Monday, August 3, 2020

ရသေ့တောင်မြို့နယ်အတွင်း နစခ စစ်ကြောင်း တိုက်ခိုက်ခံ ရ

VOA 
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်
04 သြဂုတ်၊ 2020



 ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် တပ် (၂၀၁၇ နိုဝင်ဘာလ) 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ နစခစစ်ကြောင်းတခုတိုက်ခိုက်ခံရလို့ ထိခိုက်မှုများပြားနေတဲ့ အကြောင်း ပြောပြချင်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် တင်ပြထားပါ တယ်။

နယ်ခြားစောင့်ရဲ စစ်တပ်နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေနဲ့ပေါင်းထားတဲ့ နယ်စပ်ဒေသ လူဝင်မူ စစ်ဆေး ကွပ်ကဲ ရေးဌာနချုပ် နစခစစ်ကြောင်းတခု ရသေ့တောင်မြို့ နယ် စေတီပြင်နဲ့ ကျောက်ဗန်ဒုရွာအကြားမှာ သြဂုတ်လ(၃) ရက် နေ့ညနေ ပိုင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ တိုက်ခိုက်ခဲ့လို့ မြန်မာစစ်ကြောင်း ထိခိုက်မှုတွေများတယ် လို့ စေတီပြင်ရွာ သားတဦးက ပြောပါတယ်။

“စေတီပြင် ကျောက်ဗန်ဒုလမ်း အဲဒီတောင်ကြောထဲမှာ ဖြစ်တာ။ ထိတာကတော့ လဝက ကျော်ဇောခိုင် ဆိုတဲ့ တ ယောက် ပါသွားတယ်အဲဒီလမ်းကြောင်းထဲမှာ။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ သူလဲဆုံးသွားတာဘဲလို့ ကြားတယ်။ သူ့မိ သား စုတွေက ဆက်သွယ်လာတယ်။ ဒီနေ့ချင်းနယ်စပ်ကနေပြန်တက်လာတယ်။ ပြန် တက်လာတဲ့အချိန်မှာ ဒုရဲမှူးတ ယောက်ရယ် တပ်ကအရာရှိ တယောက်ရယ်။ ခုနပြောတဲ့ လဝကမှူးကျော် ဇောခိုင် ကျတယ်။ (၆)ယောက်ဖမ်းတယ် လို့တော့ကြားတယ်။”

တိုက်ခိုက်မှုဖြစ်စဉ်မှာ သေဆုံးသူအထဲမှာ ပလက်ဝမြို့ဇာတိ လဝကအရာရှိ ဦးကျော်ဇောခိုင်လည်း ပါဝင် နေပါတယ်။

ဦးကျော်ဇောခိုင်ရဲ့မိသားစုဝင်တဦးကတော့ စေတီပြင်နယ်ခြားစောင့်စခန်းကိုတာဝန်နဲ့အသွားမှာ အခုလို တိုက်ခိုက်ခံ ရတာလို့ဆိုပါတယ်။

“ရသေ့တောင်မြို့နယ်မှာ အဲဒီမှာတာဝန်ထမ်းဆောင်ဖို့ဆိုပြီးတော့သွားတာပါ။ နစခဆိုတာက ရဲရယ် တပ် ရယ် လဝက ရယ်စုစည်းထားတာ။ သူတို့တာဝန်ကျရာမှာ အစုလိုက်သွားကြတာပါရှင့်။ အဲတာ အတိုက် ခိုက်ခံရတာ။ လဝ က ကတော့ သေတာကတော့ သူတယောက်ထဲ။ နောက်ထပ် ပျောက်နေသေးတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာမှာ။ အခုသေတဲ့ သူက(၁၁)ယောက်လောက် သတင်းရထားတယ်ရှင့်။ ရဲမှူးရယ် တပ်ကဗိုလ်ကြီးတယောက်ရယ်။”

ရခိုင်လက်နက်ကိုင် AAပြောခွင့်ရခိုင်သုခကတော့ ဒီနေ့တိုက်ပွဲမှာ တပ်မတော်စစ်ကြောင်းဘက် ထိခိုက်မှု တွေ ရှိတဲ့ အပြင် လက်ရဖမ်းမိတဲ့သူတွေရှိတယ်လို့ဆိုပါတယ်။

“ အဲဒီအထက်နန်းရွာနားမှာဖြစ်တဲ့တိုက်ပွဲအတွင်းမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတချို့ရှိတယ်ဗျ။ မြန်မာစစ် တပ်ဘက် ကသူတို့ နယ်ခြားစောင့်နဲ့နေပြီးတော့ စစ်တပ်ပူးပေါင်းစစ်တပ်ပေါ့နော် အဲဒီစစ်ကြောင်းကလဲ အထိခိုက်အ ကျ ဆုံး တွေလဲများတယ်ဗျ။ မြန်မာစစ်တပ်ဆီကနေ ကျွန်တော်တို့ဒီလက်နက်ခဲယမ်း မီး ကျောက်တွေလဲ သိမ်း ဆီးရမိတာ ရှိတယ်။ လောလောဆယ်မှာတော့ အရေအတွက်အတိအကျ ကတော့ ကျွန်တော်ဆီ ရောက်မလာသေးဘူး။

တပ်မတော်ပြောခွင့်ရဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဒီကနေ့တိုက်ပွဲအခြေအနေ မသိရသေးသလိုဆက် သွယ် နေဆဲလို့ပြောပါတယ်။

“ကျွန်တော်လဲမသိသေးဘူးအဲတာ။ ပြန်မေးကြည့်ရမယ်။ ပြန်မေးကြည့်ပြီး ပြန်ပြောပေးမယ်။”

မနေ့ကလည်း မောင်တောနဲ့ရသေ့တောင်မြို့နယ်အစပ် မေယုတောင်တန်းဘက်မှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ အကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါးခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ဘက်က အင်အား ထပ်မံဖြည့်တင်းထားသလို ရခိုင်လက်နက်ကိုင် AA အ ဖွဲ့နဲ့လဲ စစ်ရေးပဋိပက္ခတွေပိုမိုပြင်းထန်လာနေပါတယ်။

ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ကြုံနေရချိန် ဒေသအတွင်းတိုက်ပွဲတွေ ရပ်ဆိုင်းကြဖို့လည်း ကုလသမဂ္ဂ အတွင်း ရေးမှူး ချုပ်အပြင် မြန်မာနိုင်ငံအခြေစိုက် သံတမန်တွေကလည်း တိုက်တွန်းထားပေမဲ့လဲ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည် နယ် ဘက်မှာတော့ တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */