Tuesday, December 24, 2024

ရခိုင်ပြည်နယ်တိုက်ပွဲကြား ရိုဟင်ဂျာအကျပ်အတည်း ပိုဆိုးလာနိုင်ကြောင်း MSF သတိပေး

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၄ ဒီဇင်ဘာ၊ ၂၀၂၄ 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ukhia ဒုက္ခသည်စခန်းအတွင်းမှာရိက္ခာလာရောက်ယူနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (စက်တင်ဘာ ၁၂၊ ၂၀၂၄)
မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြား ရိုဟင်ဂျာဒုက္ခသည်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ပိုများလာနေတဲ့အတွက် ဒုက္ခသည်အများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးဖို့ ကြိုးစားနေပြီး အခြေအနေ ပိုဆိုးလာမယ်လို့ မျှော်လင့်ကြောင်း ကော့်ဇ်ဘဇားမှာရှိတဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) စီမံကိန်းညှိနှိုင်းရေးမှူးStephanie Hoffman က X လူမှုကွန်ယက်မှာပြောပါတယ်။

 

 


မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (AA) အဖွဲ့ကြား ပြီးခဲ့တဲ့လပိုင်းက တိုက်ပွဲတွေကြား ရိုဟင်ဂျာ တွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ လုယက်မီးရှို့ခံရတာ၊ ဒရုန်းယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ တွေကြောင့် ဘူးသီးတောင်နဲ့ မောင်တောက ရိုဟင်ဂျာမူဆလင်တွေ ရာနဲ့ချီ ထွက်ပြေးရကြောင်း ဗွီဒီယို မှတ်တမ်းတွေနဲ့ X လူမှုကွန်ယက်မှာ တင်ထားတာပါ။ ရိုဟင်ဂျာဒုက္ခသည် ပြဿနာဟာ လတ်တလော ဖြေရှင်းလို့ရမယ့် အခြေအနေမရှိတဲ့အကြောင်းကိုလည်း ပြောထားပါတယ်။

ပြီးခဲ့တဲ့ နှစ်လအတွင်း ရိုဟင်ဂျာဒုက္ခသည် ခြောက်သောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးဝင် ရောက်လာတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး Touhid Hossain က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြောပါတယ်။ ရိုဟင်ဂျာ ၅ သိန်းလောက်နေထိုင်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောဒေသတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အပြည့်အ၀ထိန်းချုပ်လိုက်ကြောင်း AA အဖွဲ့က ကြေညာထားပါ တယ်။ နိုင်ငံတကာမှာ ရှိတဲ့ ရိုဟင်ဂျာအဖွဲ့အစည်း နှစ်ဒါဇင်ကျော်ကတော့ ဒီဒေသမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေနဲ့ တခြား ဘာသာမတူလူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ AA အဖွဲ့ကို တောင်းဆိုထားပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */