Wednesday, November 27, 2019

ICJ တရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ဖွဲ့

B B C
ဘီဘီစီ မြန်မာပိုင်း
27 နိုဝင်ဘာ 2019

နိုင်ငံတကာခုံရုံး ICJ မှာ တရားရင်ဆိုင်တဲ့အခါ ဥပဒေကြောင်းအရ အထောက်အကူပြုနိုင်မယ့် နိုင်ငံတကာ ရာဇ ဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ရက်မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

အဲဒီအထူးအဖွဲ့ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဦးဆောင်ပြီးတော့ နိုင်ငံခြားရေး၊ ပြည်ထောင်စုရှေ နေချုပ်ရုံးနဲ့ စစ်ဥပဒေချုပ်ရုံးတို့က ဥပဒေပညာရှင်တွေနဲ့ ဖွဲ့စည်းထားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အထူးအဖွဲ့မှာ ဘယ်နှစ်ဦးပါဝင်ပြီး ဘယ်လို လူပုဂ္ဂိုလ်မျိုးတွေပါတယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲမှာ အသေးစိတ်မဖော်ပြပါဘူး။
ဒါပေမယ့်လည်း စစ်ဥပဒေချုပ်ရုံးက နိုင်ငံတကာဥပဒေရေးရာကျွမ်းကျင်သူ အရာရှိကြီး ၂ဦးပါတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို နိုဝင်ဘာ ၂၇ရက်နေ့မှာပြောပါတယ်။

စစ်ဥပဒေချုပ်ရုံးက အရာရှိကြီး ၂ဦးပါတယ်လို့ဆိုပေမယ့်လည်း လတ်တလောမှာတော့ ဘယ်သူဘယ်ဝါဆို တာကိုတော့ အမည်ဖော်ပြောဆိုလို့ မရသေးဘူးလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ရက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာတော့ စစ်ဥပဒေချုပ်ရုံးက ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ်သောင်းနိုင် ပထမဆုံးအကြိမ် ပါဝင်လာပြီး စစ်ဥပဒေတွေအပြင် ICJ ဆိုင်ရာမေးမြန်းမှုများကို ဖြေကြားပေးခဲ့ပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲထားတဲ့ အမှု လာမယ့် ဒီဇင်ဘာ ၁ဝ ရက် အင်္ဂါနေ့ကနေ ဒီဇင်ဘာ ၁၂ ရက် ကြာသပတေးထိ ၃ ရက်တာ ကြားနာ စစ်ဆေး သွားမယ်လို့ ICJ က ထုတ်ပြန်

ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲထားတဲ့ အမှု လာမယ့် ဒီဇင်ဘာ ၁ဝ ရက် အင်္ဂါနေ့ကနေ ဒီဇင်ဘာ ၁၂ ရက် ကြာသပတေးထိ ၃ ရက်တာ ကြားနာ စစ်ဆေး သွားမယ်လို့ ICJ က ထုတ်ပြန်ပါတယ်။

ဂျီနိုဆိုက် ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂ ပဋိညာဉ်ကို ဖောက်ဖျက်မှုနဲ့ ICJ မှာ မြန်မာနိုင်ငံ အမှုဖွင့်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး ပထမဦးဆုံး အကြိမ် ICJ ဘက်က တရားရုံးချိန်း ရက်တွေ သတ် မှတ်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ လူမျိုးတုံး သတ်ဖြတ် ခံရမှုကို တားဆီးဖို့၊ အပြစ်ပေး အရေးယူဖို့ ပျက်ကွက်ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာက နိုဝင်ဘာ ၁၁ ရက်နေ့မှာ အမှုဖွင့် တရားစွဲ ခဲ့တာဖြစ်ပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */