Myanmar Now
By အောင်ငြိမ်းချမ်း
4/04/2019
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ပစ်ခတ်ခံရသည့် အရပ်သားတစ်ဦး မြို့နယ်ဆေးရုံတွင် ကုသမှု ခံယူနေစဉ်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ဧပြီ ၃ ရက်နေ့က ရဟတ် ယာဉ်ပေါ်မှ ပစ်ခတ်မှုကြောင့် ဒေသခံ ၁၃ ဦးထက် မနည်း ဒဏ်ရာရပြီး သေဆုံးသူ တချို့ ရှိသည်ဟု ဒေသခံများကို ကိုးကားပြီး အမျိုးသား လွှတ်တော်အမတ် ဦးမောင်ကျော်ဇံက ယနေ့ ပြောသည်။
ပစ်ခတ်မှု ဖြစ်ပွားစဉ် ကျည်ဆံထိမှန်သူတို့သည် စိုင်းဒင်ချောင်းအနီး ဝါးခုတ်နေကြသူများ ဖြစ်သည်ဟု ဆိုသည်။
ရေချမ်းပြင်၊ သပြုချောင်း၊ သင်းတောင် စသည့် ရွာများမှ သေဆုံးသူ ၅ ဦးထက် မနည်း ရှိသည်ဟု ရေချမ်းပြင်ရွာ အုပ်ချုပ်ရေးမှူး ဂျီရာလ်မန်ထံမှ သိရ ကြောင်း ဦးမောင်ကျော်ဇံက ပြောသည်။