RFA
May 28, 2024
■ ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး နယ်မြေတွေ သိမ်းယူတဲ့နေရာမှာ တာဝန်ယူမှုရှိအောင် နိုင်ငံတကာက တွန်းအားပေးဖို့လိုတယ်လို့ အမေရိကန်အစိုးရ ငြိမ်း ချမ်းရေးအင်စတီကျု (USIP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှုး ဂျေဆင် တာဝါက သုံးသပ်ပါတယ်။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာနဲ့ ရခိုင်အသိုက်အဝန်းနှစ်ခုကြားမှာ တင်းမာမှုတွေ ဖြစ်လာအောင် ရန်တိုက်ပေးပြီး AA ကို ဖိအားပေးတဲ့ ဗျူဟာကို ကျင့်သုံးနေတယ်လို့လည်း ဂျေဆင်တာဝါက သုံးသပ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်မြင့်မောင်က ဆက်ပြောပြပါမယ်။
No comments:
Post a Comment