Sunday, December 8, 2019

ရသေ့တောင်မှာ တိုက်ပွဲတွေပြင်းထန်

B B C
ဘီဘီစီ မြန်မာပိုင်း 
08 ဒီဇင်္ဘာ 2019
 ဘူးသီးတောင်နဲ့ရသေ့တောင်ကြားက ရွာဆယ်ရွာကျော်ကို ဒေသခံတွေစွန့်ခွာသွားကြပါပြီ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီဇင်ဘာ ၇ ရက်မှာ တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီးနဲ့ အကြိမ်ကြိမ် လာရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဟတ်ယာဉ်ပေါ်ကနေ တိုက်ခိုက်သလို အနီးအနားရှိ မြန်မာ့တပ်မတော် ရေဆိုးချောင်းဗျူဟာစခန်းကနေ တိုက် ခိုက်မှုတွေကြောင့် ရေဘုတ်၊ အမျက်တောင်၊ ငစံဘော်၊ ကျောက်တန်း ကျေးရွာတွေက ဒေသခံထောင် နဲ့ချီ ထွက် ပြေးခဲ့ရတယ်လို့ သိရပါတယ်။

ဘီဘီစီက အဲဒီဒေသခံတွေကို ဆက်သွယ်မေးမြန်းနေစဉ်မှာကိုပဲ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ တဲ့ အသံကိုလည်း ကြားခဲ့ရပါတယ်။

"အကုန်လုံးပြေးနေကြရတယ်။ ရွာနားတွေမှာ အလုံးတွေ၊ အမြှောက်တွေ ကျနေတာ။ လေယာဉ်က နှစ် ခေါက်လာပြီးပြီလေ" လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဘီဘီစီကို ဒီဇင်ဘာ ၇ ရက်မှာပြောပါတယ်။

ရသေ့တောင်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်ကြား ရွာပေါင်း ၁၀ ရွာကျော်ဟာ ရွာသားတွေစွန့်ခွာ သွားကြ တဲ့အတွက် ရွာပျက်တဲ့အဆင့်ကိုရောက်နေပြီလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ 


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */