Thursday, January 2, 2020

ရသေ့တောင်မြို့နယ်တွင် လစာထုတ်၍ ပြန်လာသည့် နယ်ခြားစောင့် ရဲ ၂ ဦးဖမ်းဆီးခေါ်ဆောင်ခံရဟု သတင်း ထွက်ပေါ်

နိရဉ္စရာသတင်းဌာန
သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇန်နဝါရီ ၂/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်နယ်ခြားစောင့်စခန်း သို့ လစာထုတ်ရန် သွားသည့် သဇင် မြိုင် နယ် ခြားစောင့် ရဲကင်းစခန်းမှ ရဲဝန်ထမ်း ၂ ဦးသည် ရက္ခိုင့်တပ်တော် (AA) အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံ လိုက်ရသည်ဟု ဒေသအတွင်း သတင်းများ ထွက်ပေါ်နေသည်။

ယနေ့ နံနက်ပိုင်းက သဇင်မြိုင်ကျေးရွာ ရဲစခန်းမှ ရဲဝန်ထမ်း ၄ ဦးသည် စေတီပြင်ကျေးရွာ နယ်ခြားစခန်းမှ လစာထုတ်ပြီး ဆိုင်ကယ်ဖြင့်အပြန်တွင် သဇင်မြိုင်ကျေးရွာနှင့် ၄ ဖာလုံ ခန့်ဝေးသည့် တောင်ပေါက်အနီးတွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မနက် ၆ နာရီကြော်လောက်မွာ သဇင်မြိုင်ရဲစခန်းကနေပြီးတော့ ဆိုင်ကယ် ၂ စီးနဲ့ ရဲသား ၄ ယောက် ထွက် သွားတယ်။ လခထုတ်ဖို့ စေတီပြင်ကို။ အဲဒါအပြန်မွာ ဖြစ်တယ်လို့သိရတယ်။ အပြန်မွာဆိုတော့ ငါတို့နေတဲ့ ရွာနဲ့တော့ အကွာအေဝး ၃ ဖာလုံ ၄ ဖာလုံလောက်ရွိမယ်ထင်တယ်။ တောင်ပေါက်နားမွာ ဖြစ်ကြတယ်လို့ ကြားပါတယ်။ ဖြစ်နေတဲ့အခြိန်လည်း ကျေနာ်တို့ကမကြားလိုက်။ အနီးအနားပတ်ဝန်းကျင်ရွာတွေက မေးပြီး မွ အတိအကသြိတာပါ ” ဟု သဇင်မြိုင်ကြေးရွာသားတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

လစာထုတ်ပြီးအပြန်လမ်းတွင် အေအေ အဖွဲ့နှင့်ထိတွေ့ပြီး အပြန်အလှန် ပစ်ခတ်မှု ၅ မိနစ်ခန့် ဖြစ်ပွား ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ၂ ဦးဖမ်းဆီးခံရကာ ကျန် ၂ ဦးမှာ ထွက်ပြေး လွတ်မြောက် သွားသည်ဟု ကြားသိရကြောင်း သဇင်မြိုင်ကျေးရွာသားတစ်ဦးက ပြောသည်။

ထိုဖြစ်စဉ်နွင့် ပတ်သက်ပြီး ရေသ့တောင်မြို့နယ် ဒုမြို့နယ်အုပ်ျခုပ်ရေးမှူး ဦးမောင်မောင်ခြိုအား နိရဉ္စရာ သတင်း ဌာနမွ ယေန့ နေ့လယ် ၁ နာရီခန့်က ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းအနေဖြင့်ထိုသတင်းအား မကြား မိသေးကြောင်း ပြန်လည်ဖြေကြားသည်။

တပ်ဘက်က အတည်ပြုချက်ရယူနိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ် မှူးကြီးဝင်းဇော်ဦးအား ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးသဖြင့် တပ်ဘက်က အ တည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။

ဆက်လက်ပြီး ရေသ့တောင်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလွယ် ဒေါ်ခင်စောဝေအား နိရဉ္စရာ သတင်း ဌာနမွ ဆက်သွယ်မေးမြန်းခဲ့ရာ ဒေသခံကြေးရွာသားျမား၏ ပြောဆိုခြက်အရ ထိုသတင်းအား ကြားသိရ ပြီဖြစ်ကြောင်း၊ သို့သော်လည်း ၎င်းအနေဖြင့် သီးခြားအတည်ပြုပြောဆိုနိုင်ခြင်း မရွိသေးကြောင်း ပြောကြား သည်။

သဇင်မြိုင် ရဲစခန်းမွ နယ်ခြားစောင့် ရဲဝန်ထမ်း ၂ ဦးအား လစာထုတ်ပြီးအပြန်လမ်းတွင် ရက္ခိုင့်တပ်တော် အေအေ အဖွဲ့က ဖမ်းဆီးသွားသည်ဟု သတင်းျမားထွက်ပေါ်နေမှုအေပါ် ရက္ခိုင့်တပ်တော် (AA) ပြန်ကြား aရး တာဝန်ခံ ခိုင်သုခ အား နိရဉ္စရာသတင်းဌာနမွ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */