" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 27, 2019

အသားလို၍ မရိုးတောင်းခြင်း

The Voice
27-Nov-2019
သိန်းထွန်း ( IR )
လတ်တလော ကာလအတွင်း လှုပ်ခတ်မှုအရှိဆုံး သတင်းကတော့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက နိုင်ငံတ ကာတရားရုံးမှာ တရားစွဲဆိုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ တရားစွဲ ရခြင်းအကြောင်းကတော့ အားလုံး သိပြီးဖြစ်တဲ့ ဘင်္ဂါလီများအရေးပဲ ဖြစ်ပါတယ်။
ဘင်္ဂါလီများအရေးအတွက် မြန်မာနိုင်ငံကို ICJ မှာတရားစွဲဖို့ ယခုမှရုတ်ခြည်း ဖြစ်လာတာမဟုတ်ပါဘူး။ တစ်ဆင့် ပြီး တစ်ဆင့်တက်လာတဲ့ ဖိအားများထဲက တစ်ခုလို့ မြင်မိပါတယ်။ ဘင်္ဂါလီတွေ နိုင်ငံသား ဖြစ်ခွင့်ရဖို့၊ နိုင်ငံသား အခွင့်အရေးအပြည့်အဝရဖို့ မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံက ဖိအားပေးနေတာ ကြာပါပြီ။ ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကတစ်ဆင့် ဖိအားပေးပါတယ်။ ကုလသမဂ္ဂနဲ့ လုံခြုံရေး ကောင်စီမှတစ်ဆင့် ဖိအား ပေးပါတယ်။ လူ့အခွင့်အရေးအဖွဲ့အစည်းများမှတစ်ဆင့် ဖိအားပေးပါတယ်။ ICC မှတစ်ဆင့် ဖိအားပေးပါတယ်။ ယခု ICJ မှတစ်ဆင့် ဖိအားပေးနေပါပြီ။ မြန်မာနိုင်ငံဟာ ICJ အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အ တွက် ရင်ဆိုင်ရတော့မှာပါ။ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ထဲမှာ အောက်ပါအချက်များပါဝင်တယ်လို့ သိရပါတယ်။

၁။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ရန်ဆောင်ရွက်နေမှု များကို ရပ်တန့်ရန်။
၂။ တာဝန်ရှိသူများကို အရေးယူရန်။
၃။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်အားလုံးကို ပြန်လက်ခံရန်။
၄။ ပြန်လာတဲ့ ဒုက္ခသည်များရဲ့ လုံခြုံရေးကို အာမခံရန်။
၅။ ဘင်္ဂါလီတွေကို နိုင်ငံသားအခွင့်အရေးအပြည့်အဝပေးရန်။
၆။ သူတို့ရဲ့ လူ့အခွင့်အရေးများကို ကာကွယ်ပေးရန်။
၇။ နောက်ထပ် လူမျိုးတုံးသတ်ဖြတ်မှုများမဖြစ်အောင် မြန်မာအစိုးရက တာဝန်ယူဆောင်ရွက်ရန်။

ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် OIC ရဲ့ရည်ရွယ်ချက်ကို သုံးသပ်လို့ရပါတယ်။ ဖော်ပြပါအချက်တွေဟာ OIC နဲ့ အပေါင်းအပါတွေ တစိုက်မတ်မတ် တောင်းဆိုနေတဲ့ အချက်များပဲ ဖြစ်ပါတယ်။ ဒီအချက်တွေရရှိဖို့ လည်း မြန် မာနိုင်ငံအပေါ် နည်းလမ်းအမျိုးမျိုးနဲ့ ဖိအားပေးနေတာ ကြာပါပြီ။ ဒီလိုဖိအားတွေ ထပ်မံရောက် လာမယ်ဆိုတာ ၎င်းတို့ အကွက်ဆင်လုပ်ဆောင်ချက်တွေကို သုံးသပ်ခြင်းအားဖြင့် သိနိုင်ပါတယ်။ မရရတဲ့ နည်းနဲ့ သူတို့လိုလား ချက်ကို ရအောင်ယူမယ့်သဘောလို့ ဆိုချင်ပါတယ်။ အဲဒီလိုယူနိုင်ဖို့လည်း သူတို့ဘက် မှာ အခွင့်ကောင်းတွေ အ များကြီး ရှိနေပါတယ်။ ယခင်ကာလများကတည်းကဖြစ်ပွားနေတဲ့ ဘင်္ဂါလီအရေး ဟာ ဘာကြောင့် ယခုမှ ဒီ လောက်ကြီးထွားလာရသလဲဆိုတဲ့ အားနည်းချက်ကို ရှာကြဖို့ လိုအပ်ပါလိမ့်မယ်။ မည်သူ့ကိုသာစေ၊ မည်သူ့ ကို နာစေတဲ့ အစွဲတရားထက် အရှိတရား၊ အရင်းခံအကြောင်းရင်းကို သုံးသပ်လို ခြင်း ဖြစ်ပါတယ်။

ပထမအချက်အနေနဲ့ မြန်မာ့ပြည်တွင်းရေးရှုထောင့်ကကြည့်ရင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကာလပြည်တွင်း မှာ စည်းလုံးညီညွတ်မှု အားနည်းနေပါတယ်။ ဒီအတွက် အခွင့်အရေး အမြတ်ထုတ်လိုသူတွေ အတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေပါပဲ။ အထူးသဖြင့် အစိုးရနဲ့ တပ်မတော်ရဲ့ အနေအထားလို့ပဲ ပြောပါ ရစေ။ ရခိုင် ဒေသမှာဆို ရင် လည်း ပြည်တွင်းတိုက်ခိုက်မှုတွေက ပိုတိုးလာနေတဲ့ အနေအထား ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက် ကိုင်ပဋိပက္ခတွေ၊ ငြိမ်းချမ်းရေးကိစ္စတွေ၊ အမျိုးသားရင်ကြားစေ့ရေးကိစ္စ၊ စီးပွားရေးကိစ္စတွေနဲ့နိုင်ငံမှာအားနည်း ချက်တွေ မြင်နေရပါတယ်။ မိမိရဲ့အားနည်းချက်က ရန်သူ့အတွက် အားသာချက်တွေပဲ ဖြစ်ပါတယ်။

ဒုတိယအချက်က ဘင်္ဂါလီတွေအတွက် နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံသားအခွင့်အရေးနဲ့ နေရာရရှိရေးရာဟာ ၎င်း တို့ရဲ့ ပင်မရည်မှန်းချက်အဖြစ် ယခင်ကတည်းက တောင်းဆိုနေခဲ့တာပါ။ ယခုမှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအပေါ် အ ရေးယူမယ်ဆိုတာလည်း ဒီရည်ရွယ်ချက်အတွက်ပါ။ တစ်ဦးတစ်ယောက်ကို၊ အဖွဲ့တစ်ဖွဲ့ကို ကအ ပြစ်ပေး အရေး ယူရုံနဲ့ ယခု ကိစ္စက ပြေလည်နိုင်စရာ မရှိဘူးလို မြင်မိပါတယ်။ မြန်မာနိုင်ငံအပေါ် ဖိအားတွေပေး၊ အရေးယူမှု တွေလုပ်ပြီးရင် တောင်းဆိုမှာက ဘင်္ဂါလီများအတွက် နိုင်ငံသားဖြစ်ခွင့်နဲ့ နိုင်ငံသားအခွင့်အ ရေးတွေပဲ ဖြစ်ပါလိမ့် မယ်။ အဲဒီရည်ရွယ်ချက်တွေကို OIC က ချမှတ်ထားတဲ့ရည်မှန်းချက်တွေမှာ ယခင်က တည်းက ဖော်ပြထားပြီး ဖြစ်ပါတယ်။

ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေ မြန်မာနိုင်ငံပြန်လာရေး ဘယ်လောက်ပဲ ခေါ်နေပါစေ ပြန်မလာတဲ့ ရည်ရွယ် ချက် က သူတို့လိုချင်တဲ့ ရည်ရွယ်ချက် မရသေးလို့ဆိုတာ သိသာနေပါတယ်။ ဒီအချိန်မှာ ထွက်ပြေးတဲ့ ဘင်္ဂါလီတွေ မြန်မာနိုင်ငံကိုပြန်လာဖို့ ဝေါနဲ့ပင့်ခေါ်မယ်ဆိုရင်တောင် ပြန်မလာဘူးလို့ ရဲရဲပြောနိုင်ပါတယ်။ ဒါပေမဲ့ သူတို့လို ချင် တဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ နိုင်ငံသား အခွင့်အရေးတွေပေးမယ်ဆိုရင်တော့ ချက်ချင်းပြန် လာပါလိမ့်မယ်။ ဒါဟာ သူတို့လိုချင်တဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။

တတိယအချက်ကတော့ နိုင်ငံတကာအခြေအနေပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ OIC ထောက်ခံတဲ့သူတွေနဲ့ နိုင်ငံ တွေ နေရာရနေတာ၊ OIC ရဲ့ ဩဇာကြီးမားလာတာ၊ အင်အားကြီးနိုင်ငံများရဲ့ ကိုယ်ကျိုး စီးပွားဖော် ဆောင်နေ တာ၊ ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံအပေါ်လွှမ်းမိုးလိုနေတာတွေကလည်း အကြောင်းတိုက်ဆိုင်စွာ မြန်မာနိုင်ငံ အပေါ် ဖိအားပေးလို့ကောင်းတဲ့အခြေအနေ ဖြစ်နေပါတယ်။ ဒီအခွင့်အရေးတွေကို အိမ်နီး ချင်း နိုင်ငံနဲ့ OIC က အထိရောက်ဆုံးအသုံးချနေတယ်လို့ သုံးသပ်နိုင်ပါတယ်။

ဒီအတွက် မြန်မာနိုင်ငံအနေနဲ့ ICJ မှာ ရင်ဆိုင်ရတော့မှာပါ။ ရှောင်လွှဲလို့မရတော့ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ICJ မှာ နိုင်ခဲ့ရင်ကော ဘာဖြစ်မလဲ၊ ရှုံးခဲ့ရင်ကော ဘာဆက်ဖြစ်မလဲ ဆိုတာကို သူတို့လိုလားချက်နဲ့ ဆက်စပ် စဉ်းစား လိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ICJ မှာရှုံးခဲ့လို့ အပြစ်ရှိသူကို အပြစ်ပေးမယ်ဆိုရင်လည်း ယခုကိစ္စ ပြေလည်သွား မယ်လို့ မထင်ပါဘူး။ ရှုံးတဲ့အတွက် နိုင်ငံတကာဖိအားတွေ သက်ရောက်လာပြီး နိုင်ငံအတွက် နစ်နာကြရပါလိမ့် မယ်။ သူတို့လိုလားချက်ကို တောင်းဆိုပါလိမ့်မယ်။ ICJ မှာ မြန်မာနိုင်ခဲ့ရင်လည်း ယခုကိစ္စ ပြေလည်မယ်လို့ မယူ ဆပါဘူး။ နောက်ထပ်ဖိအားတစ်ခု ထပ်ရောက်လာမှာ သေချာပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ICJ မှာ နိုင်ခြင်း၊ မ နိုင် ခြင်းထက် ဘင်္ဂါလီများအတွက် နိုင်ငံသားအခွင့်အရေးပေးခြင်း၊ မပေးခြင်းက သာ အဓိကလို့ ယူဆမိပါတယ်။

ဒီအတွက် ICJ မှာ ရင်ဆိုင်ဖို့ ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်သလို ဘင်္ဂါလီများ နိုင်ငံသားဖြစ်ခွင့်နဲ့ နိုင်ငံသားအခွင့်အ ရေးပေးခြင်းကိစ္စဖြေရှင်းဖို့ ကြိုတင်ပြင်ဆင်ရန်လိုအပ်မယ်လို့ အကြံပြုလိုပါတယ်။ ဒီအတွက် မြန်မာနိုင်ငံရဲ့ အား နည်းချက်တွေက ဘာတွေလဲ၊ အားသာချက်တွေက ဘာတွေလဲ၊ နိုင်ငံတကာဆက်ဆံရေးမှာ မြန်မာနိုင်ငံရဲ့ အား နည်းချက်တွေက ဘာတွေလဲ၊ အားသာချက်တွေက ဘာတွေလဲဆိုတာ ဆန်းစစ်ရမှာပါ။ ဒါ့အပြင်ဘင်္ဂါလီများ နဲ့ ပတ်သက်တဲ့ မူဝါဒခိုင်ခိုင်မာမာ ချမှတ်ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။လူအခွင့်အရေးတွေ၊ နိုင်ငံ တကာစံနှုန်းတွေကို လေးစားလိုက်နာ ရမယ်ဆိုတာ နားလည်လက်ခံပါတယ်။ သို့သော်လည်းမိမိနိုင်ငံအခြေအ နေ၊ မိမိနိုင်ငံအချုပ်အခြာအာဏာ၊ မိမိတိုင်းရင်းသားများအတွက်လည်း ထည့်သွင်း စဉ်းစားဖို့ လိုအပ်ပါ လိမ့်မယ်။

လူ့အခွင့်အရေးကို အကြောင်းပြပြီး ကိုယ်ကျိုးစီးပွားဆောင်ရွက်နေတာ၊ ကိုယ်ကျိုးစီးပွားကာကွယ်သူတွေ ရှိနေ တယ်ဆိုတာကိုလည်း လက်ခံစဉ်းစားဖို့ လိုအပ်ပါတယ်။ မိမိနိုင်ငံနဲ့ နိုင်ငံသားတွေကိုနစ်နာစေပြီး လူ့ အခွင့်အရေး နဲ့ နိုင်ငံတကာ စံနှုန်းတွေကို မျက်စိမှိတ်လက်ခံတယ်ဆိုတာ ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိပါဘူး။

ဒီတော့ ယခုရင်ဆိုင်နေရတဲ့ ICJ ကိစ္စဟာ တစ်ဦးတစ်ယောက်ကိစ္စ၊ အဖွဲ့အစည်းတစ်ခုကိစ္စ မဟုတ်ပါဘူးတစ်နိုင် ငံလုံးနဲ့ သက်ဆိုင်တဲ့၊ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဒီအပေါ်မှာ အမြင်မတူ တာတွေ၊ သ ဘောထားမတိုက်ဆိုင်တာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ရှိလည်း ရှိနေပါတယ်။ ဒီလိုအချင်းချင်း လူကွဲ၊ မူကွဲအုပ်စု ကွဲ မဖြစ်သင့် ဘူးလို့ အတွေးတိမ်တိမ်နဲ့ တိုက်တွန်းလိုပါတယ်။ ICJ ကိစ္စဟာ ၎င်းတို့ လို လားချက်အတွက်ဖိအား ပေးတဲ့နည်းလမ်းများထဲက နည်းလမ်းတစ်ခုလို့ပဲ ယူဆပါတယ်။ ၎င်းတို့လို လား ချက်မရသရွေ့ မတူညီတဲ့ဖိအား တွေ ထပ်မံလာဦးမှာပါ။ ဒီဖိအားတွေကို ရင်ဆိုင်ဖို့ဆိုရင် မိမိတို့ရဲ့ ပြည်တွင်း အားနည်းချက်တွေကို ပြင်ဆင်ဖို့၊နိုင် ငံတကာ ဆက်ဆံရေးကို အသုံးချနိုင်ဖို့၊ ဘင်္ဂါလီများနဲ့ပတ်သက်တဲ့မူဝါဒ ခိုင်ခိုင်မာမာ ချမှတ်ဆောင်ရွက်ဖို့ လိုအပ် မယ်ဟု ယူဆမိပါကြောင်း အကြံပြုတိုက်တွန်းလိုပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */