ချမ်းသာ
Published on Jan 2, 2020
ချွတ်ပြင်ကျေးရွာမှ နယ်ခြားစောင့်ရဲများသည် စေတီပြင်ရဲစခန်းမှ လစာများထုတ်ယူပြီး အပြန်လမ်းတွင် လုယူဖမ်းဆီးခံရခြင်းဖြစ်သည်။
မြေပုံ - မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (MIMU)
ဒေသခံအစိုးရဝန်ထမ်းများ၏ လစာများ လာရောက်ထုတ်ယူသည့် ရဲဝန်ထမ်းလေးဦးကို မည်သူမည်ဝါ မှန်း မသိရသေးသူ လူတစ်စုက ကြားဖြတ်ကာ လစာများလုယူပြီး ရဲနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင် သွား သည့် ဖြစ်စဉ်တစ်ခု ရသေ့တောင်မြို့နယ်အတွင်း ယနေ့နံနက်က ဖြစ်ပွားခဲ့သည်ဟု လွှတ်တော် ကိုယ် စား လှယ်တစ်ဦးက ပြောသည်။
ချွတ်ပြင်ကျေးရွာ 'သဇင်' နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးနှင့် ရဲဝန်ထမ်းသုံးဦးတို့သည် ၅မိုင် ခန့်အ ကွာ ရှိ စေတီပြင် နယ်ခြားစောင့်ရဲစခန်းသို့ ဝန်ထမ်းလစာများ လာရောက်ထုတ်ပြီးနောက် အပြန်လမ်းတွင် ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက Myanmar Now ကို ယနေ့ မွန်းလွဲ ၁ နာရီခန့်က ပြောသည်။
လုယူခံလိုက်ရသည့် ငွေပမာဏ၊ ဖြစ်ပွားခဲ့ချိန်အတိအကျနှင့် မည်သည့်ဌာနမှ ဝန်ထမ်းများဖြစ်သည်ကို လတ် တ လော မသိရသေးပါ။ ဝန်ထမ်း ၆၀ ကျော်တို့၏ လစာများ လုယူခံရခြင်းဖြစ်သည်ဟု Myanmar Now က စုံစမ်းသိရှိထားသည်။
“ပိုက်ဆံတွေ ဘယ်လိုပါသွားလဲဆိုတာတော့ အတိအကျမသိရသေးဘူး” ဟု စေတီပြင် ကျေးရွာသား တစ်ဦးက ပေးပို့သည့် သတင်းကို အခြေခံ၍ ဒေါ်ခင်စောဝေက ပြောသည်။
ထို့ပြင် “ချွတ်ပြင်နဲ့ စေတီပြင်ကို သွားတဲ့ လမ်းဘေးမှာ အဖမ်းခံရတာလို့ပြောတယ်။ နေရာတော့ အတိ အကျမသိဘူး။ အဲဒီလမ်းမှာ လူပြတ်တဲ့နေရာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။
စေတီပြင်နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို Myanmar Now အနေဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။ ရခိုင် ပြည်နယ်ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာ "အဲဒါက နယ်ခြားစောင့်တပ်အပိုင် နယ်မြေထဲမှာ ဖြစ်တာ။ ကျွန်တော်တို့နယ်မြေထဲမှာ မဟုတ်ဘူး" ဟု တာဝန်ကျဝန်ထမ်းဟု ဆိုသူတစ်ဦးက ဖြေသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို ဆက်သွယ်သော် လည်း ဖုန်းဖြေဆိုမှုမရှိပါ။
ရသေ့တောင်မြို့နယ်အတွင်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးပျောက်ဆုံးမှုအကြောင်းကို မကြားသိရသေးပါဟု အဆို ပါဒေသ တွင် တပ်မတော်နှင့်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် ရက္ခိုင့်တပ်တော် (AA) ၏ ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။
အလားတူ ယမန်နှစ် နိုဝင်ဘာ ၂၆ ရက်က ကျောက်တော်မြို့တွင် မြန်မာ့စီးပွားရေးဘဏ်မှ တစ်ဖာလုံ ခန့် ဝေးသည့် ရဲစခန်းသို့ ငွေကျပ်သိန်း ၂၀၀၀ ကျော်ပါသည့် သေတ္တာနှစ်လုံးကို ဆိုက်ကားဖြင့် သယ်ယူ ပို့ဆောင်စဉ် လမ်း၌ လုယူခံရမှု ဖြစ်ပွားခဲ့ဖူးသေးသည်။
လုယူသူနှစ်ဦးသည် မျက်နှာဖုံးစွပ်ထားပြီး တိုက်ခိုက်လုယူခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောဆို ထားသည်။
Link : Here

No comments:
Post a Comment