" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, August 3, 2020

ရသေ့တောင်တွင် စစ်ကျန်လက်နက်ပေါက်ကွဲ၍ ကလေး နှစ်ဦးသေဆုံး

7DAY NEWS
မောင်ကံ
Monday, August 3, 2020


ရသေ့တောင်မြို့နယ် ကပ်ချောင်းကျေးရွာတွင် စစ်ကျန် လက်နက် ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦးသေ ဆုံးကာ လေးဦး ဒဏ်ရာရရှိသည်။

ဩဂုတ် ၁ ရက်က ကျေးရွာ အနီးချောင်းသို့ ငါးဖမ်းသွားရာ တွင် စစ်ကျန်လက်နက်ကိုတွေ့ ရှိပြီး နေအိမ်သို့ ယူဆောင်ထုခွဲ ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွား ခြင်းဖြစ်ကြောင်း ကပ်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦး ထွန်း လှိုင်က ပြောသည်။

‘‘ကလေးခြောက်ဦးမှာ တစ် ဦးက ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ ကျန်ငါးဦးမှာ ကူတောင်တိုက်နယ် ဆေးရုံကို နှစ်ဦးပို့တယ်။ စစ်တွေ ဆေးရုံကိုပို့တဲ့သုံးဦးမှာ တစ်ဦးက လမ်းမှာ သေဆုံးခဲ့ပါတယ်’’ ဟု ၎င်းကဆိုသည်။

ယင်း ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့သူများမှာ အသက် (၉) နှစ်မှ (၁၆) နှစ်အ ရွယ် ယောက်ျား လေးများဖြစ် သည်။ ယခု စစ်ကျန်လက်နက် ပေါက်ကွဲခဲ့သည့် ကပ်ချောင်း ကျေးရွာအနီးတွင် ပြီးခဲ့သည့် ဇူ လိုင်လအ တွင်းက တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရွာခံ အ ချို့ကပြောသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */