းအရာတွေကို မမှန်မကန်ဖြည့်လိုက်ရင်လည်း ကျနော်တို့က ဥပဒေကို ဆန့်ကျင်ရာ ရောက်မှာပေါ့။ အဓိက အဲဒီကိစ္စတွေကြောင့် NVC ကိုလက်မခံနိုင်ကြတာပါ" ဟု ပြောသည်။

ရခိုင်ရှိ မွတ်ဆလင်များသည် NVC ကတ်ပြား ရရှိထားသော်လည်း လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးသည့် ပုံစံ (၄)ရှိမှ သာလျှင် သတ်မှတ်ထားသည့် ရက်ပိုင်းအတွင်း သတ်မှတ်ထားသည့်မြို့ကို ခရီး သွားလာခွင့်ရကြောင်း သိရသည်။

ရခိုင်ရှိ မွတ်ဆလင်များကို ယခင်က White Card ဟုခေါ်သည့် ယာယီသက်သေခံကတ်ပြားများကို ထုတ်ပေးခဲ့သော် လည်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် ယင်း White Card များကို ဖျက်သိမ်းပြီး ၂ဝ၁၅ ခုနှစ်မှစတင်ကာ NVC ကတ်များကို ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

၁၉၈၂ ခုနှစ် နိုင်ငံသားစိစစ်ရေးဥပဒေနှင့်အညီ စစ်ဆေးလုပ်ဆောင်စဉ် ကာလအတွင်း နိုင်ငံသားများ ဖြစ်မလာနိုင် မီ ယခု NVC ကတ်များကို ကိုင်ဆောင်ကြရမည်ဖြစ်သည်ဟု ဆိုသည်။

NVC ကတ်ကိုင်ဆောင်သူများကို နိုင်ငံသားဖြစ်ခွင့်ပြုခြင်းမဟုတ်သော်လည်း ကတ်ကိုင်ဆောင် ထားသူများသည် လုပ်ရိုးလုပ်စဉ် လုပ်ငန်းစဉ်တခုမှတဆင့် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်သည့် အခွင့်အရေးရှိသည်ဟု သက် ဆိုင်ရာက ထုတ်ပြန်ချက်များအရ သိရသည်။ (NN-8) 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */