Wednesday, November 27, 2019

ဘင်္ဂလားဒေ့ရှ်တပ်မတော်က မြန်မာ့တပ်မတော်နှင့် ဆက်ဆံ ရေး ပိုမိုကောင်းမွန်လို

ဧရာဝတီ
By Muktadir Rashid
27 November 2019
 ဗိုလ်ချုပ်ကြီး အဇစ်ကို ရာထူးတိုးမြှင့်ခန့်အပ်သော အခမ်းအနား / Youtube
 

 ဘင်္ဂလားဒေ့ရှ် တပ်မတော်သည် မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေးနယ်ပယ် ပိုမိုချဲ့ထွင်လိုပြီး မြန်မာဘာ သာစကား ကျွမ်းကျင်မှု၊ ပူးတွဲလေ့ကျင့်ခြင်းနှင့် ထောက်လှမ်းရေး သတင်းဖလှယ်ခြင်း စသည့်နယ်ပယ်များ တွင် ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ကြိုးစားနေသည်။

“ကျနော်တို့နဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်ပြီး အဲဒီဆက်ဆံရေး ပိုမိုနက်ရှိုင်းလာအောင်လုပ်တဲ့ အားထုတ် မှု အစိတ်အပိုင်းအဖြစ် ကျနော် မြန်မာနိုင်ငံကို သွားရောက်မယ်။ ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်က တပ်မတော်နှစ်ခုအကြား သင်တန်းဖလှယ်ရေး အပါအဝင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး ပိုမိုခိုင်မာ စေဖို့ ဖြစ်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဇစ် အာမက်က ဒက္ကာတွင် သတင်းထောက်များအား တနင်္လာနေ့ကပြောသည်။

အိမ်နီးချင်းနိုင်ငံသို့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် စတင်မည့် ဗိုလ်ချုပ်ကြီး အဇစ်ခေါင်းဆောင်သည့် အဖွဲ့ဝင် ၇ ဦးပါ ကိုယ်စားလှယ်အဖွဲ့၏ တပတ်ကြာခရီးစဉ် အသေးစိတ်များကို ပြင်ဆင်ပြီးဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိများက ဧရာဝတီ သတင်းဌာနသို့ပြောသည်။

ထိုကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့တပ်မတော်နှင့် ပူးတွဲ စစ်ရေးလေ့ကျင့်ရေးနှင့် သင်တန်းပေးရေး၊ စစ်ဦးစီးအစည်း အဝေးများ၊ သတင်းအချက်အလက် ဖလှယ်ရေးနှင့် မြန်မာဘာသာစကား လေ့ကျင့်ရေး သဘော တူညီမှု ရရန် ကြိုးစားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ထိပ်တန်းအရာရှိတဦးက ပြောသည်။

“ကျနော်တို့ ဆက်ဆံရေးကို ကျေနပ်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံက သူတို့အရာရှိတွေကို ဒက္ကာက နိုင်ငံ တော်ကာကွယ်ရေးတက္ကသိုလ် ပို့လွှတ်ခြင်းကို ၂၀၁၆ ခုနှစ်က စတင်ရပ်စဲလိုက်တယ်။ ဒါကြောင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းကနေ ဆက်ဆံရေး ပိုမို နက်ရှိုင်းစေချင်တယ်” ဟု ထိုအရာရှိက ပြောသည်။

“ကျနော်တို့ ရည်မှန်းချက်က တပ်မတော်နှစ်ခု ပိုမိုနီးကပ်စေဖို့နဲ့ အပြန်အလှန် အကျိုးရှိတဲ့ကိစ္စတွေကို ဆွေး နွေးဖို့ နယ်ပယ်ဖန်တီးဖို့ပဲ” ဟု ဗိုလ်ချုပ်ကြီး အဇစ်က ပြောသည်။

သူသည် မကြာသေးမီက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်းနှင့် လုံခြုံရေးအမြင်အရ ရိုဟင်ဂျာပြဿနာ သည် မည်သည့် အတိုင်းအတာအထိ ဒေသတွင်း ြခိမ်းခြောက်မှု ဖြစ်နိုင်သည်ကို တရုတ်တပ်မတော် ခေါင်း ဆောင်များအား ရှင်းပြခဲ့ကြောင်းလည်း သူက ပြောသည်။

ဘင်္ဂလားဒေ့ရှ်တပ်မတော်သည် ကော့ဗဇားရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများတွင် ခြံစည်းရိုးများ ကာပေးနေကြောင်း လည်း သူက ပြောသည်။

ကုလသမဂ္ဂ အေဂျင်စီများက ဆန့်ကျင်နေသည့် ထိုခြံစည်းရိုး ခတ်ခြင်းနှင့် ပတ်သက်သော ဝေဖန်မှုများကို မေးသောအခါ အစိုးရက ဒုက္ခသည်များကို အကာအကွယ်ပေးရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သူက ပြောသည်။

“သူတို့တွေနဲ့ ဒေသခံတွေရဲ့ လုံခြုံရေးက ကျနော်တို့ တာဝန်ဖြစ်တယ်။ ကျနော်တို့တာဝန်ကို ကျနော်တို့ ထမ်းဆောင်ရမှာပဲ” ဟုလည်း သူက ပြောသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်များ၏ ညွှန်ကြားရေးမှူးတာဝန်ကို ထမ်းဆောင်စဉ် ၂၀၁၄ ခုနှစ် နယ်စပ် ပဋိပက္ခ များ ဖြစ်ပွားပြီးနောက် ဗိုလ်ချုပ်ကြီး အဇစ်သည် နှစ်ဖက်ဆက်ဆံရေး ပိုမိုကောင်းမွန်ရန် ကြိုးစားခဲ့ သည်။ ထိုနှစ် ဇွန်လက သူသည် မြန်မာနယ်ခြားစောင့်တပ် အရာရှိများနှင့်တွေ့ဆုံရန် နေပြည်တော်သို့ သွား ရောက်ခဲ့သည်။

(ဒါကာအခြေစိုက် ဧရာဝတီသတင်းထောက် Muktadir Rashid ၏ Bangladesh Military Looks to Deepen Ties With Myanmar Counterpart ကို ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန်

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */