" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 27, 2019

ဥပဒေစကားဝိုင်းမှတစ်ဆင့်

ဥပဒေစကားဝိုင်းမှတစ်ဆင့်
Wed, 11/27/2019

ဥပဒေစကားဝိုင်း

ကျွန်တော်တို့ ရှေ့နေများ စုဝေးဆုံတတ်ကြပါသည်။ များသောအားဖြင့် လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ထ မင်းဆိုင်များတွင် ဖြစ်ပါသည်။ ဆွေးနွေးပွဲပုံစံမဟုတ်တတ်ကြပါ။ အလုပ်ရုံ ဆွေးနွေးပွဲ၊ ဟောပြောပွဲလည်း မဟုတ်ပါ။ ကြီးကြီး ကျယ်ကျယ် အစည်းအဝေးပုံစံလည်း မဟုတ်ပါ။ဆုံတုန်း၊ ဆုံခိုက် စုပြီးစကားပြောသော ပုံစံဖြစ်ပါသည်။ သာရေး၊ နာရေး၊ လူမှုရေး အကြောင်း ပြောဆိုကြရာမှ ဥပဒေရေးရာအကြောင်းရောက်သွားတတ် ကြပါသည်။ လွယ်လွယ် ကလေးများ ပြောဆိုနေကြရာမှ ခက်ခက်ခဲခဲ၊ တိုင်းရေးပြည်ရေး၊ ဥပဒေရေးရာများအကြောင်း ဖြစ်သွားတတ်ကြပါသည်။ ထိုအခါ “ဥပဒေစကားဝိုင်း” ဖြစ်သွားပါ လေသည်။

ရှေ့နေနှင့် ဥပဒေ

ရှေ့နေနှင့် ဥပဒေခွဲခြား၍ မရနိုင်ပါ။ ရှေ့နေ ဟူသည် ဥပဒေပညာရှင် အမျိုးအစားထဲတွင် ပါဝင်ပါသည်။ “ ဥပဒေပညာရှင်” ဟု ကျွန်တော်သုံးစွဲ လိုက်ပါပြီ။ ဥပဒေပညာရှင်ကို မည်သို့အဓိပ္ပာယ် ဖွင့်ပါမည်လဲ။ ပညာ ရှင်/pjin nja shin/(n)scholar in a particular branch of knowledge or study; skilled practitioner ဟု မြန်မာ-အင်္ဂလိပ်အဘိဓာန် (၁၉၉၄) စာမျက်နှာ-၂၄၉ တွင် အဓိပ္ပာယ်ဖွင့်သည်။
ဥပဒေပညာရှင်တွေများ

မြန်မာနိုင်ငံမှာ ဥပဒေပညာရှင်တွေများလှပါ သတဲ့...။ ဘယ်သူက ဘယ်လိုတင်မြှောက် သတ်မှတ်ပါသလဲ။ “ ဥပဒေပညာရှင်” ဟု မိမိကိုယ် မိမိသတ်မှတ်၍ ရပါမည်လား။ မည်မျှ ကျွမ်းကျင်နေကြပြီလဲ။ ပညာရှင်ဖွင့်ဆို ချက်နှင့် ညီညွတ်ကြပါ ပြီလား။ လူတိုင်း ပညာရှင်ဖြစ်နိုင် ပါသလား။ ဘယ်သူက ဘယ်လိုမြှောက်ပင့်ပေးလိုက်ပါလိမ့်။ မသိနားမလည် သူက မှားယွင်းပြီး ဥပဒေပညာရှင် ဟုဆိုလာ၊ တင်လာ၊ မြှောက်ပင့်လာလျှင်လည်း မမှန်ကြောင်း၊ မဟုတ်ကြောင်း၊ ချက်ချင်းပြန်ရှင်း၊ ပြန်ပြောရ မည် မဟုတ်လား။ ငြိမ်ခံပြီး သဘောတူ မျှပါမည်လား၊ ပညာရှင် မဟုတ်ဘဲ ပညာရှင် အမည်ခံလိုသူများများ နေပြီလား။ ဝိုင်းစဉ်းစားကြ စို့။ သတိပြု ကြစို့။

အသုံးအနှုန်း၊ အခေါ်အဝေါ်

အထက်တန်းရှေ့နေ၊ တရားလွှတ်တော် ရှေ့နေစသည်ဖြင့် တရားဝင်အသုံးအနှုန်း၊ အခေါ် အဝေါ်ရှိပြီးသာ ဖြစ် ပါသည်။ အချို့က ဥပဒေအကျိုး ဆောင် ဟု သုံးကြပြန်သည်။ သုံးခွင့်ရှိပါ မည်လား။ လိုင်စင်တွင်မည်သို့ ဖော်ပြထားသလဲ။ အမိန့်စာမှာ တရားဝင်မည်သို့ ဖော်ပြသလဲ။ ဘာ့ကြောင့် တရားဝင်အသုံးအနှုန်း မသုံးကြပါလိမ့်။ ထို့ကြောင့် တရားရုံးများက တရားဝင် လိုင်စင်(မူရင်း)(မိတ္တူ)တောင်းကြ သည်။ ဘာ့ကြောင့် တောင်းသလဲ။ ဘာ့ကြောင့် စိစစ်သလဲ။ လိုအပ်၍ ဖြစ်ပါသည်။

မသိနားမလည်သူများအပေါ်

မသိနားမလည်သူများအပေါ် လိမ်ညာ၍ဖြစ်စေ၊ မလျော်ဩဇာသုံး ၍ဖြစ်စေ၊ ငွေညှစ်လို၍ဖြစ်စေ မိမိရသော ဘွဲ့၊ တံဆိပ်၊အဆောင်အယောင်၊ တာဝန်ကို အယောင်ပြပြီး ဒုက္ခပေးခြင်းမှာ အလွန်ဆိုးရွားသော အလုပ်ဖြစ် ပါသည်။ တစ်ခါ ရမည်။ နှစ်ခါရမည်။ သုံးခါဆိုလျှင် အလိမ်ပေါ်မည်။ ဥပဒေပညာလေ့လာ လိုက်စား သူ များ (အချင်းချင်း)နားလည်ပြီးသားပါ။ ဥပဒေလောက၊ ရှေ့နေ လောက ဂုဏ်ရောင် တောက်ပြောင်ဖို့ ဝိုင်းကူ ညီကြ ရမည်ပါ။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး မပုပ်ကြစေလိုပါ။ အများစုနာမည် မပျက်ဖို့ပါ။

ဥပဒေအကြံပေး

“ဥပဒေအကြံပေး”ဟူ၍ မိမိကိုယ် မိမိသုံးစွဲပြီး အလုပ်လုပ်ကြသူ တွေလည်း ရှိသည်။ မည်သူက မည်သူ့ကို ဥပဒေ အကြံပေးခန့်ထား ပါသလဲ။ ဘယ်ကုမ္ပဏီကလဲ။ နေရာတကာမှာ ဥပဒေအကြံ ပေးဟု အလွယ်သုံးနေ သူကို စိစစ်ကြည့်ကြစို့။ သူ့ကိုယ်ရေးရာဇဝင်လေ့လာဖို့ ဥပဒေအကြံပေး နိုင်သောသူမှ ဥပဒေအကြံပေးဖြစ် နိုင် တာမို့ လွယ်လွယ်ကူကူ ဆိုင်းဘုတ်တပ်သူတိုင်းကို ဥပဒေ အကြံပေးဟုခေါ်ထိုက်၊ ယုံကြည်ထိုက်ပါပြီ လား။ အကြံပေးဟူသော ဂုဏ်ပုဒ်နှင့် ဆီလျော်အောင် ကျင့်ကြံပြောဆို၊ အားထုတ်သူ မှန် မမှန်၊ အရည် အ ချင်းပြည့်ဝသဟတ မ ဟုတ်၊ ဥပဒေ အတိုင်ပင်ခံ ဂုဏ်ပုဒ်နှင့်ညီ မညီ စိစစ်သင့်ပေပြီ။ ကြာလေ၊ ကြာလေ ဥပဒေအကြံပေး၏ အရည်အ ချင်းများ ပေါ်လာမှာပါ။ ခဏတာ အယောင်ဆောင်သူများသည် ကြာရှည်မ ခံနိုင်ပါ။

ဆရာကြီးများ

ဆရာကန်တော့ပွဲတစ်ပွဲမှာ ဆရာကြီးများနှင့် ဆုံတွေ့ခဲ့ပါသည်။ ရှေ့နေချုပ်(ငြိမ်း)အဘ ဦးအေး မောင်၊ ဝန်ကြီး(ငြိမ်း) အဘဦးသောင်းညွန့်၊ ညွှန်ချုပ် (ငြိမ်း) ဆရာကြီးဦးကျော်အေးတို့အပါအဝင် ဥပဒေပညာရှင် ဆရာကြီး၊ သက်ကြီးဝါကြီးတွေပါ။ သူတို့က ယနေ့ခေတ်လူငယ်တွေ၊ ခေတ်ရှေ့နေပေါက်စတွေ မညီမညွတ်ဖြစ်နေကြောင်း၊ စာလည်းမဖတ်ကြကြောင်း၊ ရာဇသတ်ကြီး တစ်အုပ်တည်းဖတ်ပြီး “ငါဥပဒေ ပညာရှင် ဖြစ် ပြီကွ” ဟု ကြွေး ကြော်၊ အာ ပေါင်အာရင်းသန်သန်နှင့် လူပြိန်းကြိုက်၊ မသိ နားမလည်သူအပေါ် ကြွားဝါ ဟန် ဆောင်၊ ပွဲစားပမာ၊ ရှေ့နေ၊ ဥပဒေအကျိုးဆောင်ဟု ပြော၍ လုပ်စားနေ သူ (အချို့) အကြောင်း မေးကြ၊ပြော ကြ၊ ဆွေးနွေးမိ ကြပါသည်။ ဥပဒေစကားဝိုင်းအသေး ကလေးပါပဲ။ နာမည်မပျက်အောင် ဘယ်လို ဝိုင်းထိန်း ကြ ပါ့မလဲ ပေါ့ ခင်ဗျာ။

ဆရာကြီးဦးမြသိန်း

သက်ကြီးဝါကြီး၊ တရားလွှတ်တော်ရှေ့နေကြီး ဦးမြသိန်းအား နှစ်စဉ်ကန်တော့နေကြမို့ လူငယ် ရှေ့နေတစ်စုသွား ရောက် ကန်တော့ကြပါ သည်။ တရားလွှတ်တော်ရှေ့နေနှင့်နိုတြီပဗ္ဗလစ် ဖြစ်သော ဦးကျော်စိန် (ဥပဒေကျမ်းပြု)နှင့် ဇနီး ဒေါ်ခင်မာမာ လတ်၊ ပြည်ထောင်စုဥပဒေအထောက်အကူပြုရေး အဖွဲ့အတွင်းရေး မှူး၊ တရားလွှတ်တော် ရှေ့နေဦးခင် ဇော်နှင့် စာရေးသူ (ကျွန်တော်) တို့ ပါဝင်ပါသည်။ မန္တလေးကရောက် လာ သော တရားလွှတ်တော် ရှေ့နေ မလှိုင် ဦးခင်မောင်ဆွေနှင့် ဇနီး အငြိမ်းစား တိုင်းတရားသူကြီး ဒေါ်စန်းစန်း သွင်တို့လည်း ပါဝင် ပါသည်။ ဆရာကြီးနှင့် ကျွန်တော်တို့ ဥပဒေစကား ဝိုင်း အသေးကလေး ဝိုင်းဖွဲ့မိပါသည်။

I.C.J ကအစ

ရှေ့နေများဖြစ်သောကြောင့် ယနေ့ဖြစ်ပေါ်နေ သော I.C.Jအမှုအကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေကျွမ်း ကျင်သူ ရှေ့နေရှားပါးလှပုံ၊ တကယ့်မိုးထဲ ရေထဲရောက်မှ ပညာရှင်များ၏ ကဏ္ဍအရေးကြီးကြောင်း သိလာကြပုံ၊ ထိုပြဿနာမည်သို့ ရှင်းသင့်ပုံ၊ ပြည်ပအရေးထက် ပြည်တွင်းအရေးကိုပင်ပထမ ဦးစားပေးလေ့ လာ အပ်ပုံ၊စာမဖတ်၊ ပေမဖတ်၊ ကျမ်း ဂန်မတတ်၊ နိုင်ငံတကာအဆင့်မမီ၊ အချင်းချင်း မစည်းလုံးပါလျှင် ရှေ့နေ လောက၏ ရှေ့ခရီးအဝေး ကြီးပါပဲဟု ရင်းရင်းနှီးနှီးပြောကြပါ သည်။ ရှေ့နေ အသင်းတွေလည်း အကွဲကွဲ အပြားပြားဖြစ်နေသေး၊ ဦးတည်ချက်ဘာလဲ၊ ရည်ရွယ်ချက် ဘာလဲ။ မည်သူ က ဦးဆောင်မည်လဲ။ ရှေ့နေ လိုင် စင်ထုတ်ပေးခြင်းကိစ္စ၊ ဘားကောင်စီ၏ ဦးဆောင်မှုအခန်းကဏ္ဍ၊ Bench and Bar အစဉ်အလာ၊ တရား သူ ကြီးများနှင့် ရှေ့နေများညှိ နှိုင်းဆွေးနွေးပွဲ၊ အမှုစစ်ဆေးခြင်း စနစ် (C.M.S) စသည်၊ စုပေါင်းညှိနှိုင်း ဆွေး နွေးပွဲ၊ ဥပဒေ ပညာပေးဆွေး နွေးပွဲများ၊ အမှား/အမှန်ထောက်ပြ ခြင်း၊ စီရင်ထုံး၏ဩဇာ၊ အတွေ့အကြုံနည်း လွန်း သော မြို့နယ် တရားသူကြီး (အချို့) အကြောင်း၊ အတွေ့အကြုံအလွန်နည်းသည့် ရှေ့နေပေါက်စ (အချို့)အကြောင်း ဆွေးနွေးဖြစ်ကြပါ သည်။ ဘယ်လို ကုစားကြမည်လဲ။

ဘယ်သူ့အပြစ်လဲ

ဘယ်သူ့အပြစ်လဲ။ လက်ညှိုးထိုးမည့်အစား မည်သို့ကုစားကြမည်လဲ။ ဘယ်အဖွဲ့ဦးဆောင်မည် လဲ။ မည်သို့ပညာ ပေးမည်လဲ။ Judicial College တည်ဆောက်မပြီးခင် သင်တန်းတွေပေးနေကြသော တရားရေး သင် တန်းများအကြောင်း၊ ရှေ့နေပေါက်စ များကို မည်သူက သင်တန်းပေးသလဲ။ မလှိုင် ဦးခင်မောင်ဆွေ တို့၏ ဆွေးနွေးပွဲ၊ ဦးခင်ဇော်(မရမ်းကုန်း)တို့၏ အခမဲ့သင်တန်း၊ ဥပဒေပညာပြိုင်ပွဲ၊ စာစီစာကုံး၊ ဆောင်းပါး၊ ဆွေး နွေးခန်း၊ နှုတ်မေးခွန်း အမေးအဖြေ ပြိုင်ပွဲများအကြောင်း...။

မည်မျှအောင်မြင်ထိန်းချုပ်

ရှေ့နေလောက ဥပဒေပညာအရည်အသွေး မြင့်အောင်၊ မည်မျှအောင်မြင်မည်ကို သိရအောင်၊ ဘယ်သူတွေ က ထိန်းချုပ် မည်လဲ။ ဘားကောင်စီလား။ မည်သည့်အသင်းအဖွဲ့လဲ။ ညီညွတ်အောင်၊ မျှတအောင်၊ အရည် အသွေးမြင့် အောင်လုပ်ကြပါစို့။ ပြည်ထောင်စုဥပဒေအထောက်အကူပေးရေးအဖွဲ့၏ အခန်းကဏ္ဍ နှင့်မည် သို့ချိတ်ဆက်မည်လဲ။ စသည်၊ စသည်သုံးသပ် ကြည့်ကြစို့။

ဥပဒေစကားဝိုင်းမှတစ်ဆင့်

ဥပဒေစကားဝိုင်းမှတစ်ဆင့် လက်လှမ်းမီသမျှ ကောက်နုတ်တင်ပြခြင်းမျှသာပါ။ ကျယ်ကျယ် ပြန့်ပြန့်ဖော် ထုတ် ဆောင်ရွက်ကြဖို့ လူငယ်ရှေ့နေ များကို အားကိုးပါရစေခင်ဗျာ။

စေတနာ

လူငယ်ရှေ့နေအပေါင်း၏ အကြံဉာဏ်ကောင်းများကို ကြိုဆိုကြောင်း တွေးခေါ်မိသော ကျွန်တော်၏ စေတနာ ဥပဒေအတွေးမျှသာပါ...။ ။

ဦးဟန်ညွန့်(ဥပဒေ)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */