RFA
RFA Burmese
2024.05.24
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားအနီးရှိ Palang Khali သို့ ထွက်ပြေးလာသည့် ရိုဟင်ဂျာများအား ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။ Reuter
ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ် နတ်မြစ်အနီးဒေသတွေကို ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သတ်ဖြတ်မှု၊ နေအိမ်နဲ့ ဥစ္စာစည်းစိမ် မီးရှို့မှုတွေ ကျူးလွန်နေကြောင်း စွပ်စွဲချက်တွေလည်း ပေါ်ထွက်နေတယ်လို့ သူက ဆိုပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနခွဲ အကြီးအကဲ ဂျိမ်းစ် ရိုဒ်ဟေဗာကလည်း ဂြိုဟ်တုက ရတဲ့ ဓာတ်ပုံတွေ၊ အင်တာနက်ပေါ်ကရတဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေအရ ဘူးသီးတောင်မြို့ဟာ တစ်မြို့လုံးနီးပါး မီးရှို့ဖျက်ဆီးခံထားရတာကို ပြသနေတယ်လို့ ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့တွေ ဘူးသီးတောင်မြို့ကနေ ဆုတ်ခွာသွားတဲ့နောက် နှစ်ရက်အကြာ မေလ ၁၇ရက်မှာ မီးလောင်ကျွမ်းမှုတွေ စတင်ခဲ့တာဖြစ်ပြီး၊ အခုအချိန်မှာ ရက္ခိုင့်တပ်တော် (AA) က အပြည့် အဝ ထိန်းချုပ်ထားကြောင်း၊ လက်ရှိအခြေအနေတွေအတွက် ဘယ်သူတာဝန်ရှိတယ်ဆိုတာကို ကုလ သမဂ္ဂအနေနဲ့ အတည်ပြုနိုင်ဖို့ ကြိုးစားနေကြောင်းလည်း ဂျိမ်းစ် ရိုဒ်ဟေဗာ ပြောပါတယ်။
ဒီဖြစ်ရပ်ကို ကိုယ်တွေ့ကြုံခဲ့သူ တစ်ဦးက ဘူးသီးတောင်မြို့ကနေ ထွက်ပြေးလာစဉ်မှာ အလောင်းတွေ ဒါဇင်နဲ့ ချီပြီး တွေ့ခဲ့ရတယ်လို့ ပြောဆိုထားပြီး၊ နောက်တစ်ဦးကတော့ ဘူးသီးတောင်မြို့ကနေ ထွက် ပြေးလာစဉ်မှာ မောင်တောမြို့ကိုသွားတဲ့လမ်းမှာ AA အဖွဲ့တွေက လမ်းပိတ်ထားတာ ကြုံတွေ့ခဲ့တဲ့အကြောင်း ပြောထားတယ်လို့ UN ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘူးသီးတောင်မြို့ မီးလောင်ကျွမ်းမှုမတိုင်ခင် သီတင်းပတ်တွေမှာလည်း မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင်၊ စစ်တပ်နဲ့ AA တပ်ဖွဲ့ နှစ်ခုလုံးကနေ ရိုဟင်ဂျာ အရပ်သားတွေကို တိုက်ခိုက် ခဲ့တယ်ဆိုတာ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက ဂျိမ်းစ် ရိုဒ်ဟေဗာက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေအပြင် ပစ်ခတ်မှု၊ ခေါင်းဖြတ်သတ်မှု၊ နေအိမ်မီးရှို့မှု စတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ဘက်က တုံ့ပြန်ချက်ရဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။ မေ ၂၀ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မရှိကြောင်းနဲ့ လူမျိုးဘာသာမရွေး ကူညီကယ်ဆယ်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဘူးသီးတောင်မြို့က နေအိမ် မီးရှို့ဖျက်ဆီးမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်က စစ်သင်တန်းတွေပေးထားတဲ့ မွတ်ဆလင်တွေက ကျူးလွန်နေကြတာ ဖြစ်တယ်လို့လည်း AA က ထုတ်ပြန်ထားတာပါ။
ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်တန့်ပြီး ခွဲခြားဆက်ဆံမှုမရှိဘဲ အရပ်သားအားလုံးကို တန်းတူအကာအကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဆက်နွယ်သောသတင်းများ

- ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ အိမ်ခြေ ၂ဝဝ ကျော် မီးလောင်
- ရိုဟင်ဂျာ ငါးဆယ်ဝန်းကျင် အင်ဒိုနီးရှားရောက်
- ရိုဟင်ဂျာအရေး နိုင်ငံတကာ အရေးပေါ်ကူညီဖို့လိုကြောင်း အထူးကိုယ်စားလှယ်ပြော
- ရက္ခိုင့်တပ်တော် (AA) ကို ဖိအားပေးကြဖို့ နိုင်ငံတကာကို ရိုဟင်ဂျာအဖွဲ့တွေ တိုက်တွန်း
- ရခိုင်ပြည်နယ်အခြေအနေတွေကို စိုးရိမ်ကြောင်း အမေရိကန် ထုတ်ပြန်
Link : Here
No comments:
Post a Comment