May 22nd, 2024
မေလ ၂၂ရက်၊ ၂၀၂၄ ခုနှစ်။
ရခိုင်ဒေသနှင့် တနိုင်ငံလုံးမှ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် အဖိနှိပ်ခံ ရိုဟင်ဂျာလူမျိုးစု၏ အသက်အိုးအိမ်စည်းစိမ်များ၊ ပုံရိပ်များအား နိုင်ငံရေး စစ်ရေးလိုအပ်ချက်အတွက် အသုံးချနေခြင်းအား ချက်ချင်း ရပ်တန့်ရန်တောင်းဆိုခြင်း။

အကြမ်းဖက် စစ်အုပ်စုအနေဖြင့် ရိုဟင်ဂျာလူမျိုးစုအား ဖိနှိပ်ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုများ၊ လူ သား မျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံး သတ်ဖြတ်မှုများကို အစဉ်တစိုက် ကျူးလွန်ခဲ့ပြီး လက်ရှိတွင်လည်း မတရား စစ်မှု မထမ်းမနေရ အမိန့်ဖြင့် အတင်းအဓမ္မ ဖိအားပေး၍ စစ်သားများအဖြစ်၊ လူသားဒိုင်းများအဖြစ်၊ စစ်အုပ်စုကိုယ်စား အကြမ်းဖက်မှု ကျူးလွန်သူ များ အဖြစ် အသုံးပြုနေသည်။
သိသာထင်ရှားသည့် သက်သေအနေဖြင့် ယခုနှစ် မတ်လအတွင်း ရခိုင်ဒေသ၊ ရသေ့တောင်မြို့နယ်၊ အငူမော်တွင် အာရက္ခတပ်တော် (AA) နှင့် အကြမ်းဖက် စစ်အုပ်စုတို့အကြား တိုက်ပွဲတွင် စစ်အုပ်စုက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည့် ရိုဟင်ဂျာ ၁၀၀ နီးပါး အစုအလိုက် အပြုံလိုက် သေဆုံးခဲ့ရပါသည်။
ထို့အပြင် စစ်အုပ်စု အနေဖြင့် လက်ရှိတွင်လည်း ဘူးသီးတောင်နှင့် စစ်တွေရှိ IDP- အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများ၏ စခန်းများ မှ ရိုဟင်ဂျာများကို အတင်းအကြပ် ဖိအားပေးကာ အာရက္ခ တပ်တော် (AA) ကို ဆန္ဒပြခိုင်းခြင်းများကို ပြုလုပ်နေပြီး ရိုဟင်ဂျာများအပေါ် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန်နှင့် လူမျိုးရေး ပဋိပက္ခများ ထပ်မံ ဖြစ်ပွားစေရန် လှုံ့ဆော်နေသည်။
ယခုနှစ် ဧပြီလတွင် ရခိုင် ဒေသ ဘူးသီးတောင်မြို့ပေါ်ရှိ ရခိုင် လူမျိုးစုများ၏ နေအိမ် ၂၀၀ ကျော်ကို အကြမ်းဖက် စစ်အုပ်စုက မီးရှို့ဖျက်ဆီးရာတွင် စစ်မှုမထမ်းမနေရ အမိန့်ဖြင့် အတင်းအဓမ္မ ဖိအားပေး၍ စုဆောင်းထားသော ရိုဟင်ဂျာ များကို အသုံးပြုပြီး ရခိုင် နှင့် ရိုဟင်ဂျာ လူမျိုးစုကြား လူမျိုးရေး ပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် စတင် ဖန်တီးခဲ့သည်။
ယခုကဲ့သို့ လူမျိုးရေး ပဋိပက္ခဖြစ်အောင် စစ်အုပ်စုက လုပ်ဆောင်နေခြင်း အပြင် ရွေးချယ်ခွင့်မရသော ရိုဟင်ဂျာလူထု၏ အခြေအနေနှင့် နှစ်များစွာ ဖိနှိပ် ပိတ်လှောင်ခံရမှုကြောင့် အကြမ်းဖက်စစ်အုပ်စု ပုံဖော်ချင်သည့်ပုံစံများ အကြား ကြုံတွေ့နေရသည့် အခြားလူမျိုးစုများနှင့် မတူသော အကျပအတည်းများကို တော်လှန်ရေး အင်အားစုများနှင့် ပြည်သူလူထု အနေဖြင့် အထူး သတိထားပြီး နားလည်သိရှိထားရန် လိုအပ်ပါသည်။
ယခုအခြေအနေတွင် အဖွဲ့အစည်းများ၊ မီဒီယာများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် ရိုဟင်ဂျာအားလုံးကို စစ်အုပ်စုနှင့် ပူးပေါင်းနေသည့် ပုံစံမျိုး ပုံဖော်မှုများ ရှိနေသည့်အပြင် “ဘင်္ဂါလီ အကြမ်းဖက်များ”၊ “မွတ်စ်လင်မ် အကြမ်းဖက်သမား” စသော အမုန်းစကားပါသည့် ဝေါဟာရများကို တွင်တွင်သုံးနေကြသည်ကိုလည်း တွေ့ရှိနေရပါသည်။ အဆိုပါအခြေအနေသည် လူမျိုးတစုလုံးနှင့် ၎င်းတို့ ကိုးကွယ်ယုံကြည်သည့် ဘာသာတရား တခုလုံးကို သိမ်းကျုံးစွပ်စွဲမှုများသည် လူမျိုးရေး ဘာသာရေး ပဋိပက္ခများ၊ လူထုကြား အမုန်းတရား ကြီးမားလာစေရန် တွန်းပို့နေခြင်းများဖြစ်သည်။
တခြားသော လူမျိုးစုများနည်းတူ ရိုဟင်ဂျာ လူမျိုးစု အတွင်းတွင်လည်း အကြမ်းဖက် မြန်မာ စစ်အုပ်စုနှင့် ကိုယ်ကျိုးစီးပွားအတွက် ပူးပေါင်းသောသူများ ရှိနေသော်လည်း တချိန်တည်းတွင် စစ်အာဏာရှင်ကို ဆန့်ကျင်နေသော ရိုဟင်ဂျာများ မြောက်များစွာ ရှိနေသည့်အချက်ကို အထူးသတိပြုရမည် ဖြစ် သည်။
လက်ရှိတွင် အကြမ်းဖက် စစ်အုပ်စုနှင့် ပူးပေါင်းနေသည့် ရိုဟင်ဂျာ လက်နက်ကိုင်အုပ်စုများဖြစ်သော Arakan Rohingya Salvation Army (ARSA), Arakan Rohingya Army (ARA)နှင့် Rohingya Solidarity Organization (RSO) တို့သည် ရိုဟင်ဂျာ လူမျိုးစု ပြည်သူ တဦးချင်းစီကို လုံးဝ ကိုယ်စားမပြုကြောင်း မိမိတို့ အားလုံး အနေဖြင့်နားလည်သိရှိပြီး အသေအချာ ခွဲခြားမြင်ရန် အထူးလိုအပ်ပါသည်။
အကြမ်းဖက် စစ်အုပ်စုနှင့် ပူးပေါင်းပြီး ပြည်သူလူထုကို အဓမ္မ အနိုင်ကျင့်သည့် ရိုဟင်ဂျာ လက်နက် ကိုင် အပါအဝင် မည့်သည့် လူမျိုးစု လက်နက်ကိုင် အုပ်စုကို မဆို မိမိတို့အနေဖြင့် လုံးဝ ရှုံ့ချ ဆန့်ကျင် ကန့်ကွက်ပါသည်။
အကြမ်းဖက် စစ်အုပ်စုနှင့်ပူးပေါင်းနေသည့် ARSA အလားတူ အခြားလူမျိုးစု လက်နက်ကိုင်များရှိနေပြီး ၎င်းတို့အနေဖြင့် သက်ဆိုင်ရာ လူမျိုးစုများကို ကိုယ်စားပြုသယောင် ပြောဆိုနေသည်လည်း မိမိတို့အနေဖြင့်ကောင်းစွာ သိရှိနားလည်ထားပါသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၇ရက်နေ့ ကတည်းက ရိုဟင်ဂျာလူမျိုးစု အသိုင်းအဝိုင်းနှင့် အဖွဲ့အစည်းများအနေဖြင့် ARSA သည် ရိုဟင်ဂျာလူမျိုးစုကို မည်သို့မျှ ကိုယ်စားမပြုကြောင်း အတိအလင်း သဘောထား ထုတ်ပြန်ချက် ကြေငြာခဲ့ပြီးဖြစ်သည်။
လူမှုသဟဇာတ ဖြစ်ရေး အပါအဝင် ဒေသလူထုအတွက် တာဝန်ယူ၊ တာဝန်ခံသည့် အခြေအနေမျိုးကို အာရက္ခ တပ်တော် (AA) အနေဖြင့် တာဝန်ယူဆောင်ရွက်ပေးရန် တိုက်တွန်းပါသည်။ ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားသည့်ဥပဒေ (IHL) တို့ကို လိုက်နာပြီးပြည် သူများ နေထိုင်ရာ နေရာများတွင် တိုက်ပွဲ မဖော်ဆောင်ရန်နှင့် ရိုဟင်ဂျာ ရွာများမှ ရွာသူ၊ ရွာသားများကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းခြင်းများ မပြုလုပ်ရန်လည်း လိုအပ်ပါသည်။
အရပ်သားများကို အကာအကွယ်ပေးရမည့် တာဝန်သည် စစ်ပွဲအတွင်း အထူး လိုက်နာရမည့် (နိုင်ငံတ ကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ) ကျင့်ဝတ်၊ တာဝန်ဖြစ်ပြီး အာရက္ခ တပ်တော် (AA) အနေဖြင့် ဒေသတွင်း မှီတင်း နေထိုင်သော ရခိုင်လူမျိုးစု ၊ ရိုဟင်ဂျာလူမျိုးစု အပြင် အခြားသော လူမျိုးစုနှင့် ဘာသာဝင်များကိုလည်း စစ်ပွဲအတွင်း ပစ်မှတ် မထားရန်နှင့် လွတ်လပ်သော နိုင်ငံတကာ သတင်းမီဒီယာများနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ဝင်ခွင့်ပေးရန် အာရက္ခ တပ်တော် (AA) အား အထူးတိုက်တွန်း တောင်းဆိုလိုက်သည်။
အခြားတဖက်တွင် အာရက္ခ တပ်တော် (AA) က ရိုဟင်ဂျာ လူမျိုးစုများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ မပြုလုပ်ပါဟု ထုတ်ပြန်ထားသော်လည်း လက်ရှိ မြေပြင်တွင် တပ်တော် လက်အောက် ခံ စစ်သားများက ကျူးလွန်နေသည်ဟု စွပ်စွဲခံထားရသော ကိစ္စရပ်များရှိနေသည်။ ဧပြီလ နှင့် မေလတွင် ဘူးသီးတောင်မြို့ရှိ သံကျောက်ခဲရွာ၊ ရွက်ညိုတောင်ရွာ နှင့် မြောက်ပိုင်း မောင်တော မြို့ရှိ သရက်အုတ်ရွာ စသည့်နေရာများတွင် ရွာအလိုက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံထားရခြင်းများ၊ ဖမ်းဆီးခေါ်ဆောင် ခံရပြီး လူမသိ၊ သူမသိ သတ်ဖြတ်ခံခဲ့ရသော ရိုဟင်ဂျာများနှင့် မတရား ဖမ်းဆီးခေါ်ဆောင်နေမှုများ ရှိနေသည်ဟု ထုတ်ပြန် ထားသော သတင်းများအရ သိရှိရသည်။
သတင်းမီဒီယာများနှင့် မျက်မြင် သက်သေများ၏ ထွက်ဆိုချက်များအရ ဘူးသီးတောင်မြို့၏ နေရာအများစုကို အာရက္ခ တပ်တော် (AA) က ထိန်းချုပ်ထားပြီးနောက် မေလ ၁၇ရက် ညအချိန် ၁၀နာရီခန့်တွင် ရိုဟင်ဂျာ အရပ်သား အများစု နေထိုင်သည့် ဘူးသီးတောင်မြို့ပေါ်ရှိ နေအိမ်များအား AA မှ မီးရှို့ ဖျက်ဆီးခဲ့သည်။ ဤဖြစ်စဥ်သည် စစ်ရာဇဝတ်မှုအပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု တစ်ခုဖြစ်ပါသည်။
အဆိုပါကိစ္စရပ်များအား အာရက္ခ တပ်တော် (AA) အနေဖြင့် လွပ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန်နှင့် ကျူးလွန်မှုများ အမှန်တကယ် ရှိနေပါက ကျူးလွန်သူများအား အပြစ်ပေး အရေးယူရန် ယခု ပူးတွဲ ထုတ်ပြန် လက်မှတ် ရေးထိုးထားသော မိမိတို့ တော်လှန်ရေး အင်အားစုများနှင့် အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် အထူးအလေးအနက် တောင်းဆိုလိုက်သည်။
အကြမ်းဖက် စစ်အုပ်စုနှင့် အာရက္ခ တပ်တော် (AA) တို့ကြား ပြင်းထန်နေသော တိုက်ပွဲများအတွင်း ရခိုင်ဒေသ ရှိ ပြည်သူများ အားလုံး၏ လုံခြုံရေးကို အထူး စိုးရိမ်မိပါသည်။
