B B C
ဘီဘီစီ မြန်မာပိုင်း
26 နိုဝင်ဘာ 2019
ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်မြို့ မြန်မာ့စီးပွားရေးဘဏ်ကနေ ရဲစခန်းကို သွားအပ်တဲ့ ငွေ ကျပ် သိန်း ၂၁၀၀ ကျော်ကို အမည်မသိ မျက်နှာဖုံး စွပ်ထားတဲ့ လူနှစ်ဦးက လမ်းခုလတ်မှာ လုယက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။နိုဝင်ဘာလ ၂၆ ရက်က ဘဏ်ပိတ်ချိန် ညနေ ၆ နာရီကျော်လောက်မှာ ဘဏ်မန်နေဂျာ အပါအဝင် ဘဏ် ကြီး ကြပ် တစ်ဦး၊ ငွေကိုင်တစ်ဦးနဲ့ ညစောင့် တစ်ဦးတို့က အဲဒီငွေတွေကို ငွေသေတ္တာ နှစ်လုံးနဲ့ ကျောက် တော်မြို့ မြန်မာ့စီးပွားရေးဘဏ်နဲ့ တစ်ဖာလုံလောက်ဝေးတဲ့ မြို့မရဲစခန်းဆီ ဆိုက်ကားနဲ့ သယ်ဆောင်လာ စဉ် လမ်းခုလတ် အထွေထွေ အုပ်ချုပ်ရေးရုံးရှေ့ လမ်းထဲမှာ လုယက်ခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါ တယ်။
ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်ကတော့ သက်ဆိုင်ရာ ဌာန တွေက တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ အဲဒီ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာ ဟုတ်မှန်တယ်လို့ ပြောပါတယ်။
"အဲဒီသတင်းကို ကြားလို့ လေ့လာကြည့်တော့ ဟုတ်တယ်လို့ ပြောပါတယ်။ အရပ်သားတွေဆီကလည်းသတင်းတွေ ကြားတယ်။ ဘဏ်ဝန်ထမ်းတချို့ကလည်း ပြောတယ်။ မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးကလည်း ဟုတ်တယ်လို့ ပြောတယ်။ အဲဒီငွေတွေကို ညနေ ၆ နာရီလောက်မှာ ဘဏ်ကနေ တစ်ဖာလုံလောက် ဝေးတဲ့ ရဲစခန်းကို ငွေထားဖို့ သွားတဲ့အချိန်မှာ ဖြစ်တယ်ဆိုတာကို သိရတယ်"လို့ ဦးမောင်သန်းစိန်က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောက်တော်မြို့မ ရဲစခန်းကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးတဲ့အတွက် ရဲဘက်က အတည်ပြုချက်ကို ရယူနိုင်ခြင်းတော့ မရှိသေးပါဘူး။
ဘဏ်တာဝန်ရှိသူတွေက အဲဒီ့ ငွေသေတ္တာတွေကို လုံခြုံရေး အစောင့်အရှောက်တွေ မပါဘဲ သယ်ဆောင် လာ ခဲ့စဉ် အနက်ရောင် မျက်နှာဖုံးစွပ်ထားတဲ့ အမည်မသိသူ နှစ်ဦးက သုံးဘီးဆိုင်ကယ် တစ်စီးနဲ့ ရောက် လာပြီး အစောင့်လိုက်ပါလာတဲ့ ဘဏ်ညစောင့် ဦးစံအောင်သာ ကို ထိုးကြိတ်ကာ ငွေသေတ္တာ နှစ်လုံးကို သုံးဘီးဆိုင်ကယ်ပေါ် တင် ဆောင် ထွက်ပြေးသွားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ့လူတွေဟာ ဘယ်သူတွေလဲ ဆိုတာကို မသိလိုက်ရကြောင်းနဲ့ လက်ရှိမှာတော့ သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူတွေက အဲဒီ့သုံးဘီးဆိုင်ကယ် မောင်းနှင် ထွက်သွားခဲ့တဲ့ လမ်းတစ်လျှောက်ကို ပိတ်ဆို့ ရှာဖွေ နေတယ်လို့ သိရပါတယ်။
ကျောက်တော်မြို့နယ်ဟာ လက်ရှိမှာ တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော် တို့ အကြား တိုက်ပွဲ ဖြစ်ပွားနေတဲ့ မြို့နယ်တွေထဲက တစ်ခု ဖြစ်ပြီး ခုလို မြန်မာ့စီးပွားရေးဘဏ်ကနေ ကျပ်သိန်းပေါင်းများစွာ အလုခံရတာက တော့ ဒီမြို့မှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
Link : Here

No comments:
Post a Comment