" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 10, 2023

နိုင်ငံတကာသံတမန်များ လာရောက်စဉ် ကျောက်ဖြူမှ မွတ်စလင်ဒုက္ခသည်များ အခက်အခဲ တင်ပြခွင့်မရ

DVB
10 March, 2023 


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တလုံး မွတ်စလင်ဒုက္ခသည်စခန်းကို မတ် ၉ ရက် နေ့လယ်ပိုင်းမှာ စစ် ကောင်စီလက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို လှိုင်နဲ့ နိုင်ငံတကာသံတမန်တွေ ရောက်လာခဲ့ပေမဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ တင်ပြခွင့်မရခဲ့ဘူးလို့ ဒုက္ခ သည်တွေက ပြောပါတယ်။

ကျောက်တလုံး မွတ်စလင်ဒုက္ခသည်စခန်းမှ ဒုက္ခသည် လူကြီးတဦးက “ကျနော်တို့ကို တင်ပြဖို့ အချိန်ပေးတဲ့အချိန် မှာ အာဏာပိုင်တွေက အစည်းအဝေးအခမ်းအနား ပြီးဆုံးကြောင်း ကြေညာလိုက်တာ။ ကျနော်တို့ ဘာမှ မတင်ပြ နိုင်ခဲ့ကြရဘူး။ သူတို့ ဘာတွေဆွေးနွေးလဲ ဆိုတော့ သူတို့ plan ကို သူတို့ချပြပြီး Powerpoint ထိုးပြီး ရှင်းပြသွား တာ။ ဒီဟာက ရေကန်၊ ဒီဟာက IDP စခန်းနေရာချထားတဲ့ မြေကွက်က ဦးပိုင်ကုမ္ပဏီပိုင်မြေက ဘယ်လောက် ပါ တယ်၊ ခမရ ၅၄၂ တပ်ပိုင်မြေက ဘယ်လောက်ပါတယ်၊ ဒီမြေနေရာတွေအတွက် ပြည်နယ်အစိုးရရဲ့ ရန်ပုံငွေ သန်း ဘယ်လောက်နဲ့ ဒီမြေနေရာတွေကို ဝယ်ရတယ်။ ဒီစခန်းရဲ့ အိမ်ခြေ ၃၆၇ အိမ်မှာ အိမ်တလုံးကို ကုန်ကျငွေက ဘယ်လောက်ကုန်တယ် ဆိုတာကို Powerpoint နဲ့ထိုးပြီး ရှင်းပြသွားတာ။ ခရိုင်အုပ်ချုပ်ရေးမှူးက Powerpoint နဲ့ထိုးပြတယ်။ နိုင်ငံတကာသံတမန်တွေကို သူတို့မှာ ပါလာတဲ့ ဘာသာပြန်နဲ့ ဘာသာပြန်ပြတယ်။ အဲဒါပါပဲ” လို့ ပြောပါတယ်။

ကျောက်ဖြူ၊ ကျောက်တလုံး မွတ်စလင်ဒုက္ခသည်စခန်းမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပ က္ခတွေကြောင့် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်က မွတ်စလင်တွေကို မြို့နဲ့ ၃ မိုင်ကျော်ဝေးတဲ့ ကျောက်တလုံးဘုရားအ နီး မှာ ဒုက္ခသည်စခန်း ဖွင့်လှစ်ထားရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အဆိုပါနေရာနဲ့ ၂ ဖာလုံကျော်ဝေးတဲ့ နေရာမှာ မိသားစုတစုအတွက် အလျား ၄၀၊ အနံ ၂၀ ပေရှိတဲ့ မြေ တကွက်ပေးကာ နေအိမ်တွေကို ကျပ် သန်း ၂,၀၀၀ ကျော် အကုန်ခံပြီး တည်ဆောက်ထားတယ်ဆိုတဲ့ နေရာသစ် မှာ ကျောက်တလုံး IDP စခန်းက ဒုက္ခသည်တွေကို ဧပြီလအတွင်း အပြီးပြောင်းရွှေ့နေရာချပေးဖို့ စစ်ကောင်စီက ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

“ဒီ IDP စခန်းမှာ တောင်းဆိုစရာတွေက အများကြီးပဲလေ။ ပုံစံ ၁၀၅/၁၀၆ မပေးဘူး။ ပုံစံ ၁၁ မပေးဘူး။ ပုံစံ ၁၁ က အမွေဆက်ခံလို့ရတဲ့ အထောက်အထားပဲ။ မြေစာရင်းမှာ လုပ်ရတာ။ ဆိုလိုတာက အခု သူတို့ပေးတဲ့ မြေနဲ့အိမ် ကို သားသမီးနဲ့ ဇနီး အမွေဆက်ခံနိုင်ရမယ်။ အဲဒီလိုမပေးတော့ ကျနော်တို့ပိုင်တယ်လို့ သတ်မှတ်လို့မရဘူး။ ကျ နော် တို့က ကျောက်ဖြူမြို့ပေါ် ရပ်ကွက်တွေက ထွက်ပြေးလာခဲ့ကြရတာ။ ရပ်ကွက်တိုင်းမှာ သာသနိကအဆောက် အအုံ ဗလီဝတ်ကျောင်းတခုစီ ရှိတယ်။ အဲဒီ ဗလီဝတ်ကျောင်းနေရာတွေကိုတောင် မပေးဘူး။ ပလပ်မြေနေရာတွေ များစွာရှိတယ်။ ပေးပါလို့ အကြိမ်ကြိမ် တောင်းခဲ့တယ်။ ခရိုင်နဲ့ ပြည်နယ်တောင်မက ဗဟိုအထိ တောင်းပေမဲ့ မပေး ဘူး။”

ကျောက်ဖြူ၊ ကျောက်တလုံး မွတ်စလင်ဒုက္ခသည်စခန်းမှာ အိမ်ခြေ ၃၆၇ အိမ်၊ လူဦးရေ ၁,၀၀၀ ကျော် နေထိုင်နေ တာပါ။

အစိုးရက ပြန်လည်နေရာချထားဖို့ ငွေကျပ်သန်း ၂,၀၀၀ ကျော် အကုန်အကျခံ ဆောက်လုပ်ထားတဲ့ လူနေအိမ် တွေ မှာ လူမနေထိုင်မီကတည်းက ပြိုပျက်နေကြပြီး အဲဒီနေရာမှာ ဒီရေတွေတက်ကာ ဆားငံရည် ပတ်လည်ဝန်းရံ ထားတဲ့နေရာဖြစ်တာကြောင့် မိုးရာသီမှာ အခက်အခဲကြုံလာနိုင်လို့ နေထိုင်ဖို့ မဖြစ်နိုင်ကြောင်း ဒုက္ခသည်တွေဆီ က သိရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */