The Voice
28-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၂၇
နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင် ရေးဆိုင်ရာကိစ္စများကို ဖြေရှင်းဆောင်ရွက်ရန်အတွက် နိုင်ငံတကာ ရာဇဝတ်မှု တရား စီရင်ရေးဆိုင်ရာအထူးအဖွဲ့ (Special Unit on International Criminal Justice) ကို သမ္မ တ ရုံးက ဖွဲ့စည်းလိုက် ကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါအထူးအဖွဲ့သည် နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ဖြေရှင်းဆောင်ရွက် နိုင်ရန်အပြင် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ဥပဒေ ကြောင်း အရ အကြံ ပြုနိုင်ရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အဆိုပါ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ (Special Unit on International Criminal Justice) ကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ဦးဆောင်မည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည် ထောင်စုရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးတို့မှ ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းထားကြောင်းလည်း သတင်း ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံကို နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ရခိုင်ပြည်နယ်အရေးနှင့် ဂမ်ဘီ ယာနိုင်ငံက တရားစွဲဆိုထားပြီး ယင်းတရားစွဲဆိုထားမှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သွားရောက်ကာ ရင်ဆိုင် မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက နိုဝင်ဘာလ ၂၀ ရက်နေ့က သတင်းထုတ်ပြန် ခဲ့သည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံ၏အကျိုးစီးပွား ကာကွယ်ရန်အတွက် နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဦးစီးဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဂမ်ဘီယာနိုင်ငံ၏ တရားစွဲမှုကို ကာကွယ်ရန်အတွက် နိုင်ငံတကာမှ ကျွမ်းကျင်သည့် ဥပဒေပညာရှင်များကို ငှားရမ်းထားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ တရားရုံး ကြားနာစစ် ဆေးမည့် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့သို့ စေလွှတ်မည့် အဖွဲ့တစ်ဖွဲ့ကို နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ကာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အနေနှင့် သွားရောက်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံကို အရေးယူပေးရန် နိုင်ငံတကာတရားရုံး (ICJ) တွင် OIC အဖွဲ့နိုင်ငံများကိုယ်စား ဂမ်ဘီယာ နိုင်ငံက တရားစွဲဆိုချက်ကို လာမည့် ဒီဇင်ဘာလတွင် စတင်ကြားနာရန် သတ်မှတ်လိုက်ကြောင်း ICJ က သတင်းထုတ်ပြန်ခဲ့သည်။
ပထမအကြိမ် စတင်ကြားနာမှုအတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး တရားစွဲဆိုခဲ့သည့် ဂမ်ဘီယာနိုင်ငံမှ စတင်ထွက်ဆိုရမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေနှင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထွက်ဆို ရမည်ဖြစ်သည်။
ယခုတရားစွဲဆိုမှုတွင် ဂမ်ဘီယာနိုင်ငံအနေနှင့် ရခိုင်ပြည်နယ်တွင် မြန်မာနိုင်ငံက မျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဆိုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါတရားစွဲဆိုမှုတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ အပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကိုလည်း ထည့်သွင်းတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
Link : Here
No comments:
Post a Comment