BBC
၁၀ စက်တင်ဘာ ၂၀၂၄
IIMM အကြီးအကဲ မစ္စတာ နီကိုလပ်စ် ကုမ်ဂျန်
မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ကင်းလွတ်နေတဲ့ အဆိုးသံသရာကို အဆုံးသတ်နိုင်ဖို့ စကားလုံးတွေ သက်သက်က မလုံလောက်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM) အကြီးအကဲ မစ္စတာ နီကိုလပ်စ် ကုမ်ဂျန်က ပြောလိုက်ပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (၅၇) ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာ IIMM အကြီးအကဲ မစ္စတာ နီကိုလပ်စ် ကုမ်ဂျန်က ပြောခဲ့တာဖြစ်တယ်လို့ စက်တင်ဘာလ ၉ ရက်စွဲနဲ့ IIMM က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
“မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ကြောက်မက်ဖွယ် ရာဇ၀တ်မှုတွေကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ရိုဟင်ဂျာ ရှင်းလင်းစစ်ဆင်ရေး ဖြစ်ခဲ့တာလည်း ခုနစ်နှစ် ကြာပြီဖြစ်သလို၊ စစ်တပ်က အာဏာသိမ်းခဲ့တာ သုံးနှစ်ခွဲကြာခဲ့ပါပြီ။ ဒါပေမဲ့လည်း အကြမ်းဖက်မှုတွေသာ ပိုတိုးနေပါတယ်။ မြန်မာနိုင်ငံသားတွေ ဒုက္ခရောက်နေကြပြီး အိမ်နီးချင်းနိုင်ငံတွေလည်း နယ်စပ်ဖြတ် ကျော်ထွက်ပြေးကြသူတွေရဲ့ ဝန်ကို ထမ်းပိုးနေရပါတယ်” လို့ IIMM အကြီးအကဲ က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(အေအေ)တို့ရဲ့ တိုက်ပွဲတွေကြောင့် အရပ် သားထောင်နဲ့ချီကာ ထိခိုက်နေပြီး ပြည်တွင်းလက်ကျန် ရိုဟင်ဂျာတွေဟာ မြန်မာစစ်တပ်နဲ့ အေအေတို့ကြား အထူးအန္တရာယ်များတဲ့ အခြေအနေကို ကြုံတွေ့နေပါတယ် လို့လည်း IIMM အကြီးကဲ မစ္စ တာ နီကိုလပ်စ် ကုမ်ဂျန် က လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
“သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မမှုနဲ့ ရွာမီးရှို့မှုစတဲ့ ကြောက်မက်ဖွယ် သတင်းပေးပို့ချက်တွေကို IIMM က အထူးအားစိုက် စုံစမ်းစစ်ဆေးနေပါတယ်။ သူတို့တွေဟာ တိုက်ရိုက်ပစ်မှတ်ထားခံရပြီး အတင်းအကြပ်ဆောင်ရွက်မှုကြောင့် ထောင်ပေါင်းများစွာဟာ မိမိတို့ နေအိမ်တွေကနေ စွန့်ခွာကြရပါတယ်” လို့လည်း IIMM အကြီးကဲက ပြောခဲ့ပါတယ်။
ရိုဟင်ဂျာတွေနဲ့ဆက်စပ်တဲ့ ရာဇဝတ်မှုတွေကို တရားစွဲဆိုတာတွေလုပ်ဖို့ နိုင်ငံတကာရာဇ၀တ်ခုံရုံး၊ နိုင်ငံတကာတရားရုံးနဲ့ အာဂျင်တီးနား ဖက်ဒရယ်တရားရုံးက အာဏာပိုင်တွေဆီကို ဒီနေ့အထိ အထောက်အထားနဲ့ အချက်အလက် တစ်သန်းကျော်ပါဝင်တဲ့ ဖိုင်တွဲပေါင်း (၈၀) ကျော်ပေးပို့ထားတယ်လို့လည်း IIMM အကြီးကဲ မစ္စတာ နီကိုလပ်စ် ကုမ်ဂျန်က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို ပြောခဲ့ပါတယ်။
ဒါအပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေက နိုင်ငံအနှံ့ ပိုမိုပြင်းထန်နေပြီး ရှမ်းပြည်နယ် မြောက်ပိုင်းက နမ့်ခမ်းမြို့ကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၆ ရက် ညအချိန် လေကြောင်းတိုက် ခိုက်မှုကြောင့် ကလေးငယ်နဲ့အမျိုးသမီတွေအပါအဝင် လူတစ်ဒါဇင်ခန့်သေဆုံး ခဲ့ရတာကိုလည်း သူကထောက်ပြပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်းက ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်အပါအဝင် မြန်မာပြည်ထဲကအဖွဲ့အစည်းအစုံဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အကြိမ် ပိုတိုးကာ၊ ပိုမိုရက်စက်စွာ ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေကိုလည်း ယန္တရားကတွေ့ရှိထားရတယ့် IIMM အဖွဲ့ က ထုတ်ပြန်ပါတယ်။

Link : Here
No comments:
Post a Comment