အကာအကွယ် မဲ့နေသော အဖိနှိပ်ခံ အသုံးချခံ ရိုဟင်ဂျာ လူမျိုးစု အပေါ် နောက်တကြိမ် ဂျီနိုဆိုက်လူမျိုးတုံး သတ်ဖြတ်မှုများ ထပ်မံမဖြစ်လာစေရန် မြန်မာနိုင်ငံရှိ တော်လှန်ရေး နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက် အဖွဲ့အစည်းများအပြင် ပြည်သူလူထု တစ်ဉီးချင်းစီအနေဖြင့်လည်း အရပ်သား ကာကွယ်ရေး၊ လူ့ ဂုဏ်သိက္ခာ ကာကွယ်ရေး အခြေခံအပေါ် ရပ်တည်ဖို့ အထူး အရေးကြီးသည်။ ဒေသတွင်းတာဝန်ရှိသည့် အာရက္ခ တပ်တော် (AA) သည်လည်း ရခိုင်ဒေသ အတွင်း မှီတင်းနေထိုင်နေကြသော ပြည်သူလူထုများ အားလုံးကို ကာကွယ်ပေးရန် အထူးတာဝန်ရှိနေသည်။
အာရက္ခ တပ်တော် (AA) ခေါင်းဆောင်များနှင့် ရိုဟင်ဂျာ ခေါင်းဆောင်များလည်း အမြန်ဆုံး တွေ့ဆုံဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်ကြပါရန်လည်း မိမိတို့ အားလုံး အနေဖြင့် အထူး တိုက်တွန်း တောင်းဆိုလိုက်သည်။ မိမိတို့အနေဖြင့် အထက်ပါစိုးရိမ်ချက်များအား အပြုသဘောထောက်ပြခြင်းဖြစ်ပြီး အနာ ဂတ် အာရကန်၏ လူမျိုးစုံ၊ ဘာသာစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် ရေရှည်တည်ငြိမ်မှုကို အထောက်အကူပြုမည့် လုပ်ငန်းစဉ်များအား အားဖြည့်သွားမည် ဖြစ်သည်။ အာရကန်ဒေသ တခုလုံးတွင် မှီတင်းနေထိုင်ကြသည့် လူထုတရပ်လုံး လွတ်မြောက်ရေးကို မျှော်မှန်းသည့် တော်လှန်ရေးအားလည်း မိမိတို့အနေဖြင့် ဆက်လက်ဝန်းရံ ထောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါ သည်။
အထက်ပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပိုမိုသိရှိလိုပါက အောက်တွင်ပေးထားသော တာဝန်ခံများ၏ အီးမေးလိပ်စာများသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ စစ်သူကြီး မူလန်, သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု, info@bmcmyanmar.com

- နော်အောင်, မြန်မာ့ ဒီမိုကရေစီ ကာကွယ်မြှင့်တင်ရေး လှုပ်ရှားမှု, communication@defendmyanmardemocracy.org
- ခင်ဥမ္မာ, ရှေ့ပြေးအသံ အဖွဲ့, info@progressive-voice.org
မှတ်ချက်။ ဖော်ပြပါ ပူးတွဲ ထုတ်ပြန်ကြေငြာချက်တွင် ပါဝင်သော အဖွဲ့အစည်းပေါင်း ၁၉၅ ဖွဲ့တွင် ၅၉ ဖွဲ့သည် ပြည်တွင်း လုံခြုံရေး အခြေအနေကြောင့် အမည် ဖော်ပြခြင်း မပြုပါ။
- Action Committee for Democracy Development (ACDD)
- Ah Nah podcast – Conversations with Myanmar
- All Young Burmese League, Australia
- Alliance for Democracy in Myanmar (ADM)
- Alliance of Students’ Unions – Yangon (ASU-Yangon)
- Anti Dictatorship in Burma – DC Metropolitan Area.
- Anti-Junta Mass Movement (AJMM)
- Arakan Youth Peace Network
- Athan – Freedom of Expression Activist Organization
- ATN Ayarwaddy Youth Network
- Aung San Su Kyi Park, Norway
- Ayeyarwaddy West Development Organisation (AWDO), Magway
- Ayeyarwaddy West Development Organisation (AWDO), Ngaphe
- Bago Regional Support Team
- Blood Money Campaign (BMC)
- Burma Civil War Museum
- Burma Human Rights Network (BHRN)
- Burma Support
- Burmese Women’s Union (BWU)
- CAN-Myanmar
- Chin Community in Norway
- CRPH & NUG supporters Ireland
- CRPH Funding Ireland
- CRPH Support Group, Norway
- CRPH, NUG Support Team Germany-Deutschland
- Defend Myanmar Democracy (DMD)
- Democracy Peace and Women Organization
- Democratic Movement Strike Committee (Dawei)
- Democratic Party for a New Society, Norway
- Democratic Youth Council (DYC)
- Doh Atu – Ensemble pour le Myanmar
- Doh Ayay
- Educational Initiatives
- Equality Myanmar
- Former ABSDF
- Free Rohingya Coalition (FRC)
- General Strike Committee (GSC)
- General Strike Committee of Nationalities (GSCN)
- Generation Wave
- Global Myanmar Spring Revolution (GMSR – Japan)
- Global Myanmar Spring Revolution (GMSR)
- Historical Carriers Group
- Human Rights Foundation of Monland
- Inlighten Peninsula Tenasserim – IPT
- International Society of Myanmar Scholars and Professionals
- Justice for Myanmar
- Kachin Association Norway
- Karen Women’s Organization
- Karenni Association – Norway
- K’cho Ethnic Association
- Keng Tung Youth
- Knowledge Hub Myanmar
- Kyae Lak Myay
- Kyauktada Strike Committee
- LASHIO UlC
- Legal Aid For Human Rights
- MAGGA Initiative
- MATA စစ်ကိုင်းတိုင်း
- Matu Burma Foundation
- MilkTeaAlliance Calendar Team
- Min Hla farmers Group
- Minbu farmers Group
- Minority Affairs Institute (MAI Myanmar)
- Mon Association – Norway
- Mother’s Embrace Foundation
- Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC)
- Myanmar Baptist Churches in Norway
- Myanmar Catholic Community In Norway
- Myanmar Community Austria
- Myanmar Community in Norway
- Myanmar Cultural Research Society (MCRS)
- Myanmar Freedom of Religion or Belief Network
- Myanmar Hindu Community – Norway
- Myanmar Muslim Organization – Norway
- Myanmar Muslim Revolution Force
- Myanmar Tourism Committee
- MyaYar Knowledge Tree
- Network for Human Rights Documentation – Burma (ND-Burma)
- New Power Generation
- New Rehmonnya Federated Force -NRFF
- New Step
- NLD Organization Committee (International) Norway
- Norway Falam Community
- Norway Matu Community
- Norway Rawang Community
- Nyan Lynn Thit Analytica
- Olive Organization
- People Defense and Supporting Force
- Politics for Women Myanmar
- Progressive Voice
- Pwintphyu Development Organisation
- RAISA Rohingya Southeast Asia Network
- Rathedaung Society for Peace and Development (RSPD)
- Rohingya Action Ireland
- Rohingya Community in Norway
- Rohingya Student Network (RSN)
- Rohingya Union for Women Education and Development (RUWED)
- Save and Care Organization for Ethnic Women at Border Areas (SCOEWBA)
- Save Myanmar San Francisco
- Save Myanmar USA
- Shan MATA
- Sisters 2 Sisters
- Sitt Nyein Pann Foundation
- South Dagon`s Saturated Blood of Revolution Strike Force
- Southern Dragon Myanmar
- Southern Monitor
- Southern Voice
- Southern Youth Development Organization
- Spring Revolution Myanmar Muslim Community (SRMMC)
- Support Group for Democracy in Myanmar (Netherlands)
- Ta’ang Legal Aid Foundation-TLAF
- Ta’ang Women’s Organization
- Tamwe Nway Oo Channel
- HTY Scout Channel
- NOK Information & Scout Echo
- Thaketa & Dawbon Scout Channel
- Information & Scout News (Hlaing)
- South Dagon Scouting Infos (SDG)
- Kyimyindaing Scout Channel
- Insein Scout Channel
- North Dagon & East Dagon News
- Youth Scout For Democracy (YSD)
- Tanintharyi Nationalities Congress – TNC
- Tenasserim Student’s Union Network- TSUN
- Thint Myat Lo Thu Myar Organization
- Union of Karenni State Youth (UKSY)
- White Coat Society Yangon
- Women Advocacy Coalition Myanmar (WAC-M)
- Yangon Medical Network
- Yangon Public Relations (YPR)
- Youth for democratization of Myanmar (UDM)
- Z Fighter News
- Zomi Christian Fellowship of Norway
- Zomi Community Norway
- အညာလွင်ပြင်ရပ်ဝန်း
- Women’s Peace Network (WPN)
PDF ဖိုင်ကိုရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ
No comments:
Post a Comment