Saturday, June 1, 2019

ဒုက္ခသည်ပြန်ပို့ရေး ဘင်္ဂလား မပူးပေါင်းဟု မြန်မာ ဝေဖန်

VOA
 ဗွီအိုအေ (မြန်မာပိုင်း) 
01 ဇွန်၊ 2019 

 ရိုဟင်ဂျာဒုက္ခသည်များ (သြဂုတ်၊ ၂၄၊ ၂၀၁၈)

  မြန်မာအစိုးရ ထိပ်တန်းဝန်ကြီးတဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပြန်ပို့ရေးအတွက် မြန်မာအစိုးရဘက်က ကြိုးပမ်းခဲ့တဲ့အပေါ် ပူးပေါင်းဆောင်ရွက်ပေးမှု မရှိခဲ့ဘူးလို့ ဝေဖန်လိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေက ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားခဲ့တဲ့ ဒီ ဒုက္ခ သည်တွေအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကနေ ပြန်ပို့ဖို့နဲ့ နေထိုင်ခွင့်ကတ်တွေ ထုတ်ပေးဖို့ ပျက်ကွက် ခဲ့ တယ်လို့ ဂျပန်နိုင်ငံမှာ မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲလိုက်ပါတယ်။

ဝန်ကြီး ဦးကျော်တင့်ဆွေက ဆက်ပြီး ခုလို လုပ်လိုက်တာက ၂၀၁၇ ခုနှစ် နိုဝင်ဘာလတုန်းက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် (၂) နိုင်ငံ ချုပ်ဆိုခဲ့တဲ့ ရိုဟင်ဂျာနဲ့ တခြားလူနည်းစု ဒုက္ခသည်တွေပြန်ပို့ရေး သဘောတူညီ ချက်ကို မလိုက်နာတာသာဖြစ်တယ်လို့ (၂၅) ကြိမ်မြောက် အာရှအနာဂတ် နိုင်ငံတကာညီလာခံမှာ ပြော လိုက်ပါတယ်။

ဦးကျော်တင့်ဆွေကပဲ ဒီ ဒုက္ခသည် ပြန်ပို့ရေးလုပ်ငန်းစဉ်က ပြီးခဲ့တဲ့ နှစ် ၂၀၁၈ ဇန်နဝါရီလထဲက စလုပ်ဖြစ် ခဲ့သင့်တယ်။ ဒါပေမဲ့ အခုချိန်ထိ တရားဝင်လမ်းကြောင်းကနေ ပြန်လာတဲ့ ဒုက္ခသည် လုံးဝ မရှိသေးဘူးလို့ Nikkei သတင်းလုပ်ငန်းက ဦးဆောင်ကျင်းပတဲ့ ဒီညီလာခံမှာ ပြောလိုက်ပါတယ်။

ဦးကျော်တင့်ဆွေကဆက်ပြီး ဒုက္ခသည် ၂၀၀ ခန့်ကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ခက်ခဲတဲ့ လမ်းကြောင်း တွေ ကနေတဆင့် ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာအစိုးရက တရားဝင် အသိအမှတ်ပြု ခေါ်ဝေါ်လေ့မရှိတဲ့ ရိုဟင်ဂျာ တွေအနေနဲ့ နိုင်ငံသားဖြစ်မှုအပါအဝင် တရားဝင်အခွင့်အရေးတွေမရရင် မြန်မာပြည်ပြန်ရောက်ရင်လည်း အရင်လိုပဲ သွားရေးလာရေးနဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စတွေ အခက်အခဲတွေ့မှာကို စိုးရိမ်နေကြတယ်လို့ ထောက်ပြနေပါတယ်။

တကယ်တော့ ပြီးခဲ့တဲ့နှစ်တုန်းက ဒီ ဒုက္ခသည် ပြန်ပို့ရေးအစီအစဉ်မှာ ကုလသမဂ္ဂ အေဂျင်စီ (၂) ခုပါ ပူး ပေါင်းဆောင်ရွက်ဖို့ လက်မှတ်ထိုးထားခဲ့ပေမဲ့ ဒီ ၂၀၁၇ ခုနှစ် ဒုက္ခသည်ပြန်ပို့ရေး သဘောတူညီချက် အ ကောင် အထည်ဖော်မူဟာ တောက်လျှောက် နှောင့်နှေးလာခဲ့ပါတယ်။

 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */