" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, November 28, 2019

ICJ တရားစွဲဆိုမှု

KUMUDRA
ဘကြီးမိုး
28 NOV 2019
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံ၏အကျိုးစီးပွား ကာကွယ် ရန်အတွက် နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစီး ဆောင်ရွက်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ တွင် နိုင်ငံတော် အတိုင်ပင်ခံရုံးမှ သတင်း ထုတ်ပြန်ထားသည်။

၎င်းကိစ္စသည် ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများကိစ္စများနှင့်ပတ်သက်ပြီး ဂမ် ဘီယာနိုင်ငံသည် အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ကိုယ်စား မြန်မာနိုင်ငံ ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရား စွဲဆိုခဲ့ ကြောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်အရ မြန်မာနိုင်ငံ အပါ အဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းသည် အပြည် ပြည်ဆိုင်ရာတရားရုံး၏ အဖွဲ့ ဝင် ဖြစ်ကြောင်းလည်း သိရသည်။ ဂမ်ဘီယာ နိုင်ငံ၏ တရားစွဲဆိုချက်ကို တုံ့ပြန် နိုင်ရေး အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ မှ ကျွမ်းကျင်သည့် ဥပဒေပညာရှင် ရှေ့နေ ကြီးများအား ငှား ရမ်း ထားပြီး ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ၏အကျိုးစီးပွား ကာကွယ်ရန် အတွက် နယ်သာလန်နိုင်ငံ The Hague မြို့သို့ စေလွှတ်မည့်အဖွဲ့တစ်ဖွဲ့ကို နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ဝန်ကြီး၊ နိုင်ငံ ခြားရေး ဝန်ကြီးဌာနအနေဖြင့် ဦးဆောင် သွားရောက်ရန်ရှိ ကြောင်းသတင်းများ ဖတ်ရသည်။

တရားရုံးတစ်ခုတွင် တရားစွဲဆိုမှုတစ် ခု ဖြစ်ပေါ်လာလျှင် တရားစွဲဆိုသူများက တရားသည်၊ တရားစွဲဆိုခံရသည့် ဘက်မှ တရားခံသည် ဤကိစ္စတွင် မြန်မာနိုင်ငံကို စွဲဆိုထားသည့်အမှုဖြစ်သည့်အတွက် မြန်မာနိုင်ငံ က ရင်ဆိုင် ကြရမည် ဖြစ်ပါသည်။ စွဲဆိုထားသည်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဟုတ်၊ ထိုနည်းတူ ပြည်ခိုင် ဖြိုးပါ တီ လည်း မဟုတ်၊ မြန်မာနိုင်ငံကို ခြုံငုံ၍ တရားစွဲဆိုသည်ဖြစ်ရာ ပြန်လည် ဖြေရှင်းရမည့် တာဝန်မှာ အစွပ်စွဲခံရ သည့် မြန်မာနိုင်ငံမှ တရားဥပဒေကြောင်းအရ အချက်အလက်နှင့် ဖြေရှင်းကြရမည့် တာ ဝန်ရှိပါသည်။ထို့ကြောင့် လည်း ဤကိစ္စကို ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နိုင်ငံခြားရေးဝန်ကြီးဖြစ်သည့်ဒေါ်အောင် ဆန်းစုကြည်က သွားရောက် ဖြေရှင်းမည်ဆိုခြင်းမှာ သင့်မြတ် လှပါ သည်။ ထို့ထက် သင့်မြတ်ကောင်းမွန် သော အချက် အလက်မှာ အပြည်ပြည်ဆိုင်ရာ ဥပဒေ ပညာရှင်များကို ငှားရမ်း၍ ရင်ဆိုင်ဖြေရှင်း မည်ဆိုသည့်အချက်ပဲ ဖြစ်ပါသည်။

တရားစွဲဆိုသူက မည်သည့်မည်သည့် အချက်အလက်များကို အကြောင်းပြု၍ မည်သို့ ကျူးလွန်ခဲ့သည်ကို စွပ်စွဲ တရား စွဲဆိုထားခြင်းဖြစ်ရာ မိမိတို့ဘက်မှလည်း အချက်အလက် အပြည့်အစုံနှင့် ဥပဒေ ဆိုင်ရာ ကာ ကွယ်နိုင် ခွင့်ကို ရယူ၍ ဖြေရှင်း ကြ ရမည် ဖြစ်ပါသည်။

ဤတရားစွဲဆိုမှုကို အကြောင်း ပြု၍ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး တညီတညွတ် တည်းရှိကြသည် ကိုပြ သရန် လိုအပ်ကြောင်း ထင်ရှားလှပါသည်။ တရား စွဲဆိုသူက နိုင်ငံကို တရားစွဲဆိုသည်ဖြစ်ရာ ဖြေရှင်းရမည့် သူ က တစ်နိုင်ငံလုံးကို ကိုယ် စားပြု၍ ဖြေရှင်းကြရမည်ဖြစ်သည်။ ဥပဒေ အရ တရားစွဲဆိုခံထား ရ ခြင်းဖြစ်သဖြင့် ဖြေ ရှင်းရာတွင် တတ်ကျွမ်းနားလည်သော ဥပ ဒေ ပညာရှင်များကို ငှားရမ်းပြီး စနစ်တကျ ဖြေရှင်းခြင်းက တစ် ခုတည်းသော မှန်ကန် သည့်လမ်းပင် ဖြစ်ပါသည်။
 မြန်မာနိုင်ငံကို လွှမ်းခြုံ တရားစွဲဆိုခြင်း ဖြစ်သောကြောင့် ဖြေရှင်းသည့်အခါ တွင် လည်းမြန်မာနိုင်ငံသူနိုင်ငံသား အား လုံး တညီတညွတ်တည်းဖြစ်နေကြောင်း ပြသ ရန် အထူးလိုအပ်လှပါသည်။ တရားစွဲဆို သူများ မှာ ၅၇နိုင်ငံ ပါ အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ OIC ၏ ကိုယ်စား အာဖရိကနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဂမ်ဘီယာ နိုင် ငံက မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ The Hague ရှိ ICJ တွင် အမှုဖွင့်ခဲ့သည်။ ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက် အထိ နယ် သာလန်နိုင်ငံမှာရှိသည့် နိုင်ငံတကာ တရား ရုံးတွင် ကြားနာစစ်ဆေး မည်ဖြစ်ကြောင်း ၁၈ ရက် က ပြောကြားထားသည်ကို ဖတ်ရှု ရသည်။

ICJ မှ မြန်မာနိုင်ငံအား တရားစွဲဆိုမှု အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက် ဖြေရှင်းမည်ကို နိုင်ငံရေးပါတီများက ကြို ဆိုကြောင်း သိရသည်။ မြန်မာတစ်နိုင်ငံလုံး နှင့်ပတ် သက် ၍ တိုင်းပြည်မှာရှိနေသည့် သူများမှ အားလုံးညီညီညွတ်ညွတ်နှင့်စွပ်စွဲ ချက်ကို တရားဥပဒေလမ်းကြောင်းအတိုင်း အချက်အလက်နှင့် ပြည့်ပြည့်စုံစုံဖြေရှင်း ကြရမည် ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲ ထားသည့်အမှုနှင့် ပတ်သက်ပြီး အစိုးရနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည် ဟု တပ်မတော်ဘက်မှလည်း ပြောဆိုထားသည်တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူးဖြစ်သည့် ဗိုလ်မှူးချုပ် ဇော် မင်းထွန်း ဖြေရှင်းထား သည်ကိုလည်း ဖတ်ရှု ခဲ့ရသည်။

“အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်၊ အရင်တုန်းကလဲ ICOE နဲ့ ပတ်သက်တဲ့လိုအပ်တဲ့အချက်အလက် တွေ ပေးခဲ့ပါတယ်၊ ဒီဟာနဲ့ ပတ်သက်ပြီး လို အပ် တဲ့ အချက်အလက်တွေ၊ အထောက် အထားတွေပေးဖို့အတွက် ပြင်ဆင် ဆောင် ရွက်နေတာတွေရှိပါတယ်၊ အပြည့်အဝ ပူးပေါင်းဆောင် ရွက်လျက်ရှိ ပါတယ်၊ ဥပဒေပညာ ရှင် တွေနဲ့လဲ ဆွေးနွေး ညှိနှိုင်းပြီး ဆောင် ရွက်လျက်ရှိပါတယ်၊ အဲဒါတွေနဲ့ ပတ်သက် လို့ ပူးပေါင်းညှိနှိုင်းဆောင် ရွက် ဖို့ ရှိပါတယ်”ဟု ပြောဆိုထားသည်ကို ဖတ်ရှု ရသည်။

ထို့ပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂ ါလီများနှင့်ပတ်သက်၍ ဗြိတိန်အခြေ စိုက် ဘင်္ဂါလီအဖွဲ့အစည်း များ က နိုင်ငံတော် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန် နှင့် ဦးထင်ကျော်တို့ကို နိုဝင်ဘာ ၁၃ ရက် တွင် အာဂျင်တီးနားနိုင်ငံမှာ အမှုဖွင့်ခဲ့သည် ဟု ဖတ်ရှုရသည်။

၎င်းစွပ်စွဲချက်နှင့်ပတ်သက်၍ နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန် ကြီး ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ဦးစီး ပြီး သွားရောက်ဖြေရှင်းမည်ဟု သတင်းများ အရ ကြားသိရသည်။ သွားရောက်ဖြေရှင်းရာ တွင် လည်း နိုင်ငံတကာဆိုင်ရာ ပညာ ရှင်များနှင့် ညှိနှိုင်းဆောင်ရွက် ဖြေရှင်းသွား မည်ဟု ကြားသိရသည်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */