Myanmar Times
စိုင်းဝဏ္ဏ မြန်မာတိုင်းမ်နေ့စဉ်
28 NOV 2019
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အဆောက်အဦ။ ဓာတ်ပုံ- မြန်မာတိုင်းမ်ပြည်ထောင်စုရှေ့နေ ချုပ် ရုံးမှဦးဆောင်ကာ နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကိုဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် အတိုင် ပင်ခံရုံးဝန်ကြီးဌာနက နိုဝင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။
စိုင်းဝဏ္ဏ မြန်မာတိုင်းမ်နေ့စဉ်
28 NOV 2019
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အဆောက်အဦ။ ဓာတ်ပုံ- မြန်မာတိုင်းမ်ပြည်ထောင်စုရှေ့နေ ချုပ် ရုံးမှဦးဆောင်ကာ နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကိုဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် အတိုင် ပင်ခံရုံးဝန်ကြီးဌာနက နိုဝင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။
နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန်၊ လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဥပဒေကြောင်းအရ အကြံပြုနိုင်ရန် နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ (SUICJ)ကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းအဖွဲ့ကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးကဦးဆောင်ကာ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးတို့မှ ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ယင်းအဖွဲ့တွင် စစ်ဥပဒေချုပ်ရုံးမှ ဥပဒေ အရာရှိတစ်ဦးအပါအဝင် တပ်မတော်ကိုယ်စား လှယ်နှစ်ဦးပါဝင်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည် ဥပဒေကြောင်းအရအကြံပြုနိုင်သည် ဆိုသောအချက်ပါဝင်သော် လည်း တပ်မတော်၏ တရားစီရင်ရေးကဏ္ဍကို အကြံပေးရန်မဟုတ် ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း မွတ်စလင်လူမျိုး များကို လူမျိုးတုံးသတ်ဖြတ်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် အပြည်ပြည် ဆိုင်ရာတရားရုံး (ICJ)တွင် OIC အဖွဲ့ဝင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား အမှုဖွင့်ခြင်းခံရပြီးနောက် နှစ်ပတ်ခန့်အကြာတွင် ယခုကဲ့သို့ SUICJ ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယင်းအမှုအားတရားရင်ဆိုင်ရန် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ကာ နယ်သာလန်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ သို့ဖြစ်ရာ လက်ရှိ ပြည်တွင်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည် ကြောင်းထောက်ခံဆန္ဒပြမှုများ နေရာအနှံ့ တွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Link : Here
No comments:
Post a Comment