Thursday, November 28, 2019

ICJ ၊ICC တရားရုံးများမှာ မြန်မာ တရားစွဲခံရမှုကို ထောက်ခံ ကြောင်း မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ ထုတ်ပြန်


B B C
ဘီဘီစီ မြန်မာပိုင်း
28 နိုဝင်ဘာ2019
ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ နဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံက နိုင်ငံတကာရာဇဝတ်မှု တရား ရုံး ICC အပါအဝင် နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်မူအရ အာဂျင်တီးနား တရားရုံးမှာ အမှုဖွင့်ပြီး မြန်မာတပ်မ တော်ကို အရေးယူနိုင်ရေး ကြိုးပမ်းနေတာကို မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့က ထောက်ခံတယ်လို့ နိုဝင်ဘာလ ၂၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ် ။

နယ်သာလန်က ဒီဇင်ဘာ ကြားနာပွဲ မြန်မာဘာတွေ ရင်ဆိုင် ရဖို့ ရှိလဲ

B B C
ဘီဘီစီ မြန်မာပိုင်း
28 နိုဝင်ဘာ 2019
 နယ်သာလန် နိုင်ငံမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ လုပ်မယ့် ကြားနာပွဲဟာ ဂမ်ဘီယာဘက် က ICJ ကို တင် ထားတဲ့အထဲက ကြားဖြတ်အရေးယူဆောင်ရွက်မှု Provisional Measures တွေ မြန်မာဘက်က လိုက်နာ ဖို့ လိုမလို ဆုံးဖြတ်ဖို့ အဓိက ဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်က လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အရေးယူဖို့ အားနည်းချက်တွေရှိခဲ့

B B C
ဘီဘီစီ မြန်မာပိုင်း
28 နိုဝင်ဘာ 2019

ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုကြောင့် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲခံရတဲ့ အမှုကို ဖြေရှင်းဖို့ မြန်မာနိုင်ငံဘက်က ပြင်ဆင်နေပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တယ်ဆိုတဲ့ ရခိုင်ပဋိပက္ခတွေနဲ့ ပတ် သက်လို့ အစိုးရက စုံစမ်းရေးကော်မရှင်တွေ ဖွဲ့ပြီး စစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့်လည်း အခုလို ICJ ရဲ့ တရား စွဲ ဆိုမှုကို ကြုံခဲ့ရပါတယ်။ စုံစမ်းရေး ကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေ၊ စုံစမ်းစစ်ဆေးမှုတွေမှာ လစ်ဟာမှုတွေ ရှိခဲ့လို့လား ICJ အထိ တရားစွဲဆိုမှုက ဘာလို့ ဖြစ်လာရပါသလဲ ။ကုလသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုဖီ အာနန်ရဲ့ ရခိုင်ပြည်နယ် အကြံ ပေး ကော်မရှင်မှာ ပါဝင်ခဲ့ဘူးသူအဖွဲ့ဝင်ဟောင်း ဦးအေးလွင်ကို မအိမ့်ခိုင်ဦး က ဆက်သွယ် မေးမြန်းထားပါတယ်။ 

နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ ကိစ္စများဖြေ ရှင်းရန် အထူးအဖွဲ့ဖွဲ့စည်း

Myanmar Times
စိုင်းဝဏ္ဏ မြန်မာတိုင်းမ်နေ့စဉ်
28 NOV 2019  
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အဆောက်အဦ။ ဓာတ်ပုံ- မြန်မာတိုင်းမ်ပြည်ထောင်စုရှေ့နေ ချုပ် ရုံးမှဦးဆောင်ကာ နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကိုဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် အတိုင် ပင်ခံရုံးဝန်ကြီးဌာနက နိုဝင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။

ICJ တရားစွဲဆိုမှု

KUMUDRA
ဘကြီးမိုး
28 NOV 2019
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံ၏အကျိုးစီးပွား ကာကွယ် ရန်အတွက် နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစီး ဆောင်ရွက်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ တွင် နိုင်ငံတော် အတိုင်ပင်ခံရုံးမှ သတင်း ထုတ်ပြန်ထားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်

(၁၃၈၁ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်)
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်)

 ၁။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့် စပ်လျဉ်း၍ ဂမ်ဘီယာ နိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆို ခဲ့ပါသည်။ ကုလ သမဂ္ဂပဋိညာဉ်စာချုပ်အရ မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်းသည် အပြည်ပြည်ဆိုင်ရာ တရားရုံး၏ အဖွဲ့ဝင်ဖြစ်ပါသည်။ ဤကိစ္စသည် နိုင်ငံ၏ အကျိုးစီးပွား၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ အကျိုးစီးပွားဖြစ်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်၍ ဖြေရှင်း ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ ဖွဲ့စည်း

The Voice
28-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၂၇

နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင် ရေးဆိုင်ရာကိစ္စများကို ဖြေရှင်းဆောင်ရွက်ရန်အတွက် နိုင်ငံတကာ ရာဇဝတ်မှု တရား စီရင်ရေးဆိုင်ရာအထူးအဖွဲ့ (Special Unit on International Criminal Justice) ကို သမ္မ တ ရုံးက ဖွဲ့စည်းလိုက် ကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါအထူးအဖွဲ့သည် နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ဖြေရှင်းဆောင်ရွက် နိုင်ရန်အပြင် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ဥပဒေ ကြောင်း အရ အကြံ ပြုနိုင်ရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်ကို ICJ အရေးယူရန် ကြိုးပမ်းမှု မြောက်ပိုင်းသုံး ဖွဲ့ ထောက်

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
ခင်မောင်စိုး
2019-11-28

ICJ ကုလသမဂ္ဂတရားရုံးကို တွေ့ရစဉ်
Photo: IJC


ကိုးကန့်တပ်မတော် MNDAA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရခိုင့်တပ်မတော် AA တို့ က မြန်မာ့တပ်မတော်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုအပေါ် ICJ အပြည်ပြည်ဆိုင်ရာတရားရုံးနဲ့ တခြားတရားရုံး တွေကအရေး ယူရန် ကြိုးပမ်းလုပ်ဆောင်ချက်တွေကို ထောက်ခံကြောင်း နိုဝင်္ဘာလ ၂၈ ရက် မနေ့က ကြေ ညာလိုက်ပါတယ်။

Wednesday, November 27, 2019

အသားလို၍ မရိုးတောင်းခြင်း

The Voice
27-Nov-2019
သိန်းထွန်း ( IR )
လတ်တလော ကာလအတွင်း လှုပ်ခတ်မှုအရှိဆုံး သတင်းကတော့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက နိုင်ငံတ ကာတရားရုံးမှာ တရားစွဲဆိုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ တရားစွဲ ရခြင်းအကြောင်းကတော့ အားလုံး သိပြီးဖြစ်တဲ့ ဘင်္ဂါလီများအရေးပဲ ဖြစ်ပါတယ်။

စက်တင်ဘာမှာ သက်တမ်းကုန်တဲ့ လူ့အခွင့်အရေး ကော်မ ရှင်ကို အစိုးရက အသစ်ခန့်မပေးသေး

B B C
 ဘီဘီစီ မြန်မာပိုင်း
26 နိုဝင်ဘာ 2019
 စက်တင်ဘာ ၂၄ ရက်နေ့မှာ ငါးနှစ်သက်တမ်း ပြည့်ခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ကို အစိုးရက အသစ် ထပ်မံ ပြင်ဆင် ဖွဲ့စည်း ပေးတာမျိုး မရှိသေးတဲ့ အတွက် လက်ရှိ တည်ဆဲ ဥပဒေအရ နောက်ထပ် ကော်မရှင် ထပ်မဖွဲ့ မချင်း လက်ရှိ အဖွဲ့က မူလ တာဝန်တွေကို ဆက်လက် ထမ်းဆောင်ခွင့် ရှိတယ်လို့ ကော်မရှင် အဖွဲ့ဝင် တယောက်က ပြောပါတယ်။

နယ်မြေရှင်းလင်းရေးကြောင့် ရခိုင်စစ်ပွဲ ပိုမိုပြင်းထန်လာဖွယ် ရှိ

VOA 
ဗွီအိုအေ (မြန်မာဌာန)
27 နိုဝင်ဘာ၊ 2019
သက်နိုင်
မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာအနီးမှာ အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အရပ်သားထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပေမယ့်၊ တပ်မတော် ဘက်က တော့ ငြင်းပါတယ်။

ဒုက္ခသည်လက်ခံရေး အစီအစဉ်ကြန့်ကြာမှု ဘင်္ဂလားဒေ့ရှ် ကို အပြစ်တင်

VOA 
ဗွီအိုအေ (မြန်မာဌာန)
27 နိုဝင်ဘာ၊ 2019
မေခ
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလုပ်ငန်းတွေ နှောင့်နှေးကြန့် ကြာနေရတာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပျက်ကွက်မှုကြောင့်ဖြစ်တယ်လို့မြန်မာနိုင်ငံခြားရေးအကြီးတန် အရာရှိ တဦးက ဝေဖန်လိုက်ပါတယ်။

နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် 


Submitted by cwmsco2 on Wed, 11/27/2019 - 09:23

ဥပဒေစကားဝိုင်းမှတစ်ဆင့်

ဥပဒေစကားဝိုင်းမှတစ်ဆင့်
Wed, 11/27/2019

ဥပဒေစကားဝိုင်း

ကျွန်တော်တို့ ရှေ့နေများ စုဝေးဆုံတတ်ကြပါသည်။ များသောအားဖြင့် လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ထ မင်းဆိုင်များတွင် ဖြစ်ပါသည်။ ဆွေးနွေးပွဲပုံစံမဟုတ်တတ်ကြပါ။ အလုပ်ရုံ ဆွေးနွေးပွဲ၊ ဟောပြောပွဲလည်း မဟုတ်ပါ။ ကြီးကြီး ကျယ်ကျယ် အစည်းအဝေးပုံစံလည်း မဟုတ်ပါ။ဆုံတုန်း၊ ဆုံခိုက် စုပြီးစကားပြောသော ပုံစံဖြစ်ပါသည်။ သာရေး၊ နာရေး၊ လူမှုရေး အကြောင်း ပြောဆိုကြရာမှ ဥပဒေရေးရာအကြောင်းရောက်သွားတတ် ကြပါသည်။ လွယ်လွယ် ကလေးများ ပြောဆိုနေကြရာမှ ခက်ခက်ခဲခဲ၊ တိုင်းရေးပြည်ရေး၊ ဥပဒေရေးရာများအကြောင်း ဖြစ်သွားတတ်ကြပါသည်။ ထိုအခါ “ဥပဒေစကားဝိုင်း” ဖြစ်သွားပါ လေသည်။

Myanmar's military companies should be sanctioned

Aljazeera  
by &

Rohingya refugees gather to mark the second anniversary of the exodus at the Kutupalong camp in Cox's Bazar, Bangladesh, August 25, 2019 [File: Rafiqur Rahman/Reuters]
 
During the optimistic years that ultimately led to the National League for Democracy forming a government in 2016, the international community confirmed its faith in Myanmar's transition from military rule by lifting a succession of economic sanctions that had been imposed on the country. But there were warnings that this response came too soon.

‘The Hidden History of Burma’ Traces the Vanishing of Hope

The New York Times
Jennifer Szalai
Nov. 19, 2019
Credit...Patricia Wall/The New York Times



When you purchase an independently reviewed book through our site, we earn an affiliate commission.

ICJ ကိစ္စ ကွန်ဗန်းရှင်းပါ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာအ ကောင်အထည်ဖော်ရန် လိုအပ်ဟု KNU ပြော

KIC
November 27, 2019
စအိုင်ဆူး
လက်ရှိမြန်မာအစိုးရ အနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)တွင် အမှုရင်ဆိုင်သွားမည့် ကိစ္စရပ်အပေါ် အခြေခံ၍ ကွန်ဗန်းရှင်းပါ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း KNU- ကရင်အမျိုးသားအစည်းအရုံး က ပြောဆိုလိုက်သည်။

ဘင်္ဂလားဒေ့ရှ်တပ်မတော်က မြန်မာ့တပ်မတော်နှင့် ဆက်ဆံ ရေး ပိုမိုကောင်းမွန်လို

ဧရာဝတီ
By Muktadir Rashid
27 November 2019
 ဗိုလ်ချုပ်ကြီး အဇစ်ကို ရာထူးတိုးမြှင့်ခန့်အပ်သော အခမ်းအနား / Youtube
 

 ဘင်္ဂလားဒေ့ရှ် တပ်မတော်သည် မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေးနယ်ပယ် ပိုမိုချဲ့ထွင်လိုပြီး မြန်မာဘာ သာစကား ကျွမ်းကျင်မှု၊ ပူးတွဲလေ့ကျင့်ခြင်းနှင့် ထောက်လှမ်းရေး သတင်းဖလှယ်ခြင်း စသည့်နယ်ပယ်များ တွင် ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ကြိုးစားနေသည်။

ICJ တရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ဖွဲ့

B B C
ဘီဘီစီ မြန်မာပိုင်း
27 နိုဝင်ဘာ 2019

နိုင်ငံတကာခုံရုံး ICJ မှာ တရားရင်ဆိုင်တဲ့အခါ ဥပဒေကြောင်းအရ အထောက်အကူပြုနိုင်မယ့် နိုင်ငံတကာ ရာဇ ဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ရက်မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

Tuesday, November 26, 2019

ကျောက်တော်ဘဏ်က ရဲစခန်းကို သွားအပ်တဲ့ငွေ သိန်း ထောင်ချီ လမ်းမှာ အလုခံရ

B B C
ဘီဘီစီ မြန်မာပိုင်း 
26 နိုဝင်ဘာ 2019
ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်မြို့ မြန်မာ့စီးပွားရေးဘဏ်ကနေ ရဲစခန်းကို သွားအပ်တဲ့ ငွေ ကျပ် သိန်း ၂၁၀၀ ကျော်ကို အမည်မသိ မျက်နှာဖုံး စွပ်ထားတဲ့ လူနှစ်ဦးက လမ်းခုလတ်မှာ လုယက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */