" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 10, 2023

ရိုဟင်ဂျာဒုက္ခသည်အရေး အပါအဝင် ကဏ္ဍစုံအတွက် ရန်ပုံငွေဒေါ်လာ ၁၅၇ သန်းကျော် ကနေဒါ ထောက်ပံ့မည်

DVB
9 March, 2023

မတ် ၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ခဲ့စဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအရေး အပါအဝင် တခြားကဏ္ဍတွေအတွက် ရန်ပုံငွေဒေါ်လာ ၁၅၇ သန်းကျော်ကို ကနေဒါနိုင်ငံက ထောက်ပံ့ကူညီသွားမယ်လို့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီး ဌာန ဝန်ကြီး ဟာဂျစ် ဆာဂျန်က ပြောလိုက်ပါတယ်။

ဝန်ကြီး ဟာဂျစ် ဆာဂျန်ဟာ ကနေဒါနိုင်ငံရဲ့ ပစိဖိတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီရဲ့ တာဝန်ရှိသူတ ယောက် လည်းဖြစ်ကာ ဝန်ကြီးအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကနေ မတ် ၅ ရက်အတွင်း ဖိလစ်ပိုင်၊ ဘင်္ဂ လားဒေ့ရှ်နဲ့ ကာတာနိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီးမှာ ခုလို အတည်ပြုလိုက်တာပါ။

ဒီခရီးစဉ်အတွင်းမှာတော့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဆိုင်ရာ အရေးကိစ္စတွေ၊ စားနပ်ရိက္ခာဖူလုံရေး၊ အစိမ်း ရောင်ဝန်းကျင်နဲ့ အားလုံးပါဝင်နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးစွမ်းဆောင်နိုင်မှု၊ ကျန်းမာရေးနဲ့ ကျားမတန်းတူ ညီ မျှမှုတိုးတက်ရေး စတာတွေကိုလည်း အဓိကထား ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ကာတာနိုင်ငံ ဒိုဟာ မှာ ကျင်းပတဲ့ ၅ ကြိမ်မြောက် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံ (LDC5) ကိုလည်း တက် ရောက်ခဲ့ပြီး ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့အတွက် အား လုံး ပါဝင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အရေးပါမှုကို အလေးပေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


ကနေဒါနိုင်ငံက ထောက်ပံ့ကူညီမယ့် ရန်ပုံငွေတွေထဲက ဒေါ်လာ ၉၈ ဒသမ ၆ သန်းကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ လူ့အခွင့်အရေး၊ ရာသီဥတုဒဏ်ခံနိုင်မှု၊ လေ့ကျင့်ရေးနဲ့ အလုပ်အကိုင်၊ လူငယ်တွေအတွက် ပညာရေးလက်လှမ်းမီမှုအပြင် ဒုက္ခသည်တွေအတွက်   လူသားချင်းစာနာ ထောက်ထားမှုနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးဝေနိုင်မှု တိုးတက်စေမယ့် အစီအစဉ်တွေမှာ ပံ့ပိုးပေးသွားမယ် လို့ ဆိုပါတယ်။ ကျန်တဲ့ ဒေါ်လာ ၅၉ သန်းကိုတော့ ကလေးသူငယ် သေဆုံးမှုကို လျှော့ချနိုင်ဖို့နဲ့ ရာသီဥတုပြောင်း လဲမှုကို တိုက်ဖျက်နိုင်ရေးအတွက် အာဟာရနဲ့ ရေရှည်တည်တံ့နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်တွေမှာ ပံ့ပိုးပေးသွားမယ်လို့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံ (LDC5) မှာ ကြေညာလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာနဲ့ တွေ့ဆုံမှုမှာတော့ အင်ဒို-ပစိဖိတ်ဒေသတွင်း ကနေဒါနိုင်ငံရဲ့ ကတိက ဝတ်နဲ့ နှစ်နိုင်ငံကြား ရေရှည်အောင်မြင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဘက်ဆက်ဆံရေးအတွက်လည်း ဆွေးနွေးခဲ့ ကြတယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးမှုတွေထဲမှာတော့ ယူကရိန်းကို ရုရှားကျူးကျော်မှုအပေါ် ကနေဒါနိုင်ငံက တုံ့ပြန်တဲ့ အခြေအနေတွေ အပါအဝင် ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းနဲ့ မြန်မာနိုင်ငံ အခြေအနေနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းနိုင်ငံတွေမှာ ခိုလှုံရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန် နိုင်ငံက လည်း ဒေါ်လာ ၂၆ သန်းနီးပါး ထပ်မံပံ့ပိုးကူညီသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က ပြီးခဲ့တဲ့ မတ် ၇ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ဒီထောက်ပံ့မှုကိုတော့ မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြပြီး ဘင်္ဂလားဒေ့ရှ် အပါအဝင် ဒေသတွင်းနိုင်ငံတွေမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ နိုင်ငံတွေအတွက် အသုံးပြုသွားမယ်လို့ ဆိုပါ တယ်။

ပြီးခဲ့တဲ့ မတ် ၅ ရက်က ဘာလုခါလီ ဒုက္ခသည်စခန်း မီးလောင်မှုမှာ အိမ်ခြေ ၂,၀၀၀ ကျော် မီးထဲပါသွားခဲ့ပြီး သောင်း နဲ့ချီတဲ့ ရိုဟင်ဂျာ မီးဘေးဒုက္ခသည်တွေအတွက် လတ်တလောမှာ အရေးပေါ် အကူအညီတွေ လိုအပ်နေ တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ခံစားခဲ့ကြရတဲ့ ရိုဟင်ဂျာအိမ် ထောင်စုတွေအတွက် အနက်ရှိုင်းဆုံးစာနာမှု စည်းလုံးညီညွတ်မှုတို့ကို ဖော်ပြအပ်ကြောင်း၊ UNHCR၊ နိုင်ငံတကာ မိတ်ဘက်တွေ၊ ဒေသခံ ရိုဟင်ဂျာအဖွဲ့အစည်းတွေနဲ့အတူ ထိခိုက်ခံစားခဲ့ရတဲ့ အိမ်ထောင်စုတွေအတွက် အကူအ ညီ ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ မတ် ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ အိမ်ခြေ ၇,၀၀၀ ကျော်နဲ့ လူဦးရေ ၃၀,၀၀၀ ကျော်ရှိပြီး မီးလောင်တဲ့ နေ ရာက ဘာလုခါလီ အမှတ် ၂ စခန်း ၁၁ မှာဖြစ်ပြီး အဲ့ဒီဒုက္ခသည်စခန်းတွေက နှစ်စဉ် နွေရာသီရောက်တိုင်း မကြာ ခဏ မီးလောင်လေ့ရှိပါတယ်။

Link : Her

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */